Final

7.7K 336 84
                                    

သူ့ရဲ့မျက်လုံးကို ဖွင့်ချီပိတ်ချီနှစ်ကြိမ်မျှပြုလုပ်ပြီးနောက် သရီသည်မြင်နေရသည့်မျက်နှာအဖြူရောင်ကြောင့် အံသြသင့်သလိုပင်ဖြစ်သွား၏ ။ ချက်ချင်းထမထိုင်မှီ ဦးခေါင်းကိုအရင်လှည့်ကြည့်လိုက်ရာ သူ့အားပြူးကြောင်ကာကြည့်နေသည့် တံခွန်ကြောင့် အခြေအနေကိုနားလည်ဖို့ခက်နေသည် ။ ဟန့်ကိုအရေးပေါ်ခန်းပို့လိုက်ပြီးနောက် သူလဲကျသွားသည့်အထိပင် မှတ်မိတာကြောင့် ဟန့်အခြေအနေကို အခုထိမသိရသေး ။

" ဟန်ကော ....... ဟန် အဆင်ပြေရဲ့လား "

လဲအိပ်နေရာမှ သရီသည်ချက်ချင်းထဖို့ကြံလိုက်သည် ။ သို့သော်သူ့ခြေနှစ်ဖက်က အလွန်အမင်းနာကျင်တာကြောင့် ရုတ်တရက်ထအော်မိလေသည် ။

" အား ... ငါ့ခြေ ... ငါ့ရဲ့ခြေထောက် ..."

" အရမ်းအရမ်း မထနဲ့လေ ... သရီ ၊ မင်းရဲ့ခြေထောက်တွေ ထိခိုက်မိထားတယ် ။ အခုချက်ချင်းလှုပ်ရှားလို့မရသေးဘူးလို့ ဆရာဝန်ကပြောထားတယ် "

" ငါကအကောင်းကြီးမဟုတ်လား ... ငါဘာမှမထိခိုက်ခဲ့ဘူးလေ ။ ဒါနဲ့ ဟန်ကော .... သူဘယ်လိုနေလဲ ၊ သူဘာဖြစ်သွားသေးလဲဟင် ..."

"  သူဘာဖြစ်ရမှာလဲ ၊ အပြင်မှာ ငုတ်တုတ်ကြီး မင်းကိုစောင့်နေတယ် ။ တခြားတစ်ယောက်သာဆိုရင် အခုချိန်အချုပ်ခန်းထဲမှာ ပဲဟင်းစားနေရလောက်ပြီ "

" သူ့ဆီငါ့ကိုခေါ်သွားပေး ၊ သူအန္တာရာယ်ကင်းမကင်း ငါ့မျက်လုံးနဲ့အတည်ပြုနိုင်မှ ယုံမယ် "

သရီ၏စိုးရိမ်တကြီးပြုမူနေပုံကို တံခွန်ကနားမလည်စွာဖြင့်ကြည့်ရင်း အပြင်မှာရှိနေသောတစ်ယောက်ယောက်ကြားရန် အသံမြှင့်ပြောလိုက်သည် ။

" အပြင်မှာတစ်ယောက်ယောက်ရှိလား ... သူခေါင်းထိသွားတယ်ထင်တယ် "

ဆေးရုံအခန်းတံခါးသည် ချက်ချင်းပွင့်လာသော်လည်း ဝင်လာသူက ဆေးရုံဝန်ထမ်းများမဟုတ်ဘဲ ဟန်ဖြစ်နေလေ၏ ။ ဟန်ကသရီရှေ့ မဝံ့မရဖြင့်ဝင်လာပြီး တံခွန်ကိုလည်း ဘာဖြစ်နေတာလဲဆိုသည့်ပုံစံဖြင့် ကြည့်လိုက်သည် ။ တံခွန်ကလည်း ပုခုံးကိုသာ တွန့်ပြလေ၏ ။

You've reached the end of published parts.

⏰ Last updated: May 02, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now