တန်ကြေး ....
ထိုစကားနှစ်လုံးကြောင့် သူလပေါင်းများစွာ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ခဲ့ရသည် ။ အခြေအမြစ်မရှိဘူးဟု ယုံချင်ပါသော်လည်း သူ့ရဲ့လိပ်ပြာက သူ့ကိုပြန်ခြောက်လှန့်နေသကဲ့သို့ပင် ။ သူဘယ်လိုလုပ်ရပါ့မလဲ ၊ ဟန်ကိုတောင်းပန်ပြီး သူ့ဘဝတစ်ခုလုံးကို စောင့်ရှောက်ပေးသင့်လား ။ သူ့ရဲ့အဖေက လေဖြန်းရာမှ အနည်းငယ်သက်သာစပြုနေပြီမလို့ ဖေဖေနဲ့ပက်သက်ရင် အရမ်းစိတ်မပူရတော့ ။ သို့သော်အချိန်မရွေးပြန်ဖြစ်နိုင်တာမလို့ တော်တော်လေးကို ဂရုစိုက်နေရသည် ။ ဒါတွေထက် ဟန်ရဲ့အမေသေဆုံးရခြင်းက သူ့ရဲ့ပယောဂမကင်းတာမှန်ရင် သူ ဟန်ရဲ့ရှေ့ ဘယ်လိုမျက်နှာပြရပါ့မလဲ ။
" ခွန်းသရီ .. ."
ရုတ်တရက်ကြီး သူ့ရဲ့နံဘေးတွင် တံခွန်ရဲ့အသံထွက်လာတာကြောင့် သတိဝင်လာပြီး အယောင်ယောင်အမှားမှားနှင့် သူတံခွန်ကို မော့ကြည့်လိုက်မိသည် ။ တံခွန်က အခုနောက်ပိုင်း သူနဲ့အရင်လိုရင်းရင်းနှီးနှီးပြန်နေစ ပြုလာလေ၏ ။ ထို့ကြောင့်ပင် သူ့မှာတံခွန်ကို အားနာပြီးရင်းအားနာနေရသည်။
" အော် .... အင်း .. ပြောလေ .. "
" ဒီ Magazine ကို မင်းဖတ်ကြည့်သင့်တယ်ထင်လို့ "
တံခွန်ကမ်းပေးလာသော Magazine စာအုပ်ကို သူလှမ်းယူလိုက်တော့ မျက်နှာဖုံးတွင် သူရင်းနှီးနေသည့် ဆွဲဆောင်မှုရှိသော အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ရိုးရှင်းသောအသွင်အပြင်ဆိုပေမယ့် ထိုအမျိုးသား၏ပုံစံအနေအထားနှင့် မျက်နှာတို့သည်ပြီးပြည့်စုံလွန်းနေသည် ။
" ဟန် ... "
သူအသံထွက်ကာ ရေရွတ်မိသွားသည် ။ တံခွန်ကလည်း သူ့ကိုသေချာကြည့်လာသည် ။
" သူ့ရဲ့ပထမဦးဆုံး ပွဲဦးထွက် Fashion Show ကို ပါရီမှာ အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီ ။ ဒိတ်ဒိတ်ကြဲတွေလို ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနားမဟုတ်ပေမယ့် လျစ်လျုရှူထားလို့မရလောက်တဲ့အထိ အောင်မြင်တယ်လို့ ဆိုရမှာပေါ့ ။ ပြောရရင် ဟန်ကသူ့ရဲ့လမ်းကို သူအကောင်းဆုံး လျှောက်နိုင်ခဲ့ပြီလေ "
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...