part 29

1.1K 66 0
                                    

Unicode

ph မှားသွားတာကို လမ်းရောက်မှသိ၍ ပိုင်မင်းသာဟန် စေသောဆီ ပြန်လှည့်လိုက်ရသည်

စေသောတိုက်ခန်းကိုရောက်တော့ စေသောက
တိုက်ခန်းအောက်မှာ အသင့်စောင့်နေသည်

သံသာညီဆီက ph လာသည့်အကြောင်းကို ဘာမှမပြောခဲ့သော စေသောကြောင့် ပိုင်မင်းသာဟန် သံသာ ph ဆက်ခဲ့မှန်းပင်မသိ

အပြင်က ပြန်လာလာချင်း laptop ကိုထုတ်ကာ ဘာတွေ အလုပ်ရှုပ်နေမှန်းမသိသော သူငယ်ချင်းကြောင့် ဘုန်းခန့် ရာစုနဲ့ အယ်လင်းတို့မှာ အုပ်စုလိုက်ရင်ပူနေရသည်

သံသာ အခုလို ဘာမှ မေးမရတော့ဘဲ သူလုပ်ချင်တာလုပ်နေရင် သူ့အခြေအနေမဟန်တော့မှန်း ကြုံဖူး၍ သိနေပီ

တစ်ဦးတည်းသောသား လေးယောက်စုနေသော မိမိတို့အုပ်စုတွင် သံသာက ကလေးစိတ်အဆန်ဆုံးဖြစ်ကြောင်းလဲ သိထားကြသည်မို့ အရိပ်တကြည့်ကြည့်လုပ်နေရသည်

မိမိတို့မေးလည်း ဖြေမည်မဟုတ်၍ အယ်လင်း ကို့ဘာကိုသာ အဖြေရှာရန် ကြိုးစားတော့သည်

screen ပေါ်က လူနှစ်ယောက်ပုံနဲ့ မျက်တောင်မခတ်ကြည့်ကာ editing လုပ်နေသော သံသာကို့ကြည့်ပီး အယ်လင်း အကျိုးအကြောင်းနားလည်လိုက်ပါပီ

သံသာ ဘယ်လိုစိတ်နဲ့ ဒီပုံတွေကို ရိုက်လာပီး ဘယ်လိုစိတ်နဲ့ editing လုပ်နေမလဲ အယ်လင်း နားလည်သည်

ထို့ကြောင့် သံသာ့ပုခုံးလေးကို ပုတ်ပေးကာ

'' ငါကိုက မှားတာ မင်းကို သူနဲ့မတိုက်တွန်းခဲ့ဘဲ အချိန်နည်းနည်းစောင့်ပီး ကိုကြီးအာကာလာခါမှ ထည့်ပေးလိုက်ရမှာ ''

'' ကိုကြီးကို အဲ့လိုမပြောပါနဲ့ ငါမကြိုက်ဘူး ''

'' မင်းမကြိုက်ပေမဲ့ ငါကြိုက်တယ် မင်းသာ သူနဲ့ဆိုရင် ငါတို့မုန့်အမြဲစားနေရမှာ ''

ရာစု အယ်လင်းစကားကို မကြားချင်တော့၍ ဝင်ဖြတ်ပြောလိုက်သည်

'' မင်းကတော့ ဘောပဲ သိလား သူများအခုလိုဖြစ်နေချိန်မှာတောင် ငတ်နေတုန်းလား ဘယ်လိုဟာလဲ ''

'' မင်းက ငါ့ကို ဘာလို့ဆဲရတာလဲ သူများစိတ်ပြေလက်ပျောက်ဖြစ်သွားမလားလို့ ငါကပြောပေးနေတာ  သူအခုလို ခနခန ခံစားနေရတာ မင်းရဲ့ဝမ်းကွဲအကိုကြောင့်ပဲလေ ''

သော ( completed)Donde viven las historias. Descúbrelo ahora