မှန်ပေါ်တွင်ပေါ်နေသော သူ့ရဲ့ပုံရိပ်ကိုကြည့်ပြီး ဟန်တစ်ယောက် စိတ်ပျက်လက်ပျက်နှင့်သာရယ်လိုက်မိတော့သည် ။ သရီကသူ့ရဲ့ပင်ကိုယ်စရိုက်နဲ့မတူဘဲ တမျိုးပြောင်းလဲသွားတာကို အနည်းငယ်တော့အံသြမိ၏ ။ သို့သော်သူဒါကို သဘောကျနှစ်ခြိုက်နေမိသလို ခံစားရသည်။ သရီရဲ့အေးစက်စက်ပုံစံကို မြင်ရတာထက် အခုလိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပုံစံကို သူသဘောကျတယ် ။ ကြိုက်တယ်ဆိုပေမယ့်လည်း အမြဲတမ်းဒီလိုကြမ်းတမ်းနေရင် မဖြစ်ချေဘူး ။ ဒါကရံဖန်ရံခါပဲ ကောင်းတာလေ ။
သူ့ရဲ့လည်ပင်းပေါ်က အမှတ်တွေကို ဖုံးဖို့ကြံနေတုန်း သရီကရေချိုးခန်းထဲကို ဝင်လာသဖြင့် ဟန်ကမှန်ကနေသာသူ့ကိုကြည့်လိုက်သည်။
" အိမ်ပြန်မှာလား ၊ ကုမ္ပဏီကို တန်းသွားမှာလား "
သရီက ချက်ချင်းပြန်မဖြေဘဲ သူ့ဘေးကိုလာရပ်ရင်း ရေကိုဖွင့်ချလိုက်သည် ။ ထို့နောက်မျက်နှာကိုရေဖြင့်အားရအောင် သစ်ချပြီးမှ မှန်ပေါ်မှာပေါ်နေတဲ့ သူ့ရဲ့ပုံရိပ်ကို စိတ်ကျေနပ်စွာကြည့်ရင်းပြုံးလိုက်၏ ။
" မင်းနဲ့အတူတူ ကုမ္ပဏီကိုသွားမယ် ။ မနေ့တုန်းက မင်းသူနဲ့အတူလာတုန်းက ငါဘယ်လိုခံစားခဲ့ရလဲဆိုတာ မင်းရဲ့ဟိုတစ်ယောက် သိအောင်လုပ်ရမယ် "
" သရီ ..... ကလေးမဆန်ရင်ကောင်းမယ်ထင်တယ် ။ အနည်းဆုံးတော့ ငါတို့ရဲ့ဂုဏ်သိက္ခာအတွက် ဆင်ခြင်သင့်တယ်လေ "
" ဂုဏ်သိက္ခာ ... ၊ မင်းလှေနှံနှစ်ဖက် နင်းမယ်ဆိုကတည်းက ဒါကိုကြိုမစဉ်းစားခဲ့ဘူးလား ။ ငါကတော့ ဒါကိုကြိုတွေးထားပြီးသား ၊ ငါ့ဘဝတစ်လျှောက်လုံး ဂုဏ်သိက္ခာအတွက် တိုက်ခိုက်လာပြီးပြီ ။ အခုကစ ငါ့အတွက်ငါပဲတိုက်ခိုက်တော့မယ် ။ ငါလိုချင်တဲ့အရာကို ရအောင်ယူမယ် ။ ငါသွားချင်တဲ့လမ်းကို ရောက်အောင်သွားမယ် ။ ဒီတော့ မင်းဘာဆက်လုပ်သင့်လဲ ကိုယ့်ဘာကိုယ်စဉ်းစား "
ဟန် အံသြတုန်လှုပ်စွာဖြင့် သရီကိုကြည့်နေမိသည် ။ သူဘယ်တုန်းကမှ မခန့်မှန်းခဲ့ဖူးသော သရီ၏ပုံစံကိုမြင်တွေ့ရတာ သူ့အတွက်တော့ ထူးဆန်းအံ့သြဖွယ်ပင် ။ ဒါကကောင်းတာလား ဆိုးတာလားမသိပေမယ့် ဒီအခြေအနေကို သဘောကျသည်ဟုဆိုရင် သူသိပ်များဆိုးလွန်းနေမလားမသိ ။ လူတစ်ယောက်ကို ရူးရူးမိုက်မိုက်ဘယ်လိုချစ်ရမလဲဆိုတာ သရီကိုသတဖြေးဖြေးနဲ့ သင်ပေးရတော့မှာပဲ ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...