23

2.2K 275 145
                                    

လက်ထဲကဖုန်းကိုအာရုံစိုက်နေသဖြင့် သရီသည်ရှေ့ကိုအာရုံမစိုက်မိဘဲ သူ့အနားတွင်ရောက်လာသောအမှိုက်လှည်းဖြင့် တိုက်မိမလိုဖြစ်သွားသဖြင့် နောက်ကိုလှန်ကျမလိုဖြစ်သွားသည် ။ သို့သော်လက်တစ်စုံက သူ့ကျောပြင်ကိုဖမ်းကိုင်လိုက်သဖြင့် သရီသည်ခြေတစ်ဖက်မြောက်လျက် လေထဲတန်းလန်းဖြစ်သွားသည် ။

" သတိထားလေ ... ဒီလိုနဲ့ပဲ နောက်တစ်ကြိမ်သေသွားနေဦးမယ် "

သူ့ကိုဖမ်းဆွဲလိုက်သောကျေးဇူးရှင်ကို ကျေးဇူးတင်စကားမဆိုရသေးမှီ ၎င်း၏မျက်နှာကိုမော့ကြည့်လိုက်တော့ သူ့အားထူးထူးဆန်းဆန်းစကားဆိုဖူးသည့် အဖိုးအိုကြီးဖြစ်နေလေ၏ ။

" အဖိုးပဲ ... "

ဒီတစ်ခါတော့ သူကပြုံးလျက်နူတ်ဆက်လိုက်၏ ။ ဘာမှန်းညာမှန်းသေချာမသိသေပေမယ့် သွားနောက်လို့တော့မရသေးဘူး ။ သူသိချင်တာအများကြီးရှိနေသေးတာကိုး ။

" မင်းငါ့ကိုတွေ့ချင်နေမယ်ထင်လို့ မင်းကိုလာတွေ့တာ "

အဖိုးကြီးကသူ့အားလွှတ်ပေးကာ အမှိုက်လှည်းကို အပြင်ဖက်ဆီတွန်းသွားရန်ပြင်လေ၏ ။ သရီကလည်း ၎င်းနောက်ထပ်ကြပ်မကွာလိုက်လာလေ၏။ ကုမ္ပဏီပြင်ပတွင် အမှိုက်လှည်းကရပ်တန့်သွားပြီး နှစ်ဦးလုံးက ပလက်ဖောင်းနှင့်အနီးဆုံးတွင် ရပ်နေကြသည် ။

" ဒါနဲ့ဘယ်တုန်းက ကျွန်တော်တို့ကုမ္ပဏီမှာ သန့်ရှင်းရေးသမားဖြစ်သွားတာလဲ "

" ငါဖြစ်ချင်ရင် သူဌေးတောင်ဖြစ်လို့ရတယ် "

" အဲ့လောက်လွယ်လား .. "

" လွယ်တာပေါ့ ၊ ဒါနဲ့မင်းက ငါပြောတာကို လွယ်လွယ်လေး ယုံလိုက်တာလား "

အဖိုးကြီးကသူ့အားရယ်ရင်း ပြန်ကြည့်လာသည် ။ သူနဲ့ထိုအဖိုးကြီးကို မည်သူမှလည်းအာရုံစိုက်နေပုံမရ ။ သရီကတော့ ပြုံးလျှက်သာ အတူထွက်လာရင်း လက်ထဲကနာရီကိုကြည့်လိုက်သည် ။ သူ့မှာအချိန်အနည်းငယ်ပိုနေသေးသည် ။

" ကျွန်တော်တောင် အတိတ်ကိုပြန်လာနိုင်သေးတာပဲ ။ ဒီလောကကြီးမှာ ထူးဆန်းတဲ့ဖြစ်ရပ်က တစ်ခုတည်းရှိနိုင်တာမှမဟုတ်တာ ။ ဒါနဲ့အချိန်ရရင် ကော်ဖီအတူသောက်ရအောင်လေ "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now