part 12

1.2K 62 0
                                    

unicode

တစ်ချိန်က သံသာသိဖူးခဲ့တဲ့အကိုက ဂစ်တာမတီးတတ်ပါ

သံသာ သေချာသိသည်

ယခုသံသာ့ရဲ့အရှေ့မှာတော့ အကို့ရဲ့လက်သွယ်သွယ်လေးတွေဟာ ဂစ်တာကြိုးပေါ်မှာ ဖြည်းညင်းညင်သာစွာ လှုပ်ရှားပြေးလွှားနေသည်

ဘေးဘေးဘီဘီကိုမကြည့်ဘဲ ဂစ်တာကိုသာ အာရုံစိုက်ပီး ငုံ့တီးနေသော အကို့မျက်နှာက တည်ကြည်လွန်းသည်

မတိုမရှည်ဖြင့် gel မပါသော အကို့ဆံပင်လေးများက အကို့မျက်နှာပေါ်ဝဲကာကျနေသည်

အဖြူရောင် shirt လက်ရှည်နဲ့ ရှားရောင်ချည်ဘောင်းဘီကိုဝတ်ထားသော အကိုသည် လူအုပ်ကြားထဲမှာပေါ်လွင်နေသည်

သံသာ့အတွက်တော့ မီးရောင်အောက်က ဒီမြင်ကွင်းလေးဟာ အနုပညာမြောက်လွန်းသည်

ပီးပြည့်စုံတာထက်ကို ပိုသေးသည်

'' တစ်နေကုန်ထိုင်ပီး တစိမ့်စိမ့်ကြည့် '' သီချင်းကို ကြားဖူးတုန်းက သံသာ ဘယ်လိုကြီးလဲ တွေးမိသည်

အခုတော့ အကို့ကို တစ်နေကုန်ထိုင်ပီး တစ်စိမ့်စိမ့်ကြည့်ချင်သည်

ဒီလိုမြင်ကွင်းမျိုးမြင်ရဖို့အတွက်ဆို ဘယ်လိုအရာနဲ့ပဲဖြစ်ဖြစ် အလဲအလှယ်လုပ်မိမှာ သေချာသည်

အတွေးပေါင်းများစွာဖြင့်ကောင်းကောင်းကြီး လွင့်မျောနေသော သံသာ့အား '' လူပိုစုဖို့အတွက် ရှေ့တိုးရအောင် '' ဆိုတဲ့အသံက လက်ရှိလောကသို့ ပြန်လည်ခေါ်ဆောင်လာသည်

'' ဘာဖြစ်တာလဲ '' ဆိုတဲ့အမေးကို အယ်လင်းက ရှေ့တိုးခိုင်တာလို့ ရှင်းမပြဘဲ လူကိုအတင်းရှေ့သို့သာ ဆွဲခေါ်သည်

အသံပိုစည်းလုံးသွားစေရန် အရှေ့သို့တိုးလာခိုင်းသော တီချယ့်စကားကြောင့် မိန်းကလေးတစ်ချို့မှာ ယောက်ျားလေးအုပ်စုကြီးနှင့် ပိုနီးလာမည်ဖြစ်ရာ ရှက်ပီး ရှေ့တိုးလာရန်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်

ထိုအခါ တီချယ်က
'' လာပါ သမီးတို့ရယ် အားလုံးက ညီအကိုမောင်နှမတွေပဲလေ '' ဟု အားပေးခေါ်ယူသည်

သော ( completed)Tempat cerita menjadi hidup. Temukan sekarang