part 26

1.1K 62 1
                                    

Unicode

ချစ်တယ်ဆိုတဲ့လူနှစ်ယောက်ရဲ့ကြားမှာပဲ တစ်ယောက်ကို တစ်ယောက်ချစ်ကြပုံခြင်း ကွဲပြားကြတယ်

ပြောရရင်တော့ ချစ်ပေးတဲ့လူနဲ့ အချစ်ခံရတဲ့လူပေါ့

ချစ်ပေးတဲ့လူနဲ့ အချစ်ခံရတဲ့လူဆိုတာ မတူကြပါဘူး

လူအများစုက အချစ်ပေးတဲ့သူနေရာမှာကောင်းကောင်းကြီးနေနိုင်ကြပေမယ့် အချစ်ခံရတဲ့လူနေရာမှာ ကောင်းကောင်းနေနိုင်ကြတဲ့လူကတော့ ရှားသည်

အချစ်ပေးတဲ့လူဟာ သူချစ်တဲ့လူအတွက် သူလုပ်ပေးချင်တာတွေ လုပ်ပေးနေရရင် ချစ်ချင်သလိုချစ်ပေးနေရရင် ဂရုစိုက်ပေးနေရရင်ကို ပျော်ရွှင်တဲ့လူသားတွေ ဖြစ်နေတတ်ကြသည်

ကြိုက်တယ် ချစ်တယ် ရည်းစားစကားပြောကြတယ် ရည်းစားစာပေးကြတယ် ပန်းတွေလိုက်ပေးတယ် စာပို့တယ်

ချစ်တဲ့လူနောက်ကို တကောက်ကောက်လိုက်မယ် ခိုးကြည့််မယ်

ကိုပေးချင်တာလေးတွေကို နည်းမျိုးစုံနဲ့ပို့မယ်

ဒီလိုအရာတွေလုပ်နေချိန်မှာ ဖြစ်ပေါ်လာမယ့်ခံစားချက်က ရင်ခုန်ခြင်း စိတ်လှုပ်ရှားခြင်းနှင့် ပျော်ရွင်ခြင်းတို့သာ ဖြစ်လိမ့်မည်

ကိုချစ်ရတဲ့သူက ပြန်မချစ်ခဲ့ရင်တောင်မှ အသည်းကွဲခြင်းအပြင်တော့ အခြားခံစားရမည်မဟုတ်

အသည်းကွဲခြင်းက တကယ်တမ်းချစ်တဲ့လူတွေအတွက်တော့ ရင်ထဲမှာနင့်နေအောင် ခံစားရပီးတော့ ကုစားတတ်မယ်ဆိုရင်တော့ ပျောက်လွယ်တဲ့ရောဂါမျိုးပါ

အချစ်ခံရသူတွေကတော့ စိတ်ရောဂါသည်လိုပါပဲ

မြန်မာလူမျိုးတွေရဲ့ အလေ့အထမှာ relationship တစ်ခုကို ချစ်တယ်ဆိုတဲ့စကားနဲ့ စတင်ဖို့ဘယ်သူကများ သတ်မှတ်ခဲ့ပါသလဲ

ချစ်တယ်ဆိုတဲ့စကားနောက်မှာ ပြန်ချစ်ပေးပါဆိုသည့်စကားက ပါသေးသည်

love at first sight မဟုတ်လျှင် အချစ်ဆိုတာဟာ သံယောဇဥ်ပေါ်မှာ အခြေခံထားတာပါ

အချစ်ခံရတဲ့လူတွေ ပထမဆုံးတွေ့ကြုံရတာကတော့ ကို့ကိုဘယ်အချိန်တည်းကမှန်းမသိ လေ့လာကာ သူတို့စိတ်ကြိုက်အချိန်ရောက်မှ ချစ်တယ်လို့ ပြောပီး ချစ်လားလို့ချက်ချင်း မေးခံရခြင်းဖြစ်သည်

သော ( completed)Donde viven las historias. Descúbrelo ahora