-သရီကတော့ သူ့ကိုယ်သူရှေ့တစ်လှမ်းကိုကြိုတွေးကာ လုပ်နိုင်ခဲ့ပြီထင်သော်လည်း ကံတရားက သူ့ကိုလုံးဝမျက်နှာသာမပေး ။ သူ ဟန်နဲ့ပြန်အဆင်ပြေဖို့ သေချာလေးစီစဉ်ထားကာမှ မထင်မှတ်ထားသောအရာတွေက ဖြစ်ပေါ်လာသည် ။ ကုမ္ပဏီကိုရောက်ရောက်ချင်း ဟန်က CEO နှင့် ဒိတ်နေသည်ဆိုသည့်အကြောင်းကို အရင်ဦးဆုံးကြားလိုက်ရသောကြောင့်ဖြစ်သည် ။ သူဒါကိုမယုံ ၊ ဟန်ကလည်းသူ့အပေါ်ပျော့ပျောင်းညင်သာနေပါရက်နဲ့ အချိန်နည်းနည်းလေးအတွင်းမှာ သူတို့နှစ်ယောက်ဟာ အရင်လိုပြန်ဖြစ်နိုင်ပါရက်နဲ့ တခြားတစ်ယောက်နဲ့နေ့ချင်းညချင်းတွဲလိုက်တယ်ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လား ။
သူဟန့်ကိုစိတ်ဆိုးမိသည်ဆိုတာ မှန်သောစကားပါ ။ သူဖွင့်ပြောခဲ့တုန်းက ဟန်ဘာလို့ပြုံးနေခဲ့တာလဲ ၊ အဲ့တုန်းက ဟန်ကဒါကို မျှော်လင့်နေတဲ့ပုံစံမဟုတ်လား ။ အခုတော့ တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ ။
အဝေးကနေ ဟန်နှင့်CEO လမ်းလျှောက်လာတာကိုမြင်တော့ သူဟာမသိချင်ယောင်ဆောင်ပြီး ကောင်တာနားမှာရပ်နေလိုက်သည် ။
" ဘောပင်တစ်ချောင်းပေး ... "
သူ့တွင်ဘောပင်ပါလာပါသော်လည်း ကြည့်ကောင်းအောင်လို့ ကောင်တာမှာရှိနေတဲ့ Customer Service ဝန်ထမ်းအမျိုးသမီးကို ဘောပင်တစ်ချောင်းတောင်းရင်း သူ့မှာပါလာသည့် note စာအုပ်ထဲတစ်ခုခုကို ရေးမှတ်လိုက်သည် ။ မျက်လုံးကတော့ ခမ်းလှမ်းလှမ်းက လူနှစ်ဦးကိုအကဲခတ်ကြည့်နေရင်း မျက်နှာကပျက်နေသည် ။
" Morning ...."
CEO ၏နူတ်ဆက်သံတွင် ချိုမြိန်မှုများကို ခံစားနေရပြီး မျက်နှာကမှိုရထားသလိုပင် ။ ဟန်ကပြုံးပေမယ့် သူ့ပုံစံမဟုတ်သလိုပင် ။ CEO သည်သူ၏အပေါ်ဝတ်ကုတ်အင်္ကျီကို ဟန်၏ကိုယ်ပေါ်တွင်လွှားထားပေးပြီး ပထမဦးဆုံးနေ့မှာပင် ဟန်ကိုသူပိုင်ကြောင်း လူတကာသိစေလေ၏ ။
" Morning ... GM "
သူ့ကိုမြင်တော့ CEO ကနူတ်ဆက်ရင်း သူ့အနားလျှောက်လာလေ၏ ။ ဟန်ကတော့မျက်နှာသိပ်မကောင်းဘဲ သူ့အားထူးဆန်းစွာငေးကြည့်နေလေသည် ။ လူအများရှေ့မှာရှိနေသဖြင့် သရီသည်သူတို့နှစ်ဦးလုံးကို ဝတ်ကျေတမ်းကျေဖြင့် သုန်မှုန်စွာ နူတ်ဆက်လိုက်သည် ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...