32

2.4K 235 18
                                    

အတော်လေးကိုတိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင်တစ်ခုဆီသို့ သရီကဟန်ကိုခေါ်လာလေသည် ။ ဆိုင်ထဲကိုရောက်တော့ သရီက Menu ထဲကနေ ကော်ဖီနှစ်ခွက်နှင့်စားစရာတချို့ကိုမှာယူလိုက်သည် ။ ဝန်ထမ်းအနည်းငယ်သာရှိသောကော်ဖီဆိုင်လေးသည် ကြီးသည်ဟုမဆိုနိုင်ပါသော်လည်း သေးသည်ဟုလည်းမဆိုနိုင် ။ ဆိုင်ထဲတွင် ဧည့်သည်ဟူ၍ သူတို့အပါအဝင် ထောင့်ဆုံးနားက လူငယ်စုံတွဲတစ်တွဲသာရှိသည် ။ သို့သော်လည်း တိတ်ဆိတ်နေသည့်အခြေအနေကိုသဘောကျတာကြောင့် ဟန်ကအေးအေးလူလူထိုင်နေခဲ့သည် ။

" မင်းရဲ့ဒီဇိုင်းကို တခြားသူနာမည်နဲ့ ထုတ်တယ်ဆိုတာက ဒီဇိုင်းခိုးတာနဲ့ဘာကွာလို့လဲ "

ကော်ဖီခွက်ကိုရှေ့မှာချထားရင်း သရီကသူ့ဘေးကဟန့်ကိုစိတ်မကောင်းစွာဖြင့်ကြည့်လိုက်သည် ။ ကော်ဖီဆိုင်တွင်ဖြစ်နေသော်လည်း ဧည့်သည်ဟူ၍များများစားစားမရှိသဖြင့် သရီကဟန်၏ဘေးတွင်ကပ်ထိုင်ခဲ့သည် ။

ဟန်ကတော့ သူတို့ကိုသိသိသာသာတိုက်ခိုက်လာတဲ့လူတစ်ယောက်ကို ဘယ်လိုနည်းလမ်းနဲ့အနိုင်ယူရမယ်ဆိုတာကို မသိတော့သဖြင့် အနည်းငယ်တော့စိတ်ပျက်ရသည် ။ သို့သော်သရီဝမ်းနည်းသွားမှာကိုလည်း စိုးရိမ်ရပြန်သဖြင့် မျက်နှာမပျက်အောင်ထိန်းလိုက်သည် ။

" ဒါကအထူးအဆန်းမဟုတ်ပါဘူး ။ တချို့ကုမ္ပဏီကြီးတွေလည်း နာမည်သိပ်မရှိသေးတဲ့ဒီဇိုင်းနာတချို့ရဲ့ဒီဇိုင်းတွေကို လူသိများတဲ့ဒီဇိုင်းနာနာမည်အောက်က ထုတ်တာမျိုးကြားဖူးတယ် ။ ပြီးတော့ဒီဇိုင်းတွေကို ကုမ္ပဏီကပိုင်တယ်ဆိုတော့ တရားစွဲလို့လည်းမရဘူးလေ "

" ဟန် ........ "

" ပြောလေ "

" နိုင်ငံခြားကိုပြန်သွားပါလား ။ ဟိုမှာမင်းအတွက် အခွင့်အရေးပိုများမယ်လို့ထင်တယ် "

" မဆိုင်ပါဘူး ၊ အခွင့်အရေးဆိုတာ ကိုယ်ကဖန်တီးရတာမျိုးပါ ။ ဒါနဲ့မင်းတကယ်ပဲ တိုက်ခန်းကိုပြန်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား ။ ဒီတိုက်ခန်းအတွက် မင်းပေးချေရမယ့်တန်ဖိုး ဘယ်လောက်ကျန်သေးလို့လဲ ။ ငါမင်းအတွက်ကူပြီး သွင်းပေးလို့ရပါတယ် "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now