" သူက မင်းတို့ရဲ့ boss အသစ်ပဲ ၊ သူ့ကိုသိကြမယ်လို့ထင်ပါတယ် "
နေဒွန်းက ဟန်၏နံဘေးတွင်ရပ်နေပြီး အခန်းတွင်းမှာရှိနေတဲ့သူတွေနှင့် မိတ်ဆက်လိုက်လေသည် ။ ဟန်ကပြုံးရယ်တာမျိုးမရှိဘဲ တည်တည်တံ့တံ့နှင့် လူအများသို့ သူ့ကိုယ်သူထပ်မံ့မိတ်ဆက်လိုက်သည် ။
" ကျွန်တော့်ကိုတချို့ကသိနိုင်ကောင်းသိနိုင်ပေမယ့် အားလုံးသိအောင် ကိုယ့်ကိုယ်ကိုယ်ထပ်ပြီး မိတ်ဆက်ပေးပါရစေ ။ ကျွန်တော့်နာမည်က ရာမင်းဟန်ပါ ၊ ဒီကိုပြန်ရောက်တာမကြာသေးဘူးဆိုတော့ ပြည်တွင်း fashion market နဲ့ပက်သက်ပြီး ခင်ဗျားတို့လောက်ရင်းနှီးကျွမ်းဝင်မှုမရှိသေးလို့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုကူညီပေးကြဖို့ တောင်းဆိုပါတယ် "
ဟန်ကနိမ့်ချတတ်သည် ။ သူတို့ရဲ့ boss အနေနဲ့အလုပ်ဝင်တယ်ဆိုပေမယ့် အထက်စီးကနေလို့ အကျိုးအများကြီးမရနိုင်၍ အရင်ဆုံးသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးကျွမ်းဝင်ချင်တာကြောင့်ဖြစ်၏ ။ အခန်းထဲမှာရှိနေတဲ့သူအားလုံးကလည်း ဟန်ကိုတရင်းတနှီးဖြင့် နူတ်ဆက်ကြလေသည် ။
အားလုံးနဲ့မိတ်ဆက်ပြီးနောက် ဟန်ကသူ့အတွက်ရုံးခန်းဟုသတ်မတ်ထားသည့်အခန်းထဲသို့ ဝင်သွားလိုက်လေသည် ။ သူ့အနောက်မှာ လိုက်ဝင်လာသူက နေဒွန်းဖြစ်၏ ။
" ဒီနေရာနဲ့ချက်ချင်းကြီးတော့ အသားကျသေးမှာမဟုတ်ဘူး ၊ တစ်ခုခုအဆင်မပြေတာရှိရင် ကိုယ့်ကိုယ်အကူညီတောင်းလို့ရပါတယ် "
နေဒွန်း၏စကားကြောင့် ဟန်ကသာသာယာယာပင်ပြုံးလိုက်သည် ။ ထိုင်ခုံသို့ဝင်မထိုင်မှီ သူ့ရဲ့စားပွဲကို လက်ဖြင့်အရင် ကိုင်ကြည့်ပြီးမှ သက်တောင့်သက်တာပြန်ဖြေလိုက်သည် ။
" ကျွန်တော်တို့ကြိုတင်ညှိနိူင်းထားတဲ့အတိုင်းပဲ ကျွန်တော်က ဒီမှာခဏပဲနေမှာဆိုတာကို မမေ့ဘူးမဟုတ်လားဟင် ။ ကိုဒွန်းကျွန်တော့်အတွက်ပြင်ဆင်ပေးထားတာက နည်းနည်းလေးအားနာဖို့ကောင်းနေလို့ပါ "
" အားနာရင် ကိုယ့်အနားကမထွက်သွားဘဲနေသင့်တယ်လေ "
နေဒွန်းက ခပ်နောက်နောက်ဆိုတော့ ဟန်သူ့ကိုလှည့်ကြည့်လာသည် ။ မျက်လုံးချင်းစက္ကန့်ပိုင်းလောက်ဆုံသွားပြီးနောက် ဟန်ကခပ်သဲ့သဲ့တစ်ချက်ရယ်ပြီး ဆိုဖာပေါ်အရင်ဝင်ထိုင်လိုက်လေသည် ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...