part 36

1.3K 57 0
                                    

Unicode

သံသာပျောက်သွားတော့ အန်တီဖြူက တအားကိုစိတ်ပူနေသည်

လင်းပိုင် စစ်ပိုင်နဲ့ နွေးတို့ အနီးအနားကို သေချာလိုက်ရှာခဲ့ကြပေမယ့် ဘယ်နားမှာမှ မတွေ့

အချက်အလက်တွေကို ပြန်စုစည်းလိုက်တော့ လင်းပိုင်တို့မရောက်ခင်က အိမ်ကို ထက်အာကာက အလည်လာခဲ့သည်

နွေးတို့အိမ်ဘက်က cctv မှတ်တမ်းမှာလည်း သံသာတို့အိမ်က ထွက်သွားသည့်ကားတစ်စီးသာရှိသည်

ထိုကားကလည်း ထက်အာကာရဲ့ကား

ထိုကားထဲမှာ သံသာပါသွားဖို့ ဖြစ်နိုင်ခြေများသည်

ထက်အာကာကို ph ခေါ်တော့လည်း ph က စက်ပိတ်ထားသည်

ဘာမှအသိမပေးဘဲ ထွက်သွားရအောင်လည်း သံသာက ထိုလို မလုပ်တတ်

ဟိုနား ဒီနားသွားသည်လား စောင့်ကြည့်ခဲ့သော်လည်း ညနေစောင်းသည်အထိပေါ်မလာ

ဒီလောက်ဆိုရင် သံသာ့ကို ကိုယ်တိုင်လိုက်ရှာမှဖြစ်တော့မယ်

ကို့စိတ်အတိုင်းသာဆိုရင်တော့ ညတွင်းချင်းပင် လိုက်ရှာချင်မိသည်

အားလုံးလည်း ရှိနေတာပဲ အားလုံးအတူမနက်ကျမှ ရှာရအောင်ပါဆိုပီး ဝိုင်းတားထားကျလို့ ပိုင်မင်းသာဟန် ငြိမ်နေရသည်

သံသာပျောက်သွားတာမှန်ပေမယ့် ထက်အာကာနဲ့ပါသွားတယ်ဆိုရင်တော့ ဘာမှမဖြစ်နိုင်လောက်ပါဘူးလို့ နွေးတို့ကတော့ တွေးခဲ့ကြသည်

ပိုင်မင်းသာဟန်ရဲ့ရင်ထဲမှာ အတော်ဗလောင်ဆူနေပီ

အိပ်လို့လည်းမရ

မနက်ဆိုသော အချိန်ကို ရောက်ချင်လှပီ

ရန်ကုန်ကစထွက်လာကတည်းက ကိုကြီးအာကာမောင်းပေးတဲ့ကားပေါ်မှာ သံသာ ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းမသိခဲ့

သံသာနိုးလာခဲ့ချိန်မှာ အဝေးပြေးလမ်းမကြီးပေါ်မှာ သံသာတို့ကားကလေးက ပြေးလွှားနေသည်

သံသာတို့က ပြည်ကို သွားနေတာမှ မဟုတ်ဘဲ

ဒါက ဘယ်ကိုများသွားနေတာလဲ

သော ( completed)Donde viven las historias. Descúbrelo ahora