မြတ်နိုးရပါသော

933 40 0
                                    

Unicode

xxxxဒီနေ့က ဒီစာအုပ်လေးကို စပီးရေးတဲ့နေ့

ပီးတော့ september လ 1 ရက်နေ့

ဒီစာအုပ်လေးထဲမှာရေးမှာက သောဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်း

တိတိကျကျပြောရရင် ကျွန်တော် သိပ်ကိုမြတ်နိုးရတဲ့ကောင်လေးအကြောင်း

ကျွန်တော် တိတ်တခိုးချစ်ရတဲ့ကောင်လေးအကြောင်း

ကျွန်တော်နဲ့သောက ဒီနှစ်နွေရာသီကျောင်းပိတ်ရက်ကမှ စပီးသိခဲ့ကြတယ်

သောက ရန်ကုန်ကနေ ကျွန်တော်တို့မြို့ကို ပြောင်းလာခဲ့တာ

ပထမဆုံးတွေ့တဲ့နေ့တုန်းက သီချင်းတွေဖွင့်ပီး သူ့အခန်းလေးထဲမှာ ကနေခဲ့တဲ့သောက ကျွန်တော်ကို မြင်တော့ ရှက်ကာ အသည်းအသန်ပုန်းနေခဲ့တယ်

ဒုတိယနေ့ရောက်တော့ ကျွန်တော်နဲ့သော လက်ပံပင်ကြီးအောက်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ပံပွင့်တွေပေါက်ရင်းနဲ့ စသိခဲ့ကြတယ်

ထိုနေ့ကစပီး သောက ကျွန်တော့်ရဲ့ ရင်ဖွင့်ဖော်ဖြစ်လာခဲ့တယ်

ကလေးတွေကို ဂရုမစိုက်တတ်ဘဲ စီးပွားရေးပဲ သဲကြီးမဲကြီးလုပ်နေတဲ့ အဖေနဲ့အမေအကြောင်း

သီးသန့်နေတတ်ကာ သူ့အနားသွားတိုင်းမောင်းထုတ်တတ်တဲ့ ကိုကိုကြီးအကြောင်း

အမြဲတမ်း ရုပ်တည်ကြီးနဲ့ စာပဲလုပ်နေတတ်တဲ့ မမစောအကြောင်း

ဆွေမျိုးတကာမကောင်းကြောင်း သောကို အမြဲရင်ဖွင့်ဖြစ်တယ်

ကျွန်တော်က တော်ရုံဆို စကားတွေအများကြီးလည်း မပြောတတ်

ကျွန်တော့်အကြောင်းတွေလဲ ထုတ်မပြောတတ်သူပေမယ့် သောကိုတော့ ဘယ်လိုယုံကြည်မှုကြောင်းမှန်းမသိ ဖွင့်ပြောဖြစ်ခဲ့သည်

သောက စာအုပ်တွေကို ချစ်တယ်

သဘာဝတရားကိုလည်း ချစ်တယ်

သောတို့အိမ်နောက်က ခရေပင်အုပ်လေးအောက်မှာ နေ့တိုင်းကျွန်တော်တို့ စကားပြောကြတယ် စာဖတ်ကြတယ်

သောနဲ့နေရရင် ကျွန်တော် လွတ်လပ်သလိုခံစားရတယ်

သိမ်ငယ်တတ်တာတွေ ရှက်တာတွေ ဟန်ဆောင်တာတွေက သောရှေ့ရောက်ရင် ပျောက်ကွယ်သွားတတ်တယ်

သော ( completed)Où les histoires vivent. Découvrez maintenant