ရာမင်းဟန် အသက် 25 ၊ ကျောင်းပြီးသွားပြီဖြစ်ပေမယ့် လောလောဆယ်တော့ အလုပ်လက်မဲ့ဖြစ်နေသူ ။ ရာမင်းဟန်ဆိုတဲ့ အဲ့ဒီကောင်လေးက ခွန်းသရီရဲ့အချစ်ဦးဖြစ်သလို ရည်းစားဦးလည်းဖြစ်သူ ။ ရာမင်းဟန်ကိုသိပ်ချစ်ရပြီး သူ့ရဲ့အချစ်ကိုရဖို့ ကျောင်းတစ်ပတ်ပတ်ပြေးပြီး " ရာမင်းဟန်ကို ခွန်းသရီက အသက်ထက်ပိုပြီး ချစ်ရပါတယ် " လို့ လူသိရှင်ကြား ကြေငြာပြီးချစ်ခွင့်ပန်ခဲ့တဲ့သူ ။ ရုံးခန်းမှာ ဆရာတွေရဲ့ဆူပူမှုကိုခံယူပြီး တစ်နာရီကြာ ဒူးထောက်ပြီးမှ ရာမင်းဟန်ဆီက ချစ်တယ်ဆိုတဲ့အဖြေကို ပြန်ရခဲ့တာ ။အဲ့ဒီအချိန်တုန်းက ခွန်းသရီရဲ့ ချစ်တတ်မှုကြီးကတော့ တစ်ကျောင်းလုံးမှာ ပြိုင်ဖက်မရှိအောင်ပဲ ။ ရာမင်းဟန်ဆို ဘယ်သွားသွား ခွန်းသရီရဲ့ အသဲတုံးဆိုတဲ့ နာမည်ပြောင်တောင် ရခဲ့တာ ။ ဒါပေမယ့် ခွန်းသရီ အခု ရာမင်းဟန်နဲ့ လမ်းခွဲပြတ်စဲချင်နေတယ် ။ ခင်ဗျားတို့မှားမြင်တာမဟုတ်ဘူး ၊ ခွန်းသရီက တကယ်ကြီးကို ရာမင်းဟန်နဲ့ လမ်းခွဲချင်နေပြီ ။
အကြောင်းရင်းကတော့ သူ ရာမင်းဟန်ကို သည်းမခံနိုင်တော့ဘူး ။ ဒီ Relationship ကို အမြန်ဆုံး အဆုံးသတ်ချင်နေပြီ ။ သူ အရမ်း စိတ်ကုန်လှပြီ ။
နောက်ထပ်ပြသနာတစ်ခုက လမ်းခွဲစကားကို သူ့ဖက်ကနေစပြီး မပြောရဲဘူး ။ သူ ရာမင်းဟန်ကို ချစ်ခဲ့သလောက် ကြောက်ခဲ့ရသောကြောင့်ဖြစ်သည် ။
တစ်ခါကစကားစပ်မိလို့ သူ ရာမင်းဟန်ကို မတော်တဆ သူတို့လမ်းခွဲဖြစ်ခဲ့ကြရင် ဘယ်လိုလုပ်မှာလဲဆိုတဲ့ မေးခွန်းကို ရာမင်းဟန်က " သရီသာ ထားသွားရင် သရီကို သတ်ပြီး သရီရဲ့ နောက်ကိုလိုက်လာမယ် "ဆိုတဲ့အဖြေကြောင့် သူ့မှာ တော်တော်လေး လန့်သွားခဲ့ရသည် ။ ခြိမ်းခြောက်တယ်ဆိုပေမယ့် ရာမင်းဟန်က ဒေါသကြီးတတ်တဲ့လူစားထဲပါလို့ အရမ်းတော့မလုပ်ရဲ ။
***********
လူတစ်ယောက်အပေါ် အရမ်းနဲ့ အားကိုးမှီခိုမိသွားရင် ၊ ကိုယ့်အတွက် ပျက်စီးခြင်းလမ်းကြောင်းက အဲ့ကစတော့တာပဲ ။ ဘဝမှာ သူသာရှိနေရင် ပြည့်စုံတယ်လို့ ယုံကြည်မိသမျှ သူက ကိုယ့်အတွက်ပြည့်စုံခြင်းမဟုတ်ဘူးလို့ သံသယဝင်လာမိရင် နူတ်ဆက်ခြင်းက အဲ့ကစတာပဲ ။ ဒီလူက ကိုယ့်ရဲ့ကမ္ဘာကြီး ၊ ကိုယ်က သူ့ရဲ့အရာရာလို့ တစ်ဦးနဲ့တစ်ဦး ခံယူထားရာကနေ တစ်ဦးအပေါ်တစ်ဦး အထင်ကြီးလေးစားမှုမရှိတော့ရင် သူတို့ရဲ့လမ်းအဆုံးက အဲ့က စတာပဲ ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...