" ကိုနေဒွန်း ..... တကယ်ပြောနေတာလား ။ တကယ်ပဲ ဒီအင်တာဗျူးကို ဝင်ဖြေလို့ အဆင်ပြေလား "
ကျယ်ဝန်းသော စားသောက်ခန်းကြီးထဲတွင် ဟန်၏ ခပ်မြူးမြူးအသံက ဟိန်းခနဲ ။ သူဘယ်လောက်ထိပျော်နေလဲဆိုတာ သူ့အသံနားထောင်တာနဲ့ သိနိုင်သည် ။
နေဒွန်းက ဟန်ကို သဘောကျမြတ်နိုးစွာ ကြည့်နေမိသည် ။ ဒီနေရာမှာ တခြားသူတစ်ယောက်ဖြစ်နေရင်တော့ ဘယ်ဖြစ်နိုင်ပါလိမ့်မလဲ ၊ ဒါပေမယ့် အဲ့ဒီလူက ရာမင်းဟန်ဖြစ်နေရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလေ ။ ဒီကုမ္ပဏီမှာက သူ့ရဲ့စကားလုံးက ဥပဒေပဲ ၊ သူ့အမိန့်က အချိန်မရွေးပြောင်းလဲပစ်လို့ရတဲ့ စည်းကမ်းပဲ။ သူ ဖွဖွလေးရယ်ကာ ဟန်ကို လေးလေးနက်နက်ကြည့်ရင်း ပြောလိုက်သည် ။
" တကယ်ပြောတာပါ ။ ကိုယ်တို့ကုမ္ပဏီက သိပ်မကြာခင်မှာ ဒီဇိုင်းဌာနအတွက် ဒီဇိုင်းနာအသစ်လေးတွေကို ခေါ်မှာမလို့ စိတ်မပူဘဲ အင်တာဗျူးကို ဝင်ဖြေလိုက်ပါ ။ ဟန်က အရည်အချင်းရှိပြီးသားလေ။ ဘယ်သူပြောနိုင်မလဲ ဒီတစ်ခါအင်တာဗျုးပြီးရင် ကုမ္ပဏီရဲ့ဒီဇိုင်းဌာနမှာ ဒီဇိုင်းနာတစ်ယောက် မဖြစ်လာနိုင်ဘူးလို့ "
" ဒါပေမယ့် ဖြစ်ပါ့မလား ။ ကျွန်တော်က သင်တန်းတွေပြီးထားတာ သိပ်မကြာသေးဘူး ။ ပြီးတော့ တကယ့်ဒီဇိုင်းနာတစ်ယောက်အဖြစ် ရပ်တည်ဖို့က အရည်အသွေးပြည့်မှီဖို့ အများကြီးလိုသေးတယ်လေ "
" မင်းရဲ့ရှေ့မှာထိုင်နေတဲ့ကိုယ်က လူတွေရဲ့အရည်အချင်းကို အကဲဖြတ်တဲ့နေရာမှာ အတော်ဆုံးလို့ပြောလို့ရတဲ့လူပါ ။ ကိုယ်က လုပ်လိုက်ပါလို့ ပြောလိုက်တဲ့အခါ မင်းဘာလို့ မလုပ်ရဲရမှာလဲ "
နေဒွန်းက ဟန်စိတ်ဓာတ်မကျစေရန် ပြောနေပါသော်လည်း ဟန်ကတော့ မျက်နှာသိပ်မလှ ။ ဟန်မှာဒီဇိုင်းနာတစ်ယောက်အဖြစ်ရပ်တည်ဖို့က အရည်အချင်းအများကြီးလိုအပ်နေသေးတယ်ဆိုပေမယ့် ဆွဲခေါ်မယ့်သူရှိရင် တောက်ပလာမယ့်ကလေးမျိုးပါ ။ ဒီကောင်လေးရဲ့လက်ကို တစ်ကြိမ်လွှတ်လိုက်ပြီးပြီ ၊ ဒီတစ်ကြိမ်မှာတော့ နောက်ထပ်ထွက်မသွားနိုင်အောင် အနားမှာခေါ်ထားနိုင်ရန်အတွက် သူဟာ ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရဲ့ကိုယ်ပိုင်စည်းမျဉ်းကို ချိုးဖောက်လိုက်လေသည် ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...