" ဟန်...... ငါ ဒီနေ့ မိဘအိမ်ပြန်အိပ်မှာမလို့ မင်းတစ်ယောက်တည်း အဆင်ပြေရဲ့လား "
ဖုန်းကို စပီကာဖွင့်ထားတာကြောင့် ရာမင်းဟန် ရှင်းရှင်းလင်းလင်းကြားလိုက်ရသော်လည်း ချက်ချင်းအဖြေပြန်မပေးဘဲ တိတ်ဆိတ်သွားသည် ။ ထို့နောက်မှ လက်ထဲက မုန်လာဥနီကိုချထားပြီး ဖုန်းကို ကောက်ကိုင်လိုက်သည် ။
" ပြန်မလာနဲ့ .......... ငါလည်း ဒီည အပြင်မှာအိပ်မှာမလို့ မင်းစိတ်မပူလည်းရတယ် "
" ဟန် ........ ငါ .. "
ခွန်းသရီ ပြန်ဖြေတာကို မစောင့်ဘဲ ရာမင်းဟန် ဖုန်းကိုဒေါသတကြီးပိတ်ချလိုက်သည် ။ ပြီးနောက် အစောနက ချခဲ့တဲ့ မုန်လာဥနီကိုသွားယူပြီး အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည် ။
" ငါ့မှာတော့ အရမ်းမုန်းတဲ့ မုန်လာဥနီကိုတောင် မင်းစားချင်မှာစိုးလို့ ပြင်ထားပေးတာ ၊ မင်းကတော့ ....... "
ဟန် တိတ်တဆိတ်မျက်ရည်ကျမိသွားသည် ။ ဒီအခြေအနေကို ခပ်မြန်မြန်လေး ရောက်လာမယ်လို့ သူမထင်ခဲ့ဘူး ။ သရီ စိတ်ကုန်နေတယ်ဆိုရင်တောင် နောက်ထပ်နှစ်အနည်းငယ်လောက် တောင့်ခံနိုင်မယ်လို့ ထင်ခဲ့တာ ။ သရီရဲ့ရှေ့မှာ ဘယ်လောက်ပဲ ဟန်ဆောင်ပြီးပြုံးနေပါစေဦးတော့ သူမမြင်နိုင်တဲ့တစ်နေရာမှာတော့ အားရပါးရငိုကြွေးလိုက်ချင်ပါသည် ။
သူ သရီကို ဆွဲထားသင့်လား ၊ ဒါမှမဟုတ် လွှတ်ပေးလိုက်ရမှာလား ။
ရာမင်းဟန်သည် အလွတ်ရနေသည့် ခွန်းသရီရဲ့ အဖေအိမ်ဖုန်းနံပါတ်ကို ခေါ်ရန်ရိုက်ထည့်လိုက်သည် ။ သို့သော် ပိုဆိုးတဲ့ခံစားချက်ကိုရသောကြောင့် ဖုန်းကိုပိတ်ကာ အိပ်ကပ်ထဲထည့်ပြီး အပေါ်ကုတ်တစ်ထည်ကိုယူပြီး အပြင်ထွက်လာခဲ့လိုက်သည် ။
***********
ဖုန်းထဲကနေ ဟန် ထုတ်ယူသုံးစွဲလိုက်တဲ့ ငွေပမာဏတွေကို စာတိုအဖြစ်ပေးပို့လာတာကိုမြင်တော့ ခွန်းသရီ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကိုခါယမ်းရင်း ဖုန်းကို အိပ်ယာပေါ်ပစ်တင်လိုက်သည် ။ သူ့မှာ ဟန်ကြောင့် အိမ်ကိုပြန်ထောက်ပံ့ပေးနိုင်ဖို့ နေနေသာသာ ကိုယ့်အတွက်ထက် သူ့အတွက်ကို ပိုဦးစားပေးခဲ့သည် ။ ဒါတွေကြောင့် ဟန် အရမ်းဆိုးလာတာလား ။
ČTEŠ
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...