Unicode
သံသာ ကိုပိုင်မင်းသာဟန်ကို ပတ်ရှောင်ခဲ့တာ အတော်ကြာပါပီ
တိုက်ခန်းကိုလဲ လုံးဝမသွားတော့ပါ
သံသာ့ကို မမြင်ရရင် အကိုပိုစိတ်ချမ်းသာလိမ့်မယ်လို့လည်း ထင်သည်
အကိုနဲ့စေသောအကြောင်းကို မသိချင်သဖြင့် ယောင်လို့တောင် ဘယ်သူ့ကိုမှမမေးဖြစ်ခဲ့
သို့သော် သံသာ အကို့ကိုတော့ လွမ်းသည်
တစ်ခါတစ်လေ နေပူထဲလမ်းလျောက်နေတဲ့ အကို့ကိုတွေ့မိရင် ထီးလေးပြေးဆောင်ချင်မိသေးသည်
အထုပ်အပိုးတွေအများကြီးနဲ့အကို့ကိုတွေ့ရတိုင်းလဲ ကူသယ်ပေးချင်မိသေးသည်
ဘယ်သူ့ကိုချစ်ချင်တယ်လို့ ရွှေးချယ်မရတဲ့ ကျွန်တော်တို့နှလုံးသားက ကိုပိုင်မင်းသာဟန်ကိုမှ ရွေးပေးလိုက်တော့လည်း တိတ်တိတ်ကလေးဆက်ချစ်နေရုံအပြင် သံသာ ဘာတတ်နိုင်မှာလဲ
နာကျင်ရတယ်ဆိုရင်တောင် တစ်ချိန်ကြရင် အမှတ်တရတွေဖြစ်သွားမှာမို့ ချစ်ရသူနဲ့ပတ်သက်ရင်တော့ နာကျင်ခြင်းတွေကအစ ကျွန်တော်ချစ်သည်
အဖြူရောင်နှင်းဆီပန်းစည်းလေးကိုကိုင်ကာ ယောပုဆိုးအညိုရောင်လေးဝတ်ထားသော သံသာညီရဲ့ပုံရိပ်က အရမ်းအေးချမ်းနေသည်
နှစ်ဦးသားပြန်တွေ့ပီးနောက်ပိုင်း သံသာ့ကို အခုလို မြန်မာဝတ်စုံပြည့်ဖြင့် မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်
ထို့ကြောင့် ထက်အာကာ လက်ထဲမှာ အသင့်ပါလာသော camera လေးကိုထုတ်ကာ ဓာတ်ပုံရိုက်ထားမိသည်
အခုလိုမျိုး ဘုရားကိုမရောက်ဖြစ်တာ ဘယ်လောက်ကြာပီလဲ သံသာ မှတ်ပင်မမှတ်မိ
ခံစားနေရတဲ့အပူတွေကြောင့် ဘုရားရိပ်တရားရိပ်ကိုရောက်နေရခြင်းက ခါတိုင်းထက် ပိုအေးချမ်းနေသည်
ဘုရားပေါ်ကို ရောက်နေကြတဲ့သူတစ်ချို့ရဲ့ ဘုရားဝတ်ပြုသံတွေ လေအလွင့်မှာ တချွင်ချွင်ကြားနေရတဲ့ ဆည်းလည်းသံလေးတွေက ကြားရသူတိုင်းကို စိတ်ချမ်းသာစေသည်

YOU ARE READING
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...