part 17

1.2K 63 0
                                    

Unicode

အဲ့နေ့က နွေးကို သေချာနှုတ်ဆက်ဖြစ်လိုက်ရဲ့လားတောင် သံသာမမှတ်မိခဲ့

အဆောင်ရောက်ရောက်ချင်း သံသာ တန်းအိပ်ပစ်လိုက်သည်

အိပ်နေရင် အနည်းဆုံးတော့ ဘာမှမတွေးဖြစ်တော့ဘူး

ပီးတော့ နိုးလာရင် အရာအားလုံးကိုမေ့သွားမယ်

ဒါတွေ အားလုံးက အိမ်မက်ပဲ နိုးလာရင် ပီးသွားလိမ့်မယ် ဆိုတဲ့ အတွေးနဲ့ သံသာ အိပ်ပစ်လိုက်သည်

ညနေငါးနာရီလောက်ထဲက အိပ်လိုက်တာ မနက်ကိုးနာရီထိုးမှ နိုးလာသည်

အချိန်အကြာကြီး အိပ်လာတာကြောင့် နိုးနိုးချင်း ခေါင်းကကိုက်လာသည်

အဆမတန်ကိုက်နေသောခေါင်းကြောင့် သံသာ ဒီနေ့တော့ ကျောင်းမသွားချင်တော့

ဆေးသောက်ကာ ပြန်လှဲနေလိုက်သည်

ညနေပိုင်း ဘုန်းခန့် တို့ပြန်လာချိန်တွင် အတော်နေလို့ထိုင်လို့ကောင်းကာ ခေါင်းကြည်နေပီ

ထိုအချိန်မှာပဲ အယ်လင်းက အဝတ်အစားတောင်မလဲရသေးဘဲ အခန်းထဲရောက်လာသည်

အယ်လင်းက မိမိကုတင်ပေါ်တက်လာတော့ သံသာအိပ်နေရာမှ ထပြီး အယ်လင်းကို နေရာဖယ်ပေးလိုက်သည်

အယ်လင်းကိုကြည့်ရတာ တစ်ခုခုပြောချင်နေမှန်း သိပ်သိသာသည်

အယ်လင်းက ချက်ချင်းမပြောသေးတော့ သံသာ ရင်ပူလာသည်

'' သံသာ ငါမင်းကို ပြစရာရှိတယ် ''

'' ဒီနေ့ အမစောမြင့်မြတ်ဟန်ရဲ့မွေးနေ့ ဆိုတာကို သိလား ''

'' မင်းက ဘယ်လိုသိတာလဲ ''

'' noti တက်လာလို့လေ ''

'' ငါ ဒီနေ့ ခေါင်းကိုက်နေတာနဲ့ ph မကိုင်ဖြစ်သေးတာ အခုထိပဲ ဒါနဲ့ မမစောမွေးနေ့က ဘာဖြစ်လို့လဲ ''

'' သူ့မွေးနေ့ကတော့ မင်းနဲ့မဆိုင်ပါဘူး ဒါပေမယ့် မင်းသိသင့်တယ်ထင်လို့ ''

အယ်လင်းက အမစောမြင့်မြတ်ဟန်ရဲ့ wall ထဲကို ဝင်လိုက်သည်

ဒီနေ့က မွေးနေ့မို့ birthday post တွေကလည်း မနည်းမနော

သော ( completed)Where stories live. Discover now