part 3

2.2K 100 0
                                    

unicode

သံသာညီ

အချစ်ဆိုတာဘာလဲ

အချစ်ဆိုတာတကယ်ရောရှိ၏မရှိ၏ သံသာ သေချာမသိသော်လည်း ဒယ်ဒီနှင့်မာမီတို့ကား တစ်ဦးနှင့်တစ်ဦးအလွန်ချစ်ကြသည်ဟု သံသာ ထင်မိသည်

ဦးအောင်လတ်နှင့်ဒေါ်စံပယ်ဖြူတို့မှာ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြသော်လည်း ဒေါ်စံပယ်ဖြူ၏မိဘများမှာ မိမိတို့ချမ်းသာကြွယ်ဝသည်ကတစ်ကြောင်း ဦးအောင်လတ်မိသားစုသည် ငွေကြေးဂုဏ်ဓနအရ လူလတ်တန်းစားသာဖြစ်သည်ကတစ်ကြောင်း မိမိတို့သမီးအား တရုတ်လူမျိုးအချင်းချင်းသာပေးစားချင်သည်ကတစ်ကြောင်း ဦးအောင်လတ်မှာ သမီးဖြစ်သူထက် 6 နှစ်ခန့်အသက်ကြီးနေသည်ကတစ်ကြောင်း အကြောင်းအမျိုးမျိုးပြကာ သဘောမတူခဲ့ပေ

ဒေါ်စံပယ်ဖြူမှာ မိသားစုနှင့်ချစ်ရသူကြား အမျိုးမျိုးဖျောင်းဖျခဲ့သော်လည်း မပြေလည်နိုင်တော့သည့်အဆုံး ဦးအောင်လတ် ပထမဆုံးထားဝယ်မြို့သို့ တာဝန်ကျချိန်တွင် ချစ်ရသူနှင့်ခွဲခွာရမည့်ဒဏ် ချစ်သူအဝေးရောက်ချိန်တွင် မိမိအား မိဘများက သူတို့သဘောတူသူနှင့် အတင်းအကျပ်ပေးစားမည့်ရန်တို့ကို ပြေးမြင်ကာ အချစ်ကို ယုံကိုး၍ ဦးအောင်လတ်နှင့်ထားဝယ်သို့ လိုက်ပါသွားကာထားဝယ်မြို့သို့ရောက်ရောက်ချင်း လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးပီး နှစ်ဘဝပေါင်းစပ်ခဲ့ကြလေသည်

ဒေါ်စံပယ်ဖြူ၏မိခင်မှာ သမီးအား မိုက်တွင်းနက်လေခြင်းဟုစိတ်နာကာ အမွေပြတ်စွန့်လွတ်ခဲ့လေသည်

နှစ်နှစ်အကြာမှာတော့ သားဦးလေးမွေးဖွားခဲ့သည် အသက်တစ်နှစ်အရွယ် သားဦးလေး အသားရောင်အသားဝါရောဂါဖြင့် ဆေးရုံတက်နေရချိန်တွင် မိခင်ဖြစ်သူ၏မိတ်ဆွေတစ်ယောက်နှင့် မတော်တဆတွေ့မိခဲ့ရာမှ ဒေါ်စံပယ်ဖြူ၏မိခင်မှာ မြေးဖစ်သူထံ အပြေးရောက်လာခဲ့သည်

သမီးအားစိတ်နာသော်လည်း မြေးကမူ မိမိရဲ့သွေးသားရင်းပေ

ထို့ပြင် ရောဂါကြောင့်နွမ်းလျနေချိန်တွင်ပင် ချစ်ဖို့ကောင်းလွန်းနေသည့်ကလေးငယ်လေး

သော ( completed)حيث تعيش القصص. اكتشف الآن