" ဘာပြောတယ် မင်းရဲ့ပစ္စည်းမှန်သမျှဟုတ်လား ။ ဟေး ... ဆရာသမား .. မင်းရဲ့ပစ္စည်းဆိုလို့ အပ်တိုတစ်ချောင်းတောင် သူများမပေးဖူးတာ ၊ ရာရာစစ ဘယ်သူ့ကိုလာစွပ်စွဲနေတာလဲ "
အမြဲတမ်းသူ့အား မကောင်းတဲ့သူတစ်ယောက်လို ပြစ်တင်ပြောဆိုတတ်သော သရီကိုဟန်က စိတ်ဆိုးပြီးအော်လိုက်မိသည် ။ လက်တစ်ဖက်က ဖုန်းကိုကိုင်ထားတာကြောင့် ကျန်လက်တစ်ဖက်နှင့် အခန်းမီးကိုစမ်းဖွင့်လိုက်ရင်း ဖိနပ်ကိုအခန်းဝမှာတင် ဖြစ်သလိုချွတ်ခဲ့လိုက်သည် ။ တဖက်မှသရီ၏စကားကြောင့်လည်း သူ့မှာရှူးရှူးရှဲရှဲဒေါသဖြစ်ရသေးသည် ။
" ယူချင်ယူမယူချင်နေ ငါစိတ်မဝင်စားဘူး ။ ငါအခု .... ခဏလေး သရီ .... "
သူ့အိပ်ခန်းမီးလင်းနေတာကို ဟထားသောတံခါးမှတဆင့်သတိပြုမိသွားသဖြင့် ဟန်သည်ဖုန်းပြောနေရင်းတန်းလန်း သတိအနေအထားဖြင့်နေကာ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်သည် ။ သူကအပြင်သွားတိုင်း မီးကိုသေချာစစ်ကာပိတ်တတ်တဲ့အကျင့်ရှိတာကြောင့် ယခုသူ့အခန်းတံခါးကပွင့်နေသည့်အပြင် မီးလင်းနေတာကို သူသတိထားမိသွားသည် ။ ထို့ထက်ပိုပြီး ဧည့်ခန်းထဲတွင် အအေးပုလင်းတစ်ဗူးကိုဖွင့်ထားကာ ချထားသည်ကိုတွေ့လိုက်သည် ။ သူဒီနေ့မနက်က အချိန်မရလို့ မနက်စာကို ကုမ္ပဏီမှာပဲစားခဲ့တာလေ ။ ပြီးတော့ သူကစားပြီးရင်အမှိုက်ကိုချက်ချင်းသိမ်းတတ်တာကြောင့် မူမမှန်တာတစ်ခုခုကို ရှာတွေ့မိသလိုပင် ။ ဖြစ်နိုင်တာက သူ့အိမ်ထဲကို တစ်ယောက်ယောက်ရှိနေတာလား ။
" ဟန် ... ဟန် ... အဆင်ပြေရဲ့လား "
သရီက တဖက်တွင်ဆက်တိုက်ပြောဆိုကာ မေးနေပါသော်လည်း ဟန်သည်သူ့ကိုပြန်ဖြေဖို့ရာမအားဘဲ လက်ထဲတွင်ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အိပ်ခန်းဆီသို့သတိနှင့် ဝင်သွားလိုက်သည် ။
" ဘယ်သူလဲ ... "
တစ်စုံတစ်ယောက် ရှိနေမည်အထင်နှင့် ဟန်ကအခန်းတံခါးကိုဖြည်းညင်းစွာဆွဲဖွင့်လိုက်သည် ။ သို့သော်သူသည် ရဲစုံထောက်တစ်ဦးမဟုတ်သည့်အတွက် ရန်သူကိုဘယ်လိုရင်ဆိုင်ရမည်မသိဘဲ အငိုက်မိသွားလေသည် ။ သူကအခန်းတံခါးကိုအတွန်း တစ်စုံတစ်ဦးက တံခါးနောက်ကွယ်မှချက်ချင်းပေါ်လာပြီး သူ့လက်ထဲကဖုန်းကိုဆွဲယူလိုက်သည် ။ ဟန်သည်လည်းကြောက်လန့်တကြီးဖြစ်သွားပြီး ထိုသူကိုမျက်စိမှိတ်ကာ လက်ဖြင့်လွဲရိုက်လိုက်သည် ။ ထိုသူသည်သူ့လက်ထဲက ဖုန်းကိုရသွားသော်လည်း နဖူးစောင်းကတော့ တံခါးနှင့်ဆောင့်မိသွားလေသည် ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...