11

2.8K 382 87
                                    

ဧည့်ခန်းထဲတွင် ဒူးထောက်ထိုင်ကာ လက်မြောက်နေသည့် ဟန်ကိုကြည့်ပြီး သရီ မနေတတ်စွာဖြင့် ဟန်၏အဖေကို အသနားခံလိုက်သည် ။

" ဒါ... ဒါ .ကလေ ... ဒါတွေအကုန်က ကျွန်တော့်အပြစ်ပါ ။ ကျေးဇူးပြုပြီး ဟန်ကို အပြစ်မပေးဘဲ ကျွန်တော့်ကိုပဲ အပြစ်ပေးပါ "

" ဒါဆိုမင်းလည်း ဒူးထောက်ပြီး လက်မြောက်ထား "

သူ့ကို ခပ်စိမ်းစိမ်းကြည့်လာပြီး မာန်မဲလာသည့် ဟန့်အဖေကြောင့် သရီရောဟန်ပါ မျက်လုံးပြူးသွားသည် ။ သို့သော် သရီကချက်ချင်းပင် ဒူးထောက်ထိုင်ချလိုက်သည် ။ ဟန်အဖေရှေ့မှာ ဒူးထောက်ရတာ ဒါပထမဆုံးအကြိမ်မှ မဟုတ်တာ ။ လွန်လေပြီးသော အနာဂတ် မဟုတ်သေးဘူး အတိတ်မှာတုန်းကလည်း ဟန်နဲ့သူ ချစ်သူဖြစ်တာကို မိသွားတုန်းကလည်း ဒူးထောက်ရသေးတာပဲ ။ အကြောင်းရင်းက ဟန်က ပြင်သစ်ကိုမသွားဘဲ သူ့ကိုရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်သည် ။ ဒါပေမယ့် အခုက ချစ်သူတောင်မဖြစ်သေးဘူး အရင်ဆုံး ဒူးထောက်ရပြီ ။

ဟန်သည် အဖေဖြစ်သူကိုကြောက်သော်လည်း သရီကိုပါအပြစ်ပေးတော့ အတွန့်တက်လိုက်သည် ။

" ဖေဖေ.... ဒါက သရီနဲ့မှ မဆိုင်တာ ။ ကျွန်တော်က ..."

" ပါးစပ်ပိတ်ထား ရာမင်းဟန် ။ ဟိုကောင်လေး မင်းနာမည်က ဘာလဲ"

သူ့အဖေရဲ့ စစ်မေးမှုကြား သရီအသက်ကိုဝအောင်ရှူလျှက် တရိုတသေပြန်ဖြေလိုက်သည် ။

" ခွန်းသရီပါ .. .ဟန်နဲ့က အခန်းဖော်သူငယ်ချင်းပါ "

" သူငယ်ချင်းဆိုပြီး လမ်းပေါ်မှာ လူမြင်မကောင်း သူမြင်မကောင်း နမ်းနေကြတာက ဘာလုပ်တာလဲ ပြော "

" ဟို.. ဒါကလေ ခြံရှေ့မှာ ကျွန်တော်တို့ဖြစ်သွားတာက တိုက်ဆိုင်မှုပါ ။ ကျွန်တော် မရည်ရွယ်ပါဘူး ။ ကျွန်တော်တို့က အခန်းဖော်သက်သက်ပါပဲ ။ ထူးခြားတဲ့ ပက်သက်မှုတွေ မရှိပါဘူး "

သရီ၏စကားကြောင့် သူတို့သားအဖ နှစ်ယောက်လုံး ဆွံ့အသွားသည် ။ ဟန်ဆိုရင် ဒူးထောက်နေရာမှ ခွေလဲကျလုနီးနီးပင် ။

ဟန့်အဖေသည် သူ့ရဲ့လည်ဂုတ်ကို ပြန်ဖိချေရင်း သရီကို သေချာအောင်ထပ်မေးလိုက်သည် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now