သူနဲ့သရီ တစ်ယောက်ကိုတစ်ယောက် အပြစ်တွေတင်ပြီး ရန်ဖြစ်နေကြသည့်မြင်ကွင်းက တကယ့်မြင်ကွင်းအစစ်လို ရှင်းရှင်းလင်းလင်းမြင်နေရသည် ။ သူဟာဤမြင်ကွင်းကို ရုပ်ရှင်ပိတ်ကားပေါ်မှာကြည့်နေသလို ရပ်ကြည့်နေခဲ့၏ ။
သရီက သူ့အားစိတ်ပျက်နေသည့်အပြုအမူသည် ဘာကြောင့်သိပ်ပြီးအသက်ဝင်နေရတာလဲ ။ သူကရော ဘာကြောင့်သရီကို ပိုပိုစိတ်ဆိုးဒေါသထွက်နေရတာလဲ ။
" မင်းကိုချစ်ကြည့်ဖို့ကြိုးစားပါသေးတယ် ။ ဒါပေမယ့် ငါမင်းကိုဘယ်လိုမှ မချစ်နိုင်တော့ဘူး "
ထိုစကားကြောင့် သူ့ရှေ့ကဟန်ကဒေါသထွက်နေပုံပေါ်ပေမယ့် သူကိုယ်တိုင်ကတော့ မယုံနိုင်စွာဖြင့် ဝမ်းနည်းသွားသည် ။ သရီဘာကြောင့်များ ဒီလိုပြောရက်တာလဲ ။
သရီနဲ့ဟန်ကတော့ သူ့ကိုမြင်ပုံမရဘဲ နှစ်ဦးသားအပြိုင်အဆိုင် စကားနိုင်လုရင်း ရန်ပွဲစနေ၏ ။ ထိုနောက် သူ့ရဲ့ပုံရိပ်ထဲကဟန်က သရီကိုဖန်ခွက်ဖြင့် ပစ်ပေါက်လိုက်သဖြင့် သူကိုယ်တိုင်တောင်မှ အံသြမိသွားသည် ။ သူကဒီလောက်ထိဒေါသကြီးတဲ့ သူမျိုးလား ။
သရီကသူ့ကိုပြန်ပြီးရန်မပြုခဲ့ပေမယ့် စိတ်ပျက်ဖွယ်ရာအတိနှင့်ကြည့်နေသောမျက်ဝန်းများက သူ့ရင်ဝအားဆောင့်ကန်လိုက်တာထက်ပင် နာကျင်ဖွယ်ရာကောင်းလှသည် ။
သူတို့နှစ်ယောက်ဟာ စကားများရန်ဖြစ်နေရင်း သူကခရီးဆောင်အိတ်ကိုယူကာ လမ်းမအတိုင်းထွက်လာခဲ့သည် ။ ထို့ကြောင့်သရီကသူ့ကို အနောက်ကနေချက်ချင်းလိုက်လံချော့မော့နေလေ၏ ။
သရီနဲ့ပြန်လိုက်သွားပါလားလို့ သူမဟုတ်တဲ့သူ့ရဲ့ပုံရိပ်ကို ဟန်ကပြောနေပေမယ့် အဲ့တစ်ယောက်ကကြားပုံမရ ။ ဒေါသတကြီးနဲ့ ကားလမ်းပေါ်လျှောက်လာနေဆဲ ။ ပလက်ဖောင်းတစ်ခုနားရောက်တော့ သူကရပ်နေခဲ့သည် ။ သရီကသူ့ကိုတောင်းပန်နေကာ ပါးစပ်ဖျားမှလည်း ချော့မော့နေခဲ့သည် ။ သို့သော်သူ့အား ပိုမိုဒေါသထွက်စေသော စကားများကိုလည်း သရီကရွေးချယ်ပြောခဲ့လေ၏ ။
" ငါတို့ရဲ့ CEO ကို ဘယ်လိုနည်းနဲ့မြူစွယ်လိုက်လို့သူမင်းကိုနေရာကောင်းပေးတာလဲဆိုတာ ငါမသိဘူး ။ သေချာတာကတော့ မင်းမှာဘာအရည်အချင်းမှမရှိဘူးဆိုတာပဲ "
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...