unicode
ထိုညအဖြစ်အပျက်တွင်ပိုင်မင်းသာဟန် ကိုယ့်ကိုကိုယ် မှားသည်ဟုမယူဆနိုင်ပါ
သောနှင့်ပတ်သက်လာရင် ဘယ်သူ့ကိုမှသူသည်းမခံနိုင်ပါ
လက်မှဖန်ကွဲစရှရာက မနာပါ
ကြယ်ဘူးကွဲသွားပီး ကြယ် 18 ပွင့်ကျပျောက်သွားသည်ကသာ ရင်နာရသည်
ထိုအဖြစ်အပျက်အပီးပူပူနွေးနွေးတွင် သံသာညီနှင့်တွေ့ဖြစ်သောအခါ မိမိဘက်ကလည်း မပြုံးပြဖြစ်တော့သလို ကောင်လေးဘက်ကလည်း မိမိကိုအားနာနေဟန်ပေါ်သည်
တစ်ပတ်နှစ်ပတ်သာကြာပါသည်
သံသာညီက မိမိအပေါ် စတွေ့တုန်းကလိုသာ ပြန်ဆက်ဆံသည်
တွေ့ဖြစ်ရင် အတင်းမျက်လုံးမဆုံ ဆုံအောင်ကြည့်ကာ ပြုံးပြသည်
စကားလိုက်ပြောသည်
တစ်ဖက်လူဖြေချင်၏ မဖြေချင်၏ နားမလည်ဘဲ မေးခွန်းများ အတင်းမေးတတ်သေးသည်
မိမိဘဝတွင် ဤကဲ့သို စိတ်ရှုပ်စရာကောင်းသောလူအား မတွေ့ဘူးပေ
စစ်ပိုင်ပြောသလိုမျိုး ငယ်ငယ်က ရင်းနှီးခဲ့သည်ဆိုတာကိုလည်း မယုံချင်တော့
တစ်ဖက်လူ၏သဘောထားကို ထည့်မတွက်ဘဲ သူဖြစ်ချင်တာကိုသာ ဦးစားပေးသော လူမျိုးပေ
ထိုလူစားမျိုးကို လင်းပိုင် အလွန်မုန်းသည်
သံသာညီရဲ့ စိတ်သောကပေးခြင်း ဇာတ်တော်တွင် pre water festival မှ အဖြစ်အပျက်လဲ ပါဝင်သည်
သံသာ့အတွက်တော့ pre water festival သည် ပထမဆုံး uni life water festival ဖြစ်သည်
စိတ်လှုပ်ရှားသည်က တအား
သူငယ်ချင်းမလေးတစ်ယောက်အား လာလည်ရန် ဖိတ်ထားသေးသည်
အကို့ကို ရေပက်ချင်သည့်စိတ်ကလည်း အတိုင်းထက်အလွန်
ပိုင်မင်းသာဟန် လူရှုပ်သောနေရာကို မသွားချင်သော်လည်း စစ်ပိုင်အတင်းခေါ်၍သွားခဲ့မိသည်
စတုဒီသာမုန့်တန်းဘက် လျှောက်ကြည့်နေရင်း အသားဖြူဖြူ အညိုရောင်ဆံပင်ကောက်ကောက်ကလေးများနှင့်အလွန်ချစ်ဖို့ကောင်းသော ကောင်မလေးတစ်ယောက်အား လက်တွဲကာ ပျော်ရွင်မြူးထူးပီး မိမိတို့ဘက်ကိုလျှောက်လာနေသော သံသာညီကို တွေ့လိုက်ရသည်
![](https://img.wattpad.com/cover/285441022-288-k461999.jpg)
YOU ARE READING
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...