28

2.2K 235 33
                                    

ရုံးခန်းထဲရောက်တာနဲ့ ဟန်ကသရီကို ဆက်တိုက်ဖုန်းခေါ်ခဲ့သော်လည်း သရီကမဖြေကြားသဖြင့် နောက်ဆုံး စာတိုတစ်စောင်ပို့ကာအလုပ်ခန်းထဲသို့ ဝင်သွားလိုက်သည် ။ တခဏအကြာမှာတော့ သူ့ရဲ့များပြားလှတဲ့အလုပ်ကြား သရီကိုမေ့လျော့သွားကာ အလုပ်အပေါ်ကိုသာ အာရုံစိုက်နေခဲ့တော့သည် ။

နေ့လည်စာစားချိန်ရောက်တော့ သရီနဲ့တွေ့နိုင်ကောင်းပါရဲ့ဟုတွေးရင်း အလုပ်ကိုခဏနားကာ ကုမ္ပဏီ၏ cafeteria သို့တစ်ဦးတည်းထွက်လာခဲ့လိုက်သည် ။ သူရောက်သွားတော့ သရီကတခြားမန်နေဂျာတစ်ဦးနှင့်အတူ နေ့လည်စားစားနေသည်ကို တွေ့လိုက်ရသဖြင့် ဟန်ကသူစားမည့်ပန်းကန်ကိုယူကာ ထိုနေရာသို့သွားလိုက်သည် ။

" ထိုင်လို့ရတယ်မဟုတ်လား ... "

သူ့အသံကိုကြားတော့ သရီကတစ်ချက်မျှစောင်းကြည့်ကာ မည်သို့မျှပြန်မပြောဘဲ စားလက်စကိုသာ ဆက်စားနေခဲ့သည် ။ အတူထိုင်နေသည့်တခြားမန်နေဂျာကသာ ဟန်ကိုကြိုဆိုလေ၏ ။

" အာ ... ထိုင်ပါ ... "

ဟန်ကသရီ၏ဘေးတွင် ဝင်ထိုင်ရင်း သူ့မျက်နှာအမူအရာကို အကဲခတ်လေ၏ ။

" GM ကအလုပ်များနေတယ်ထင်တယ်နော် ။ ကျွန်တော်ရဲ့ဖုန်းကို မကိုင်နိုင်ဘူးဆိုတော့လေ "

" အင်း .. "

သရီက ခပ်တိုတိုပြန်ဖြေရင်း ဟန်ကိုအရေးမစိုက်သလိုလုပ်သည် ။ ရှေ့မှာထိုင်နေတဲ့တခြားမန်နေဂျာတစ်ဦးက ဟန်ကိုအားတုံ့အားနာဟန်ကြည့်ပြီး ပြုံးပြလေတော့သည် ။

" ဟုတ်တယ် ... အခုတလော အစည်းအဝေးတွေက ဆက်တိုက်ရှိတဲ့အပြင် project အသစ်တွေပါ စီမံနေရတော့ GM ကအလုပ်ရှုပ်နေတာဖြစ်မယ် "

" အော် ... ဟုတ်လား .. ."

ဟန်က ခပ်တိုးတိုးသာဖြေရင်း တိတ်ဆိတ်စွာနေကာ ပန်းကန်ထဲက အသားဖတ်တွေကိုသာထိုးကော် စားလိုက်သည် ။ အမှန်တိုင်းပြောရရင် သရီသူ့ကိုသဝန်တိုတာကို သဘောကျပေမယ့် ဥပေက္ခာပြုတာကိုတော့ သဘောမကျ ။ သရီသာ သဝန်တိုပြီး သူ့ကိုပြသနာတွေရှာမယ်ဆိုရင် သူနဲ့နေဒွန်း ဟန်ဆောင်တွဲနေတဲ့ကိစ္စကို ဖွင့်ပြောလိုက်တာမျိုးပဲဖြစ်ဖြစ် ဖြေရှင်းလိုက်မိမှာဖြစ်ပေမယ့် အခုသရီက သွေးအေးအေးနဲ့သူ့ကိုရှောင်ဖယ်တော့ လူကဒေါကသထွက်ချင်လာသလိုပင် ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now