6

3.3K 400 147
                                    

 " ဟန် ... ရာမင်းဟန် "

ခွန်းသရီ အိမ်ထဲဝင်တာနဲ့ ဖိနပ်ကို ဖြစ်သလိုချွတ်ခဲ့ပြီး လက်ထဲက အထုတ်တွေကိုဆွဲကာ ဟန်ကို တကြော်ကြော် အော်ခေါ်နေလိုက်သည် ။ ဟန် အိမ်မှာရှိတာ သေချာသော်လည်း မည်သည့်အသံမှမကြားလို့ သူ ဟန်တစ်ယောက်တည်းအိပ်တဲ့ အခန်းထဲထိ ဝင်သွားလိုက်သည် ။ ရေချိုးခန်းထဲက ရေကျသံကြားလို့ ဟန်ရေချိုးနေတယ်ဆိုတာကို သိသွားပြီး သူ မီးဖိုခန်းထဲ ဝယ်လာတဲ့ အထုတ်တွေကို အရင်သွားထားလိုက်သည် ။

ဆယ်မိနစ်ခန့်အထိ ဟန်ထွက်မလာသေးလို့ သူ အခန်းထဲပြန်ဝင်လာတော့ ရေလဲသဘက်ကို ပတ်ပြီး ထွက်လာသည့် ဟန်ကြောင့် သူ အနည်းငယ်ရိူးတိုးရှန့်တန့်ဖြစ်သွားကာ တံခါးဝနားမှာသာ ရပ်နေလိုက်သည် ။

" ငါဘီယာဝယ်လာတယ် ။ တူတူသောက်ရအောင်လေ ... "

ဟန်သူ့ကိုပြန်မကြည့်လာဘဲ စိုနေတဲ့ဆံပင်တွေကို အရင်ခြောက်အောင်သုတ်ကာ လှမ်းမေးလိုက်သည် ။

" ထူးထူးဆန်းဆန်းပါလား ။ ဝမ်းသာစရာကိစ္စ တစ်ခုခုရှိလို့လား "

" အင်း ဆိုပါတော့ ။ အဝတ်စား မြန်မြန်လဲဦး အအေးပတ်ဦးမယ် ။ ငါ မင်းကို အပြင်ခန်းမှာ စောင့်နေမယ်နော် "

" အင်း .. ထွက်လာခဲ့မယ် "

သရီ ချက်ချင်း မထွက်သွားသေးဘဲ ဟန်ကို ဒီအတိုင်းငေးကြည့်သွားမိသည် ။ သူ့စိတ်ထဲ ဟန်နည်းနည်းပိန်သွားသလိုပဲ ။ ဒီရက်ပိုင်း သိပ်မတွေ့ဖြစ်လို့များလား ။

" ဘာလဲ ... ဘာပြောစရာ ရှိသေးလို့လဲ ... သရီ "

" ဘာမဟုတ်ဘူး .. ငါ့စိတ်ထဲ မင်း ပိန်သွားသလို ခံစားရလို့ ။ ဝိတ်ချနေတာတော့ မဟုတ်ဘူးမလား "

ဟန့်မှာ ဝိတ်ချစရာ အကြောင်းလည်း မရှိဘူးထင်လို့ မေးမိလိုက်ခြင်းဖြစ်သည် ။ အရင်တုန်းက ဝလာတယ် ဝိတ်လျော့လို့ပြောမိရင် ၊ ငါ ဝလာရင် သရီက မချစ်တော့ဘူးလားဟု ပြသနာပြန်ရှာတတ်လို့ သူ့မှာ နားညည်းမခံနိုင်လို့ ဝိတ်ချဖို့ တွန်းအားထပ်မပေးခဲ့ ။ ဟန်က ဝလာလည်း ချစ်ဖို့ကောင်းတယ်ဆိုပေမယ့် သူတို့ကျောင်းတက်တဲ့အချိန်တုန်းကတော့ ဖြူဖြူသေးသေးလေးနဲ့ အသည်းယားစရာလေး ။ ဒါကြောင့် ဟန်ဝလာတာကို သရီသဘောမကျခြင်းဖြစ်သည် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now