Unicode
သံသာ အိပ်ယာမှနိုးနိုးချင်း အိပ်ခန်းတံခါးကို lock သွားချလိုက်သည်
ပီးတာနဲ့ အခန်းနံရံရှိ မှန်အကြီးကြီးရှေ့မှာ မတ်တပ်ရပ်လိုက်သည်
ပီးတော့ မှန်နံဘေးမီးလင်းနေတဲ့ မီးသီးတွေထဲက အပေါ်ဘက်ကစရေသည့် တတိယမြောက်မီးလုံးလေးကို ဖိလိုက်ရင် မှန်က နှစ်ခြမ်းကွဲကာ တံခါးတစ်ခုအဖြစ်ပြောင်းလဲသွားသည်
သံသာ ဒီအချိန်ကိုရောက်ဖို့ ဘယ်လောက်တောင်မှ စောင့်ခဲ့ရသလဲ
ကိုကြီးအာကာ ဘယ်အခန်းထဲမှာနေတယ်ဆိုတာကို သံသာလိုက်ကြည့်နေခဲ့တာ မတွေ့မိခဲ့
ဒီအကြောင်းကိုသိဖို့ ညက wine တွေအများကြီးသောက်ကာ အိပ်ချင်ယောင်ဆောင်ခဲ့ရသည်
အခန်းတံခါးပွင့်သွားသည်နှင့် အခန်းအပြင်အဆင် ဘေးဘီဝဲရာကို မကြည့်တော့ဘဲ သံသာ ရှာချင်နေသော အိတ်ကိုသာတန်းရှာလိုက်သည်
ဒီကိုလာတုန်းက ကားပေါ်မှာပါလာတဲ့ ကိုကြီးရဲ့ အိတ်အနက်ရောင်လေးကို သံသာ အသည်းအသန်ရှာနေမိသည်
တစ်ယောက်အိပ်ကုတင်လေးရဲ့အောက်မှာ အိတ်အနက်လေးကို ရှာတွေ့တော့မှ သံသာသက်ပြင်းချနိုင်တော့သည်
ပီးတော့ ထိုအိတ်ကြီးရဲ့ ဘေးအိတ်လေးထဲမှာ ထည့်ထားတဲ့ သံသာ့ ph လေးကို ပြန်ရှာလိုက်သည်
ဒီ ph လေးကို သံသာ ရန်ကုန်ကမထွက်ခင်ကတည်းက ဖွက်ထားခဲ့သည်
ကိုကြီးက သူ့ဘေးအိတ်ထဲမှာ ဘာမှထည့်မထားတာမို့ ဖွင့်မကြည့်နိုင်ဘူးလို့ ယုံကြည်ကာ ထည့်ခဲ့သည်
သံသာ့အထင်တော့ ဒီ ph ကို ကိုကြီး တွေ့သေးပုံမပေါ်ပါ
တကယ်တော့ ကိုကြီး ထင်နေသလိုမျိုး သံသာ ဘာမှမသိဘဲ ကိုကြီး ခေါ်ရာနောက်ပါလာခဲ့တာမျိုးတော့ မဟုတ်ခဲ့
သံသာ ကိုယ်တိုင်အတည်ပြုချင်တာရှိလို့ အရဲစွန့်ရင်းကနေ ဒီလိုတွေဖြစ်လာခဲ့ရခြင်းဖြစ်သည်
သံသာ ပြည်မှာ ကားတိုက်ခံရတဲ့ ညက အဖြစ်အပျက်တွေကို ရှင်းရှင်းလင်းလင်းကြီးကို မှတ်မိသေးသည်
![](https://img.wattpad.com/cover/285441022-288-k461999.jpg)
ESTÁS LEYENDO
သော ( completed)
Romance(Z+U) '' မြတ်နိုးရပါသော ဆိုတဲ့စာကြောင်းလေးက ဘာကိုဆိုလိုချင်ခဲ့တာလဲ ကျွန်တော်သိချင်မိတယ် ပီးတော့ စာအုပ်ထဲက သောဆိုတဲ့ကောင်လေး အကြောင်းရောပဲ ကျွန်တော်မေ့နေခဲ့တဲ့မှတ်ညဏ်တွေထဲက တစ်စုံတစ်ယောက်ပေါ့ '' (ပိုင်မင်းသာဟန်) '' ကျွန်တော့်ဘဝရဲ့ပထမဆုံးလိုအင်နဲ့တော...