" တံခွန် .........."
" အင်း.... ပြော .... "
ပြောလို့ဆိုနေပေမယ့် သူ့ကိုအရေးမလုပ်ဘဲ ဝယ်လာတဲ့ဖုန်းအသစ်ကို သူဥထားတဲ့ဥလို တယုတယကိုင်တွယ်ကာ စိတ်ဝင်တစားကြည့်နေသည့် တံခွန်ကို သရီက ခြေထောက်နဲ့ကန်ရင်း မေးလိုက်သည် ။
" မင်း မျက်လုံးထဲမှာ ဟန်ကို ချစ်ဖို့ကောင်းတယ်လို့ထင်လား "
"ဟန်က ချစ်ဖို့ကောင်းတာထက်ကိုပိုပြီး လှတယ်လို့တောင် တင်စားလို့ရတာပါနော် ။ မင်းကသာ မျက်လုံးပြာသွားပြီး အဖြေရကာနီး ပြောင်းလဲသွားတာ "
သရီကတော့ အားကစားကွင်းထဲမှာ ချွေးတလုံးလုံးနဲ့ ဒိုက်ထိုးနေတဲ့ ဟန်ကိုကြည့်ကာ ခေါင်းကိုသာရမ်းနေမိသည် ။
" သူလည်း နောက်လေးငါးနှစ်နေရင် ပြောင်းလဲသွားမှာသိလား ။ ဒါကြောင့် ငါအခုကတည်းက ပြောင်းလဲလိုက်တာက နှစ်ဦးနှစ်ဖက်အတွက် ကောင်းသွားလောက်မှာပါ "
" သူပြောင်းလဲသွားမှာပါဆိုတာကို မင်းအာမခံနိုင်လား ။ မင်းက အနာဂတ်ကို ကြိုသိနေလို့လား။ ဆင်ခြေတွေမပေးဘဲ သူ့ကိုဒီအတိုင်း ဝန်ခံလိုက်စမ်းပါ .. မချစ်တာလည်း မဟုတ်ဘဲနဲ့ "
တံခွန်ကပြောတော့ သရီရဲ့မျက်နှာကပြောင်းလဲသွားပြီး ဖင်ပိတ်ငြင်းလေတော့သည် ။
" ဟေ့ကောင် ... ငါ သူ့ကိုမချစ်တော့ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ ။ သူ .. သူက နည်းနည်းလေး ချစ်ဖို့ကောင်းနေသေးပေမယ့် ဒါက ထောင်ချောက်ကွ ။ ငါ သူ့ကို တကယ် .. မ . .ချစ် .. "
ချွေးတလုံးလုံးနဲ့ သူ့ဆီပြေးလာသည့် ဟန်ကို မြင်တော့ သရီရဲ့ အသံအားလျော့သွားပြီး ထိုလုံးလုံးလေးကိုသာ ငေးကြည့်နေမိသည် ။
လှလိုက်တာ...
တံခွန်ပြောသလိုပဲ ဟန်က ချစ်ဖို့ကောင်းတာထက်ကိုပိုပြီး လှနေတာ ။ သူ့ရဲ့လှုပ်ရှားမှုတိုင်းက အနုပညာဆန်နေသလိုမျိုး ။ သူ့ရဲ့မျက်နှာအစိတ်အပိုင်းတိုင်းက ဖန်ဆင်းရှင်က အချိန်ယူဖန်ဆင်းထားသလိုမျိုး ပြီးပြည့်စုံနေတာ ။
ဒီလောက်ထိ ချွေးတွေထွက်နေတာတောင်မှ သူ့အသားအရည်က ဘာလို့ကြည်လင်ပြီး မျက်နှာက ဝင်းနေရတာလဲ ။ စိတ်ထိန်း .. . သရီ ...ဒါက ထောင်ချောက် ။ တစ်ခါဆို မင်းအမှားမဟုတ်ပေမယ့် နှစ်ခါဆို မင်းအမှားဖြစ်သွားပြီ ။ မင်းရဲ့စိတ်ကို ပြန်စုဆည်းပြီး ချစ်ဖို့ကောင်းတဲ့ ဟန်ရဲ့မျက်နှာနေရာမှာ နောက် ၉ နှစ်ကြာရင် မင်းကိုသတ်ပစ်ဖို့ကြံတဲ့ ရာမင်းဟန်ကိုအမှတ်ရလိုက် ။ အဲ့ဒီနေ့က ဘယ်လို သွေးအေးအေးနဲ့ သူ့ကိုတွန်းချခဲ့လဲ ။ တစ်စက်လေးတောင်မှ နောင်တမရှိတဲ့ မျက်ဝန်းတွေနဲ့လေ ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...