ending

2.9K 69 9
                                    

Unicode

ညနေကျတော့ ရေကစားကြပီး ညကတော့ မီးပုံပွဲလေးလုပ်ခဲ့ကြသည်

အကိုက ဂစ်တာတီး သံသာတို့က သီချင်းဆို
အသင့်သယ်လာတဲ့ beer ပုလင်းလေးတွေကိုင်ပီး အကင်စားရင်း အုပ်စုလိုက်ပျော်ခဲ့ကြသည်

နည်းနည်းမှောင်လာတော့ ကိုစစ်ပိုင်က နွေးကို အခန်းပြန်ပို့သည်

ပြန်မလာဘဲမနေဖို့လဲ ကိုစစ်ပိုင်ကို ဝိုင်းစလိုက်ကြသေးသည်

ဂစ်တာကို ရာစုတို့က ယူသွားတော့ အခုမှ သံသာ အကို့အနားကပ်ခွင့်ရတော့သည်

ယိုင်တိုင်ယိုင်တိုင်နဲ့ သံသာလျှောက်လာကတည်းက သံသာတော့ ရီဝေရီဝေဖြစ်နေပီမှန်းသိလိုက်သည်

သစ်တုံးလေးပေါ်မှာ ထိုင်နေတဲ့ အကို့ပေါင်ကြားဝင်ထိုင်ရင်း ရာစုတို့နှင့်အတူ သီချင်းလိုက်ငြီးနေလိုက်သည်

ပေါင်ကြားထဲဝင်ထိုင်နေတဲ့ ကောင်လေးဆံပင်ကို တစ်ခေါင်းလုံးပွအောင် ဖွတာတောင် မလုပ်နဲ့ မပြောခဲ့ဘူး

သံသာတစ်ယောက်တော့ သဘောကောင်းနေပြန်ပီ

ခုနောက်ပိုင်း အကိုနဲ့အဲ့လိုထိုင်ရတာကိုပဲ သံသာ သဘောကျနေမိသည်

သံသာနဲ့အကိုက တစ်စနဲ့တစ်စ တစ်နေ့ထက်တစ်နေ့ ပိုပိုရင်းနှီးလာပီး နှစ်ယောက်ကြားမှာ အနေခက်တာတွေ တဖြေးဖြေးမရှိတော့ဘဲ သူ့အနားမှာနေရတာ လွတ်လွတ်လပ်လပ်ဖြစ်လာတာကို သံသာ သဘောကျမိသည်

အကိုလည်း သဘောကျမည်ထင်ပါသည်

အကိုဂစ်တာတီးတာသာ မြင်ဖူးတာ အကို သီချင်းဆိုတာတော့ တစ်ခါမှ မကြားဖူးခဲ့

အခုတော့ သံသာများ နားကြားမှားလေသလား

အကိုက သီချင်းဆိုနေသည်

''🎤🎤 ဘယ်တော့ငါ့ကို မင်းပစ်သွားမလဲ ငါမသိ

ဘယ်လောက်ငါ့ကို မင်းချစ်ဖူးတယ် ငါမကြည့်

ဘယ်အထိငါ့ကို မင်းလှည့်စားမလဲ ငါမသိခဲ့

ဒါတောင် အစအဆုံးမရှိချစ်ခဲ့သည်🎤🎤 ''

ဆောင်းဦးလှိုင်ရဲ့ အပိုဆုကို နှစ်ယောက်ကြားရုံသာသာ ဆိုပြနေသည်

သော ( completed)Tempat cerita menjadi hidup. Temukan sekarang