34

2.9K 239 28
                                    

အသက်ရှူသံပြင်းပြင်းသည် သူ့ပါးပြင်နားတွင်ရှိူက်နေသောကြောင့် အိပ်မပျော်ဘဲရှိနေသောဟန်တစ်ယောက် မျက်လုံးဖွင့်လာပြီး ဒေါသပါထွက်လာသည် ။

မနက် ၄ နာရီထိုးခါနီးနေပြီဖြစ်သော်လည်း သူသည်ယခုထိအိပ်မပျော်နိုင်သေး ။ ကြိုးစားကာအိပ်ဖို့ကြံရွယ်သော်လည်း ကျိန်းစပ်နေသောမျက်လုံးများသည် နည်းနည်လေးမှငိုက်မကျသွား ။ ကိုယ်ပေါ်ကစောင်ကိုကန်ထုတ်ပြီး သူ့ခါးတွင်ရစ်ပတ်ထားသော သရီ၏လက်ကိုပါခွာထုတ်လိုက်ပြီး တဖက်သို့ကွေးကာအိပ်လိုက်သည် ။ သို့သော် ၅ မိနစ်ခန့်အကြာတွင် သရီ၏မျက်နှာချင်းဆိုင်ဖက်သို့ပြန်လှည့်လာကာ နှစ်ခြိုက်စွာအိပ်မောကျနေသော သရီကိုစိုက်ကြည့်နေလိုက်သည် ။

ခေါင်းဦးနဲ့ခေါင်းထိတာနဲ့ ချက်ချင်းအိပ်ပျော်နိုင်စွမ်းရှိသောသရီကို သူအံ့သြမိပါသည် ။ တခါတရံ သူသည်သရီနှင့် နေရာချင်းသာ လဲလိုက်ချင်၏ ။ နောက်ဆုံး စိတ်ရှုပ်ထွေးလာတာနဲ့ သရီ၏ကိုယ်ပေါ်သို့ ရင်ဘတ်ကိုအပ်ကာအိပ်လိုက်သည် ။ လူတစ်ယောက်ကို ကိုယ်ပေါ်တင်ထားရတာ ဘယ်လောက်ထိလေးမလဲဆိုတာသိပေမယ့် ဒီလိုမှမဟုတ်ရင် သူ့မှာလုပ်စရာမရှိသလိုဖြစ်နေသည် ။

ဟူး... ဟူး ...

အသက်ရှူသံပြင်းပြင်းထွက်လာပြီးနောက် အသက်ရှူရခက်ခဲစွာဖြင့် သရီသည်မျက်လုံးပွင့်လာပြီး သူ့ကိုယ်ပေါ်တွင်ဖိကာအိပ်နေသောဟန်ကြောင့် အံ့သြတကြီးပင် နိုးလာခဲ့သည် ။ ဒါကြောင့် အိပ်နေရင်းနဲ့အသက်ရှူကြပ်လာရတာပေါ့ ၊ ဟန်တစ်ယောက် တစ်နည်းမဟုတ်တစ်နည်းနဲ့ သူ့ကိုသတ်ဖို့များ ကြံနေတာလားမသိ ။

" အိပ်မပျော်ပြန်ဘူးလား "

ခပ်တိုးတိုးအသံဖြင့်ချော့မော့ပြောရင်း သူ့ကိုယ်ပေါ်တွင်လေးလံစွာဖိကပ်နေသော ဟန်၏ကိုယ်ကို ဘေးသို့ဖြည်းဖြည်းချင်းဆွဲလှည့်ကာ လှည့်မောင်းကြားထဲတွင်ထည့်ရင်း ပြောတော့ဟန်က မကြည်သာသောအသံဖြင့် ပြောလာလေသည် ။

" အင်း ... ငါအိပ်ဖို့ကြိုးစားနေတာ ၃ နာရီလောက်ရှိပြီ ။ ဒါနဲ့မင်းက အိပ်သွားရင်ဆင်နင်းတောင်မနိုးဘူးနော် ။ ငါတစ်ယောက်လုံးအိပ်မပျော်ဖြစ်နေတာတောင် မင်းကတစ်ချက်လေးမှနိုးမလာခဲ့ဘူး "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Donde viven las historias. Descúbrelo ahora