part 35

1.2K 58 0
                                    

Unicode

အရာအားလုံးက သံသာပြန်သွားခဲ့တဲ့ညကစတင်ခဲ့သည်

ဆေးရုံသို့ရောက်ပီး သံသာမရှိတော့ကြောင်းသိလိုက်ရသည်နှင့် ပိုင်မင်းသာဟန်ရဲ့အခြေအနေက ယိုင်လဲလုလုဖြစ်သွားသည်

တစ်ချိန်လုံးစောင့်နေသည့်ကြားက မိမိအိမ်ပြန်သွားသည့် ခနတာလေးမှာမှ ဤသို့ဖြစ်သွားရသည်

သူသတိရရင်ပြောပြဖို့ဆိုပီး စီထားတဲ့စကားတွေအကုန်လုံးကို ခုတော့ ဘယ်ဆီသွားလွင့်ပစ်ရမလဲ

တောင်းပန်ပါတယ် ဆိုတဲ့စကားတောင် မပြောလိုက်နိုင်ဘူး

အရာအားလုံးအတွက် နောင်တရရုံမှလွဲ၍ တခြားမရှိတော့

ရန်ကုန်လိုက်သွားမည်လုပ်တော့ စစ်ပိုင်က သံသာ့မာမီက အခြေအနေမကောင်းလို့ ခေါ်သွားတာ မဟုတ်ဘဲ တမင်တို့နဲ့မရှိစေချင်တာမို့ ခေါ်သွားတယ် ဆိုကာ တားထားပြန်သည်

အိမ်သို့မပြန်ချင်သေးသည်နှင့် စိတ်ပြေလက်ပျောက်လျောက်သွားခဲ့မိပီး ည 8 နာရီလောက်မှ အိမ်ပြန်ရောက်ဖြစ်ခဲ့သည်

သံသာပြန်သွားပီဆိုတော့ နွေးကလည်း ရန်ကုန်ပြင်ဖို့ အထုပ်အပိုးပြင်နေသည်

'' ပြန်တော့မှာလား နွေး ''

'' ဟုတ်အကို သံသာကလည်းမရှိတော့ဘူး အိမ်ကလည်း နွေးကို ပြန်လာဖို့ခေါ်နေပီ ''

'' ဘယ်လိုပြန်မှာလဲ နွေး ''

'' မနက်ကျရင် ကိုစစ်က ကားဂိတ်ကို လိုက်ပို့ပေးမှာ ''

'' ပြန်လိုက်မပို့နိုင်တာ တောင်းပန်ပါတယ် ''

'' မဟုတ်တာပဲ နွေး express နဲ့တစ်ယောက်တည်းပြန်နိုင်ပါတယ် ပီးတော့ နွေးလိမ်ခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ် ''

'' နွေးတို့နဲ့မဆိုင်ပါဘူး သံသာအခုလိုဖြစ်ရတာတကယ်တမ်းကျတော့ အကို့ကြောင့်ချည်းပါပဲ ''

''  အကို အဲ့လိုမတွေးနဲ့လေ အကိုလည်း ခံစားနေရတာပဲကို သံသာကလည်း အကို့ကြောင့်လို့ တွေးမှာမဟုတ်ဘူး ''

'' အကို သွားတော့မယ် ဂရုစိုက်ပီးပြန်နော် ''

နွေးရဲ့အခန်းထဲက ထွက်လာပီး အခန်းပြင်ရောက်တော့ မုန့်လာပို့တဲ့ ဒေါ်ကြီးအေးနဲ့ တွေ့သည်

သော ( completed)Où les histoires vivent. Découvrez maintenant