မှန်ပေါ်မှာပေါ်နေတဲ့သူ့ရဲ့ပုံရိပ်ကို စိတ်မချမ်းသာစွာကြည့်ရင်း သရီကသက်ပြင်းချလိုက်သည် ။ အမှန်တိုင်းပြောရရင် ဒီဧည့်ခံပွဲကို သူမလိုက်ချင်ပါ ။ ဟန်၏တောင်းဆိုမှုကြောင့်သာမဟုတ်ရင် သူ့ကိုယ်သူလူတွေနဲ့မိတ်ဆက်ရမယ့်နေရာမျိုးကို နောက်ထပ်မသွားချင်တော့ ။ တစ်စုံတစ်ယောက်က သူ့ကိုမှတ်မိနေခဲ့လျှင် သူ့အားအထင်မြင်သေးစွာကြည့်နေမှာကိုလည်း စိုးရိမ်နေမိသည် ။
ဟန်ကသရီ့ဖို့နက်ကတိုင်တစ်ခုယူလာပြီး မျက်နှာသိပ်မရွှင်သောသရီ့ကို စိုးရိမ်တကြီးကြည့်လိုက်သည် ။
" တစ်ခုခုဖြစ်လို့လား မျက်နှာကသိပ်မကောင်းလို့ "
" ကိုယ်နဲ့တွဲလာရင် မင်းကိုလူတွေအတင်းပြောမှာကို စိုးရိမ်လို့ပါ "
" ဘယ်သူ့ကိုဂရုစိုက်နေရမှာလဲ ၊ မင်းကငါ့ရဲ့တွဲဖက်ဆိုတာကို ငါကဖော်ပြရမှာရှက်တယ်လို့များ မင်းထင်နေသလား ။ ကျန်တာတွေကိုငါစိတ်မဝင်စားဘူးသရီ၊ မင်းငါ့ကိုမစွန့်ပစ်သရွေ့ ငါကဘယ်လိုအကြောင်းပြချက်နဲ့မှ မင်းရဲ့လက်ကိုဖြုတ်ချမှာမဟုတ်ဘူး "
နက်ကတိုင်ကို သူကိုယ်တိုင်ယူပြီး စည်းပေးကာ ခပ်ပြုံးပြုံးပြောလိုက်သည် ။ သရီကဟန်နည်းတူပြုံးလိုက်ပေမယ့် အနည်းငယ်တော့ ဝန်လေးနေဟန်ရှိသေးသည် ။
" ဒါနဲ့မင်းဒီနေ့ဝတ်ထားတာ အရမ်းထင်ပေါ်နေသလိုပဲ ။ လူတွေက သတို့သားထက်မင်းကိုပိုပြီး အာရုံစိုက်နေဦးမယ် "
" ငါကရိုးရိုးလေးပဲဝတ်ထားတာပါ ၊ ဒါပေမယ့်ရူပါကဖုံးမရတော့ ဒီကိစ္စငါလည်းမတတ်နိုင်ဘူး "
ရယ်ကျဲကျဲနှင့်ဆိုရင်း ဟန်ကမျက်လုံးတစ်ဖက်ကိုမှိတ်ပြလိုက်သည် ။ သရီကဟန်၏နဖူးကိုတစ်ချက်နမ်းပြီးနောက် ကားသော့ကိုယူကာ အတူထွက်လာလိုက်သည် ။ ဟန်၏ကားဖြင့်သာ ဧည့်ခံပွဲဆီသို့အတူထွက်လာခဲ့ကြလေသည် ။ ဥယျာဉ်ပါသော Resort တစ်ခုဆီသို့သူတို့၏ကားလေးသည် ချိုးကွေ့ကာဝင်လာလေသည် ။ ဧည့်ခံပွဲသို့လာသောဧည့်သည်က အနည်းငယ်များလွန်းသဖြင့် ကားပါကင်အတွက်နေရာကိုတောင် ခက်ခက်ခဲခဲရှာလိုက်ရသည် ။ နောက်ဆုံးမှနှစ်ဦးသား ဖိတ်စာကဒ်ကိုကိုင်ကာ ဧည့်ခံပွဲနေရာသို့လျှောက်လာခဲ့လေသည် ။
![](https://img.wattpad.com/cover/264649092-288-k374903.jpg)
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...