လူထုအမြင်တွင် နူးညံ့ပြီးနှစ်လိုဖွယ်ရှိသော အဆင်းနှင့်ပြည့်စုံသော တေဇာမိုးမြေဆိုသူသည် သူအခုကြုံနေရသည့်လူနှင့် တစ်ဦးတည်းမှ ဟုတ်လေစွဟုသံသယဝင်မိလေ၏ ။ အဲ့ဒီမော်ဒယ်လေးဟာ စရိုက်နှစ်မျိုးရှိသူလား ဒါမှမဟုတ်မျက်နှာဖုံးစွပ်ထားသည့် လူရမ်းကားလား သူသေချာမသိသေး ။ သရီသည် Facebook စာမျက်နှာကိုပိတ်ချလိုက်ပြီးနောက် တံခွန်အားဖုန်းခေါ်ဆိုလိုက်သည်။ သူသိလိုသောအကြောင်းအရာကို တံခွန်သေချာပေါက်သိနေလိမ့်မည်။
Ringing ....
" ပြော ... သရီ "
" ငါမင်းနဲ့ စကားပြောချင်လို့ မင်းအခုအလုပ်များနေလား "
" အင်း အခုလောလောဆယ် နည်းနည်းအလုပ်ရှုပ်နေသေးတယ် ၊ အရေးတကြီးပြောစရာရှိလို့လား "
တံခွန်သည်ဖုန်းပြောနေရင်းပင် အလုပ်လုပ်နေပုံပေါ်၍ သရီသည်သူ့ဆီကစကားအစ်ဖို့ကို ခဏလက်လျော့ထားလိုက်သည်။
" မရှိပါဘူး ... အားတဲ့တစ်နေ့ အတူသောက်ကြဖို့ ပြောမလို့ပါ ။ မင်းအလုပ်ရှုပ်နေရင်းလည်း နောက်မှအေးဆေးပြောကြတာပေါ့ "
" ခဏလေး ... မင်း တစ်ညနဲ့နေ့တစ်ဝက် အားနိုင်လား ။ ငါမင်းကို အကူအညီတချို့တောင်းချင်လို့ "
" ငါ့မှာအဲ့လောက်ထိ အချိန်တွေပေါနေရင် ကုမ္ပဏီကငါ့ကိုဘာလို့ လစာကောင်းကောင်းပေးပြီး ဒီနေရာမှာထိုင်ခိုင်းနေဦးမှာလဲ "
တစ်နာရီ နှစ်နာရီမဟုတ်ဘဲ တစ်ညလုံးနဲ့နေ့တစ်ဝက်ဆိုတော့ တံခွန်ကသူ့ကိုနောက်နေတာပဲ ။ သူ့အဖြေကြောင့် တံခွန်ကခပ်ပါးပါးရယ်လိုက်လေတော့သည်။
" မင်းမအားဘူးဆိုရင်လည်း ပြီးတာပါပဲ ။ တခြားမဟုတ်ပါဘူး ဟန်က ( --- ) ခရိုင်ဖက်ကိုတစ်ချက်သွားမယ်ပြောလို့ ။ ချည်ထည်စက်ရုံနဲ့ ဆွေးနွေးညှိနှိုင်းဖို့အတွက်တဲ့ ။ သူကငါ့ကိုအဖော်လိုက်ဖို့ ခေါ်နေလို့ ။ ဒါပေမယ့်ငါဒီနေ့တကယ့်ကို မအားလို့ကွာ ။ မင်းမအားဘူးဆိုရင်လည်း ရတယ်လေ ၊ ငါတစ်ယောက်ယောက်ကို အကူအညီတောင်း .. "
" ခဏလေး ... ငါမအားဘူးလို့ ဘယ်သူပြောလဲ ။ မန်နေဂျာတစ်ယောက်က တစ်နှစ်ပတ်လုံး နားရက်မရှိဘဲ အလုပ်မလုပ်နိုင်ပါဘူး ။ ငါအားတယ် ၊ သူနဲ့အတူ ငါလိုက်သွားလိုက်မယ် "
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...