Unicode
နေ့လည် 12 ထို့ခါနီး နွေးဆီမှ ph ဝင်လာသည်
ဆရာစာသင်ချိန်မို့ ph ကို silent လုပ်ထားရသည်
လွယ်အိတ်ပေါ်တွင်တင်ထားသော ph screen မှာ နွေးဆီက အဝင် call ကိုမြင်နေရသည်
ဆရာက စာသင်နေတုန်းမို့ ph ကိုချလိုက်ကာ
'' စာသင်နေတုန်း '' လို့ msg ပို့လိုက်သည်မကြာလိုက်ပါ
'' ငါ နင့်တို့ကျောင်းကို ရောက်နေပီ '' ဆိုသော စာတန်းလေးက screen ပေါ်တွင် ပြန်ပေါ်လာသည်ဒီနေ့ နွေးနဲ့ချိန်းထားသည်
သူ့ကျောင်းကို လာခေါ်မည်ဟု သံသာပြောထားသော်လည်း အခု သူက သံသာ့ကျောင်းကို ရောက်လာခဲ့ပီ
ဒီနေ့မှလည်း ဆရာက စာသင်ကောင်းနေသည်
11:50 တွင် စာသင်ချိန်ပီးဆုံးရမည်ကို စာမပီး၍ ဆက်ကာ သင်နေသည်
12 ကျော်ရုံတွင် အတန်းပီးလို့တော်သေးသည်
သံသာ နွေးစောင့်နေရမှာကို အားနာနေမိသည်
ထို့ကြောင့်လည်း ဆရာ roll call ခေါ်တာကို မစောင့်နိုင်တော့ဘဲ ချက်ချင်းထွက်လာခဲ့သည်
'' roll call တောင်းပေးရမှာလား မတောင်းရတော့ဘူးလား '' အော်နေသော လူတစ်စုကို '' ကြိုက်သလိုလုပ်လိုက် '' လို့ပြန်အော်ပြောကာ ထွက်လာခဲ့တော့သည်
နွေးဆီ ph ဆက်လိုက်တော့ နွေးက main building car parking နားလာခဲ့ရန် ပြောသည်
နွေးကိုစောင့်ခိုင်းရမှာ အားနာ၍ အပြေးတပိုင်းလာခဲ့သည်
လူကိုအရင်မမြင်ဘဲ နွေးရဲ့ကားကို အရင်မြင်သည်
ပီးတော့မှ ကားနံဘေးမှာ လူတစ်ယောက်နဲ့ ရပ်ကာ စကားပြောနေသော နွေးကို လှမ်းမြင်လိုက်ရသည်
နွေးနဲ့စကားပြောနေတဲ့လူက အကိုပိုင်မင်းသာဟန်
သံသာ သူတို့အနားကို ရောက်သွားတော့
အကိုက နွေးကို နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့သည်အကိုနဲ့နွေးက ဒီလောက်ရင်းနှီးနေတာကို သံသာမသိခဲ့
သံသာ နွေးကိုမေးဖို့ တွေးလိုက်သေးသည်

KAMU SEDANG MEMBACA
သော ( completed)
Romansa(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...