part 9

1.4K 73 0
                                    

unicode

ပိုင်မင်းသာဟန် မနက်အိပ်ယာနိုးလာတော့ မျက်နှာကအတော်ကို ဖူးယောင်နေသည်

ဒီလိုပုံနဲ့တော့ ကျောင်းသွားလို့လည်းမဖြစ်တော့

သွားလည်းမသွားချင်ပေ

မျက်နှာအရှင်းပြန်ကောင်သွားရန်စောင့်ရင်း တစ်ပတ်လောက်တော့ကြာခဲ့သည်

ထိုရက်အတွင်း ကျောင်းသာမက အဆောင်အပြင်ပါမထွက်ဖြစ်ခဲ့

ဘာဖြစ်တာလဲဆိုတဲ့ မေးခွန်းတွေကို ပိုင်မင်းသာဟန် ဖြေဖို့စိတ်မပါခဲ့

ထို့ကြောင့် အဆောင်မှာသာ နေဖြစ်ခဲ့သည်

ထိုတစ်ပတ်ကြာပီးနောက် private study နဲ့ exam စတင်ခဲ့ရာ ထိုရက်ပိုင်းအတွင်း သံသာညီကိုမတွေ့ဖြစ်တော့ပါ

မိမိအားလူမှား၍ သံသာထိုးလိုက်ခြင်းအပေါ် ဘယ်လိုမှသဘောမထားကြောင်း လမ်းကြုံရင်ပြောပြချင်သော်လည်း လမ်းမကြုံဖြစ်ခဲ့ပါ

ထိုကောင်လေးအား ထိုအကြောင်းပြောဖို့ တကူးတကတော့ လိုက်မရှာဖြစ်ခဲ့ပေ

ထိုညက အလျင်စလိုထွက်သွားသော မိမိရဲ့နောက်ကျောကို စိတ်မကောင်းခြင်းအပြည့်ဖြင့်ရပ်ကြည့်နေခဲ့သော ကောင်လေးအကြောင်းပြန်တွေးမိရင် ပိုင်မင်းသာဟန် နောင်တနည်းနည်းတော့ရမိသည်

တကယ်ဆို မိမိချက်ချင်းထပြန်မလာခဲ့သင့်ပေ

ဘယ်လိုမှသဘောမထားကြောင်းအဆင်ပြေကြောင်းစကားအနည်းငယ်တော့ ပြောခဲ့သင့်သည်

ဤအတောအတွင်းလည်းလုံးဝမတွေ့ဖြစ်ခဲ့ စာမေးပွဲပီးသောအခါတွင်လည်း မိမိပြည်ပြန်သလို သူလည်းသူနေရာပြန်သွားလောက်ချေပီ

အချိန်တွေကြာသွားတော့လဲ အဆင်ပြေသွားမှာဟုတွေးရင်း ပိုင်မင်းသာဟန် စိတ်လျော့လိုက်သည်

သံသာ အကိုကို့တွေ့ရမှာအားနာသည်

အကိုကကူညီရန်ကြိုးစားခြင်းကို သံသာဘက်မှ ဒဏ်ရာများပေးဖြစ်ခဲ့သည်

အားနာ၍မဆုံးခဲ့

မကြာမီကျောင်းပိတ်တော့မည်ဖြစ်သဖြင့် မကျန်တော့တဲ့ကျောင်းတက်ရက်တွေအတွင်း အကိုနှင့်မတွေ့မိစေရန် ပတ်ရှောင်ခဲ့သည်

သော ( completed)Onde histórias criam vida. Descubra agora