part 33

1.3K 61 0
                                    

Unicode

နေဝင်ရီတရောအချိန်တွင် အဆောင်ရဲ့အပေါ်ဆုံးထပ် ဝရန်တာမှာ ကောင်လေးနှစ်ယောက်ထိုင်နေကြသည်

နေဝင်ချိန်ကိုကြည့်ရင်းပြုံးနေတဲ့ကောင်လေးကို အခြားတစ်ယောက်က စိုးရိမ်မျက်ဝန်းတို့ဖြင့် မျက်စိရှေ့ကပျောက်သွားမတတ်ထိုင်ကြည့်နေသည်

သံသာညီ မိမိနေသည့်ဒီအဆောင်တစ်ခုလုံးတွင် အကြိုက်ဆုံးနေရာမှာ ညနေခင်းနေဝင်ချိန်ကိုမြင်ရသည့် အပေါ်ဆုံးထပ်မှ ဝရန်တာပင်ဖြစ်သည်

ကားလမ်းမကြီးနဲ့ ကျောင်းဝန်းကြား တစ်ဖက်နှင့်တစ်ဖက် မမြင်ရလေအောင် ကာရံထားသည့် သစ်ပင်ကြီးများကြောင့် နေဝန်းကြီးဟာ တိုက်မြင့်ကြီးများကြား အဆောက်အဦးများကြား ပျောက်ကွယ်သွားသည်မဟုတ်ဘဲ အစိမ်းရင့်ရောင်တောအုပ်ထဲသို့ တိုးဝင်သွားခြင်းက သဘာဝဆန်သည်

ထို့အပြင် နေဝင်ချိန်ကိုရောက်သည်နှင့် ထိုတောအုပ်ငယ်လေးသဖွယ် သစ်ပင်ကြီးများဆီသို့ အိပ်တန်းတက်ရန် ပြန်လာသော ဟိုဟိုဒီဒီ အရပ်ဆီမှ ငှက်ငယ်လေးများကြောင့် သဘာဝက ပိုအသက်ဝင်လာသည်

နေကွယ်သွားပီဆိုရင်တော့ ပြောင်းလဲသွားတဲ့ကောင်းကင်အရောင်

သံသာ့ကတော့ မြို့ပြဒေသမှာ သေချာမမြင်နိုင်တဲ့ ဒီလိုနေဝင်ချိန်လေးကို မြင်နိုင်သည့် ​နေရာမို့ သဘောကျသည်

ပီးတော့ သံသာက နေဝင်ချိန်ကို ကြိုက်သည်

နေဝင်ချိန်ဆိုတာ တစ်နေ့တာရဲ့ ပျော်ရွင်မှု ဝမ်းနည်းမှု အားလုံးရဲ့အဆုံးသတ်ဇာတ်သိမ်းနှင့်တူသည်

အခုတော့ သဘောကျရပါသောနေဝင်ချိန်မှာ ကိုချစ်ရတဲ့သူနဲ့အတူရှိနေခြင်းကို သံသာ မပျော်ဘဲနေပါ့မလား

ပိုင်မင်းသာဟန် မိမိရှေ့က အပြုံးလူသားလေးကို မျက်တောင်မခတ်ဘဲကြည့်နေမိသည်

မိမိစိတ်သဘောအတိုင်းဆိုရင်တော့ သံသာညီ့အပေါ်ကို ဘယ်လိုလိမ်ညာခြင်းကိုမှ မလုပ်ချင်ပါ

ဒီတစ်ခါတော့ ညာရလိမ့်မယ်

'' မင်းအတွက်ဆေးတွေ ဒီနေ့ကစပီး မင်းဆေးပုံမှန်သောက်ရမယ် ''

သော ( completed)Donde viven las historias. Descúbrelo ahora