part 6

1.7K 89 0
                                    

unicode

အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်ဆိုသည့်စကားသည် သိပ်မှန်သည်

ဖန်ခွက်လေးအားခုံပေါ်မထိတထိတင်ပီး ပြုတ်ကျသွားသောအခါမှ ငါသေချာတင်ထားခဲ့ရင်ဆိုတဲ့နောင်တရကာ စိတ်ဆင်းရဲရသလို သံသာတစ်ယောက် ငါသာမသွားခဲ့ရင်ငါသာ အငြိမ်နေခဲ့မယ်ဆိုရင်ဆိုသော အတွေးများဖြင့် တစ်ညလုံးအိပ်မပျော်ခဲ့ပါ

ဘဝတွင် ဒုတိယအကြိမ်နောင်တရမိခဲ့​ခြင်း ပင်ဖြစ်သည်

E-block ကနေ D-block ကိုဆက်ထားသော လျှောက်လမ်းကို ဖြတ်လျှောက်နေစဥ်အတွင်းသံသာအလွန်စိတ်လှုပ်ရှားမိသည်

ကျောင်းအုပ်ကြီးရုံးခန်းကဆင့်ခေါ်စာရောက်လာ၍သွားရသော ကျောင်းသားလို မိမိအလွန်ကြောက်သော ဆရာထံသို့ viva သွားဖြေရမည့်ကျောင်းသားလို စိတ်လှုပ်ရှားခဲ့သည်

သွားချင်တုန်းကတော့လည်း မိမိပင် ကြောက်နေပြန်တော့လည်းမိမိပင် စိတ်လှုပ်ရှားလွန်း၍ အခန်းနံပါတ်ပင်မှားသည်

ရာစုသတိပေး၍သာ မှားမှန်းသိခဲ့သည်

အခန်းရှေ့ရောက်သောအခါ ရေချိုးပီးခါစ ခေါင်းသုတ်နေသော အကိုလင်းပိုင်က လှည့်ကြည့်သည်

game ဆော့နေသော အကိုစစ်ပိုင် ကမမြင်သလို earphone တပ်ထားသောကြောင့် ကြားလည်းမကြား

ဘာလဲဆိုသောမျက်လုံးဖြင့် ပိုင်မင်းသာဟန်က အခန်းရှေ့ရှိ ကလေးသုံးယောက်အားစိုက်ကြည့်လိုက်သည်

စိုက်ကြည့်နေသောသူအား သံသာကြည့်ကာ ကြောင်၍ ပါးစပ်မှဘာစကားမှ ထွက်မလာခဲ့

'' ဘာလုပ်နေကြတာလဲ မင်းတို့တွေ ''

နောက်ဆုံးတော့ ပိုင်မင်းသာဟန်မှ စကားစပြောခဲ့သည်

ကြောင်၍ရပ်နေသော သံသာကြောင့် ရာစုက ကြားက ဝင်ဖြေပေးလိုက်ရသည်

'' အကိုစစ်ပိုင်က ပျင်းရင်လာလည်ဆိုလို့ ''

'' လာလေ အထဲဝင်ကြ ''

ကလေးများအားလမ်းဖယ်ပေးရင်း game ဆော့နေသော စစ်ပိုင်ရဲ့ earphone အားဆွဲဖြုတ်ကာ

'' မင်းခေါ်ထားလို့ ကလေးတွေလာတာကို game ဆော့မနေနဲ့လေ ''

'' ဟမ် '' အာမေဋိတ်နှင့်အတူ စစ်ပိုင် လှည့်ကြည့်ကာမှ သံသာတို့ကို တွေ့သည်

သော ( completed)Donde viven las historias. Descúbrelo ahora