part 14

1.1K 57 1
                                    

unicode

မနက်စောစောထ၍ အဆောင်မှ ခဝဲခြံစျေးသို့လျှောက်လှမ်းနေသော သံသာ့ခြေလှမ်းတို့က တက်ကြွနေပါသည်

သံသာ မကြာမီ အသက် 19 နှစ်ပြည့်တော့မည်

ပီးတော့ ဒီနေ့သည် သံသာ အကို့ကိုတစ်ဖက်သတ်ချစ်လာခဲ့တာ တစ်နှစ်ပြည့်သည့်နေ့ဖြစ်သည်

အမှတ်တရအဖြစ် အကို့ကို ပန်းတစ်စည်းလောက်ပေးချင်သည်

order မှာပီး ပို့ပေးလို့ရတာသံသာ သိသည်

ဒါပေမယ့် မိမိကိုယ်တိုင်ဝယ်ကာ မိမိကိုယ်တိုင် စည်းပေးသော ပန်းစည်းပေးချင်တာကြောင့် ပန်းဝယ်ရန် စျေးသို့လာခဲ့သည်

ရက်စွဲတို့ကြောင့်သာ တစ်နှစ်ပြည့်ခဲ့သော်လည်း သံသာ့အတွက် အရာရာဟာ မနေ့တစ်နေ့ကလိုပင်

သို့သော် တစ်နှစ်အတွင်း သံသာအရိပ်တကြည့်ကြည့် ကြည့်နေခဲ့သောအကိုက အမျိုးမျိုးပြောင်းလဲသွားခဲ့တာကို မြင်ခဲ့ရသည်

ပီးခဲ့တဲ့နှစ် အတာရက်အတွင်း အကိုတို့အိမ်တွင် အလှူလုပ်သည်

မိသားစုထဲရှိ အမျိုးသားများအကုန် ဘုန်းကြီးဝတ်ခဲ့ကြသည်

ထို့ကြောင့် ကျောင်းပြန်ဖွင့်၍ အကိုပြန်လာတော့ ကတုံးဆံပင်ပေါက်ဖြစ်နေသည်

ပြောင်းလဲသွားသော ကတုံးဆံပင်ပေါက်နောက်တွင် jean jacket တွေအမြဲဝတ်လာတတ်သည်

အကို့ကိုတွေ့လိုက်ရရင် ခပ်ရဲရဲနှုတ်ခမ်းတွေကြားမှာ အမြဲစီးကရက်တစ်လိပ်နှင့်အတူ

လူကိုတွေ့ရင် မျက်တောင်ရှည်ရှည်မျက်ဝန်းတွေကို လှန်ကာ အေးစက်စက်ကြည့်တတ်ပုံက ဂန်းကတားပေါက်စလေးနှင့်ပင်တူသည်

သူငယ်ချင်းတွေအကုန်လုံး အကို့အနားကဖြတ်သွားရင်တောင် ကြောက်စရာကြီး လို့ပြောခဲ့ကြသည်

သံသာ့အတွက်တော့ အကို့လက်ထဲက စီးကရက်ကလွဲရင် ကျန်တာအကုန်ကြည့်ကောင်းခဲ့သည်

သံသာ ကိုယ်တောင်လည်း စီးကရက်မကြိုက်သလို အနားကလူသောက်ရင်လည်း အနံ့မခံနိုင်ပါ

သော ( completed)Onde histórias criam vida. Descubra agora