Unicode
'' Party Time ''
ခေါင်မိုးထပ်ဆီမှာ ဘယ်အချိန်တည်းကမသိ ပြင်ဆင်ထားတဲ့ အကင်စက်နဲ့ အသားတွေ cocktail တွေ မီးသီးတွေ
ကိုယ်ရင်တလှပ်လှပ်နဲ့ အခန်းထဲအောင်းနေချိန် သူတို့က ဒါတွေလုပ်ထားတယ်ပေါ့
'' ငါ စီစဥ်ထားတာလေ '' ဟု နွေးက ပြောတော့ မျက်ရည်တောင်လည်ချင်သည်
အားလုံး စားသောက်နေကြတဲ့အချိန် cocktail တစ်ခွက် ကိုင်ကာ လက်ရန်းမှာမှီနေတဲ့ သံသာ့အနား နွေးရောက်လာသည်
'' မနက်က စလိုက်တာကို စိတ်ဆိုးနေသေးလား သံသာ ''
'' စိတ်ဆိုးတာမဟုတ်ဘူးနွေးရဲ့ စိတ်ထိခိုက်တာ နင့်ကိုရော အကို့ကိုရော အရာအားလုံးကိုရော ဆုံးရှုံးရတော့မယ် ဆိုတဲ့အတွေးနဲ့ ''
'' ဘယ်အချိန်ကတည်းကလဲ ငါတို့ကို အဲ့လိုမျိုးထင်နေတာလေ ''
'' မစောမြင့်မြတ်ဟန်မွေးနေ့က နင့် post ကိုမြင်ပီးကတည်းကလေ ''
'' aww ငါမပြောဖြစ်လိုက်တာနေမယ် မမစောက ငါ့ရဲ့ guide ဆရာမလေ 8 တန်းလောက်တည်းကပဲ ငါလဲ အကိုနဲ့အမက မောင်နှမတွေမှန်း တလောကမှ သိတာ ''
'' ကျန်သေးတယ် thangyan တုန်းက ငါရိုက်ပေးတဲ့ပုံကရော ''
'' ပုံကို သေချာကြည့်ကြည့်တော့ ငါ့နေကာမျက်မှန်ပေါ်မှာ ကိုစစ်ပုံပါနေတယ်လေ နင်က ဘယ်သူ့ကိုမြင်လို့လဲ ''
သံသာ ထိုအချိန်က စိတ်လောကာ မမြင်နိုင်ခဲ့တာနေမှာပါ
'' မဟုတ်ပါဘူး ဘယ်သူ့ကိုမှ မတွေ့ပါဘူး ''
'' နင် စိတ်ထင်နေရင်လည်း ငါ့ကိုမေးလိုက်ပေါ့ ''
'' နင် မသိဘူး နွေးရဲ့ နင်နဲ့အကိုသာ တကယ်တွဲနေပီး ငါကလဲအကို့ကိုကြိုက်နေမှန်း နင်သိသွားရင် ငါတို့အရင်လို ပတ်သက်လို့ရမှာ မဟုတ်တော့ဘူး ''
'' အဲ့လိုတွေးလိုက်ရင် ဘာကိုမှ ဆက်မလုပ်နိုင်တော့တာ ''
'' ဒါနဲ့ မနက်က ဘယ်သူ့အကြံအစည်လဲ ''
သံသာ့အမေးကို နွေးက ပြန်မဖြေဘဲ ရီလို့သာနေသည်
''မနက်က ကိုလင်းပိုင်က ငါနဲ့ကိုစစ်ကို နင့်ကိုရှင်းပြဖို့ လှမ်းခေါ်လိုက်တာ ''
![](https://img.wattpad.com/cover/285441022-288-k461999.jpg)
YOU ARE READING
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...