အီး... ဟီး ...ဟီး ..
ခပ်ဆိုးဆိုးငိုသံကြောင့် တံခွန်၏နားထဲ ထော်လော်ကန့်လန့်နှင့် ။ သရီက ဟန်ကို အသေရရအရှင်ရရလိုချင်နေလို့ သူ့မှာ ဟန်ရဲ့အဆူအဆဲခံပြီး အောင်သွယ်ပေးခဲ့ရာမှ အခု သရီက ဟန်ကို လုံးဝမကြိုက်တော့ပါဘူးတဲ့ ။ ပိုဆိုးတာက တခြားတစ်ယောက်ကို Propose သွားလုပ်ခဲ့တာပဲ ။ ပုံမှန်အတိုင်းဆို အသည်းမာလွန်းတဲ့ ဟန်က အခု သရီသူ့ကို ငြင်းလိုက်လို့ဆိုပြီး အိမ်ထိ လာငိုနေလို့ သူ့မှာ ထိုင်ရအခက် ၊ ထရအခက်နှင့် ။
" တော်ပါတော့ ဟန်ရာ ။ မင်းပဲ သူ့ကိုမကြိုက်ဘူးဆိုပြီး အကြာကြီး အိုက်တင်ခံနေတာကိုး ။ တစ်ရက်လောက်သာစောပြီး သူ့ကိုအဖြေပြန်ပေးခဲ့ရင် အခုဆို မင်းတို့ အဆင်ပြေနေလောက်ပြီ "
" တစ်ခါလေး နှစ်ခါလေး သုံးခါလေး ငြင်းလိုက်ရုံနဲ့ နောက်ဆုတ်သွားစရာလား ။ ဒီတစ်ခါပြီးရင် စဉ်းစားပေးမယ်လို့ ထင်ထားတာ ။ အခုတော့ ခွန်းသရီရဲ့ လုပ်ပုံက ကောင်းသေးရဲ့လား ။ ငါ့ကို လူသိရှင်ကြား အရှက်ခွဲနေတာပဲ ။ လူတိုင်းက သူငါ့ကို Propose လုပ်မယ်ပဲထင်ထားတာ ဘယ်လိုဖြစ်ပြီး တစ်ခြားတစ်ယောက်ကို ချက်ချင်းပြောင်းကြိုက်ရတာလဲ "
" သူက မင်းသဝန်တိုအောင် လုပ်နေတာလားမှန်းမှမသိဘဲ ။ ကျစ် ... ငါလည်း မပြောတတ်တော့ဘူး ။ လောလောဆယ် ငိုတာရပ်ပြီး ထမင်းလာစား ။ မနက်က ငါ့အမေ အမဲသားတွေ ဝယ်လာတာတွေ့တယ် "
အမဲသားဟင်းလို့ ဆိုလိုက်တာနဲ့ ဟန်ရဲ့မျက်နှာက ချက်ချင်းပြောင်းသွားပြီး တံခွန်ကိုဖက်ကာ အိမ်အောက်ဆင်းသွားလေသည် ။
သရီကို သတိရလိုက်တာ ။ ပုံမှန်ဆို သူတို့သုံးယောက်က သွားအတူ စားအတူ မဟုတ်လား ။
**************
သရီသည် ကျောင်းကပြန်ရောက်တာနဲ့ သူ့ရဲ့အိမ်ရှိရာကို ပြန်လာလိုက်သည် ။ အိမ်ထဲရောက်တာနဲ့ ချက်ပြုတ်နေတဲ့မေကြီးကိုတွေ့တော့ တခဏတော့ မှင်သေသွားသည် ။ မေကြီးက တော်တော်လေးကို နုသေးတာပဲ ။ သရီသည် သူ့ရဲ့မိခင်ဖြစ်သူအနားတိုးကပ်သွားရင်း ခါးကိုဖက်ထားကာ ချွဲလိုက်သည် ။
![](https://img.wattpad.com/cover/264649092-288-k374903.jpg)
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...