part 13

1.1K 56 0
                                    

unicode

ကျောင်းပိတ်ရက်ရောက်ပြန်ပီ
ကျောင်းပိတ်ရက်တွေကို သံသာအတော်မုန်းတတ်နေပီ

လသာဆောင်မှာလှဲလျောင်းနေသော သံသာတစ်ယောက် တံခါးဖွင့်သံကြားလို့လှည့်ကြည့်လိုက်ရာ နွေးဖြစ်နေသည်

'' လိုက်ရှာလိုက်ရတာ နင်က ဒီမှာဘာလုပ်နေတာလဲ ''

ဟုတ်ပါတယ် ထမင်းစားပီး နွေးပန်ကန်းဆေးနေချိန်တွင် သံသာပျောက်သွားခဲ့သည်

နွေးတစ်အိမ်လုံးပတ်ရှာကြည့်သည် နောက်ဆုံးတော့ သံသာက ခေါင်မိုးထပ်က လသာဆောင်သို့ ရောက်နေသည်

'' ထမင်းစားမကောင်းလို့လား နင်ကနည်းနည်းလေးပဲ စားတယ် ''
နွေးကအိမ်ရှင်တစ်ယောက်အနေနဲ့ သံသာစားရသောက်ရတာ အဆင်ပြေရဲ့လား သိချင်သည်

'' စားကောင်းပါတယ် မေကြီးလက်ရာကို စားလာတာ ငါ့တစ်သက်ပဲရှိနေပီ ခုမှ ထဂျီးများပါ့မလား ''
( မေကြီးဆိုသည်မှာ နွေးအမေကို သံသာ ခေါ်ခြင်းဖြစ်သည်)

'' နင့်ကြည့်ရတာ မစားနိုင်မသောက်နိုင်ဖြစ်နေလို့လေ မနက်အပြင်သွားစားကြမလား ''

'' သဘောလေ ''

'' ဒီမှာလာလှဲပီး ဘာလုပ်နေတာလဲ ''

သံသာ လသာဆောင်ရှိမီးများကိုပိတ်ကာ နွေးလက်ကိုဆွဲ၍ အရင်လှဲရာနေရာသို့ ခေါ်လာခဲ့သည်

''ဒီကို လာလှဲကြည့် ''
နွေး သံသာစကားကိုနားထောင်ပီး သံသာနဲ့ခေါင်းချင်းဆိုင် လှဲလိုက်သည်

လသာဆောင်မှာ သုံးထပ်မြောက်တွင်ရှိပီး နွေးတို့အိမ်ရဲ့တစ်ထပ်စီဟာ သာမန်ထက်ကိုမြင့်မြင့်ဆောက်ထားတာကြောင့် နွေးတို့အခုနေရာက အတော်မြင့်သည်

ဘေးရှိသံသာတို့အိမ်ကမီးပိတ်ထားတာ နွေးတို့လသာဆောင်ကလဲ မီးပိတ်ထားသည်

ကြီးထွားလာသော အမှောင်ထုကြား ပက်လက်လှန်၍ကောင်းကင်ကိုကြည့်လိုက်ချိန် ဆန်းသစ်စလကလေးနဲ့ ကြယ်အချို့ကိုမြင်နေရသည်

နွေး သဘောကျကာ ပြုံးနေမိသည်

'' အကောင်စုတ် ဒါမျိုးကျတော့ ဖွက်ထားပီး သူတစ်ယောက်တည်းခိုးကြည့်နေတယ် ''
ပြောလဲပြော မမြင်ရသော သံသာ့ခေါင်းကိုမှန်းကာ ရိုက်လိုက်သေးသည်

သော ( completed)Where stories live. Discover now