13

2.8K 353 47
                                    

" ကော်ဖီတစ်ခွက်လောက် အတူသောက်ကြမလား "

နေ့လည်ခင်းဆိုပေမယ့် သရီကတံခွန်ရှိရာသို့ရောက်လာပြီး ကော်ဖီတစ်ခွက်သောက်ရန်ဖိတ်ခေါ်လေသည်။ ဒါကကော်ဖီသောက်ဖို့သက်သက်တော့မဟုတ် ၊ တံခွန်ကိုစကားပြောကြည့်ချင်ပြီး သူတို့ကြားမပြေလည်မှုတွေကို ညှိယူချင်၍သာဖြစ်သည်။

တံခွန်က သူ့ကိုတစ်ချက်မျှကြည့်လာပြီးနောက် လက်ခံလိုက်လေသည်။ သူ့အနေနဲ့ကလည်း ဒီအကြောင်းတွေကို ထိပ်တိုက်ပြောဆိုသင့်ပြီဟု ထင်မိတာကြောင့်ဖြစ်သည်။ ကော်ဖီသောက်ရန်အတွက် သူတို့သည်ကော်ဖီဆိုင်ကိုသာ ရွေးလိုက်သည်။ အခုလောလောဆယ်မှာတော့ သရီအတွက်ကိုယ်ပိုင်ရုံးခန်းမရှိသေးဘဲ သူတို့Merketing ဌာနရဲ့ရုံးခန်းထဲတွင်သာ ရှိနေသေးသည်။

ကော်ဖီဆိုင်ကိုရောက်တော့ တံခွန်ကကော်ဖီကိုမမှာယူဘဲ အအေးတစ်မျိုးကိုသာမှာယူလိုက်သည်။ သရီကတော့ ကော်ဖီတစ်ခွက်ကိုမှာယူပြီးနောက် တံခွန်ကိုရဲရဲပင်စိုက်ကြည့်လိုက်သည်။

" ဒီရောက်တာ တစ်လကျော်ပြီဆိုတော့ အဆင်ပြေတယ်မဟုတ်လား "

" အင်း ... ပြေပါတယ် ၊ ငါ့ရဲ့တာဝန်ကလည်းပေါ့ပေါ့ပါးပါးပဲဆိုတော့ မင်းနဲ့ယှဉ်ရင် အဆင်ပြေတာပေါ့ "

တံခွန်က သရီကိုအရွဲ့တိုက်ပြောဆိုခြင်းမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းမျိုးပင် ။ အခုချိန်မှာ သရီဘာကိုပဲမေးလာမေးလာ သူ့အနေနဲ့သရီရဲ့မျက်နှာကို သေချာကြည့်ပြီး ပြောနိုင်ပြီဟုထင်မိသည် ။

သရီကတော့ တံခွန်ရှေ့မှာအနည်းငယ် နေရထိုင်ရခက်တုန်းပင် ။ သို့ပေမယ့် ကျင့်သားရနေတဲ့မျက်နှာက မှန်မှန်ပင်ပြုံးလာသည် ။ သူဟာဒီနေရာကိုရောက်ဖို့ အဆင်မပြေတဲ့နေ့တွေမှာတောင် ပြုံးရယ်ဖို့မမေ့ခဲ့တာ ၊ ငယ်သူငယ်ချင်းတစ်ယောက်ရဲ့ရှေ့မှာပြုံးပြဖို့ သိပ်တော့မခက်ခဲပါဘူးလေ ။

" ဟိုအရင်လေးနှစ်ကျော်တုန်းက ငါတကိုယ်ကောင်းဆန်စွာနဲ့ ကိုယ့်အတွက်ပဲကိုယ်တွေးပြီး မင်းတို့ကိုဂရုမစိုက်မိခဲ့ဘူး ။ အဲ့အတွက် ငါတကယ်ကိုတောင်းပန်ပါတယ် ။ မင်းနဲ့ဟန်ဆိုတာ ငါ့အတွက်အမြဲတမ်းသူငယ်ချင်းပါပဲ ။ ငါမင်းတို့ကိုမဆုံးရူံးချင်ဘူး "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now