တေဇာမိုးမြေသည် ထွက်ပေါ်လာသော အတင်းအဖျင်းများကို ဖြေရှင်းချက်မပေးဘဲ သို့လောသို့လောဖြစ်စေသော ပုံတစ်ပုံကိုတင်လိုက်သည် ။ ထိုပုံကတော့ လူတစ်ဦး၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့်ပုံဖြစ်သည် ။ သူ့ရဲ့လက်ချောင်းရှည်ရှည်က အနည်းငယ်သွယ်လျပြီးသေးသည့်လက်ပိုင်ရှင်၏ လက်ကောက်ဝတ်ကို လက်ချောင်းများဖြင့်ကွင်းကာကိုင်ထားသဖြင့် မှတ်ချပြုသူတချို့တွင် အဖွဲ့နှစ်ဖွဲ့ကွဲသွားလေ၏ ။ တစ်ဖွဲ့ကတော့ မိုးမြေတွင်ချစ်သူရှိနေပြီးဟုလည်းကောင်း နောက်တစ်ဖွဲ့ကတော့ ထိုလက်ပိုင်ရှင်သည်မိန်းကလေးတစ်ဦးမဟုတ်နိုင်၍ မိတ်ဆွေတစ်ဦးနှင့် စနောက်ကာတင်ထားတာဖြစ်နိုင်သည်ဟူ၍လည်းကောင်း ဖြစ်သည် ။ ဒါဟာ ထွက်ပေါ်လာသော အတင်းအဖျင်းအရ သူ့တွင်အမှန်တကယ်ချစ်သူ ရှိနေအလားပင် ။
ထိုဓာတ်ပုံကိုမြင်တော့ နေဒွန်းအတော်လေးဒေါသထွက်ရသည် ။ တေဇာမိုးမြေက ဟန်နဲ့ပြန်နွယ်ဖို့ ခြေလှမ်းစနေပြီမဟုတ်လား ။ ဟန့်ရဲ့ဂုဏ်သိက္ခာကိုပြန်ဆယ်ဖို့ဆိုရင် သူတို့ရဲ့ဇာတ်လမ်းဟာ သုံးပွင့်ဆိုင်ဇာတ်လမ်းမဟုတ်ဘူးဆိုတာကို သက်သေပြရပေမည် ။ ဒါကလည်းအရင်ဆုံး သက်သေပြနိုင်သူက ပိုအသားစီးရနိုင်၏ ။ အခုတော့ တေဇာမိုးမြေက ဒါကိုခြေတစ်လှမ်းရွေ့ဖို့ ပြင်လိုက်တာပဲ ။ အဲ့ဒီကောင်လေးကို လျော့တွက်လို့တော့မရဘူးပဲ ။
ဟန်ကတော့ သူ့ရဲ့အတင်းအဖျင်းတွေကို လျစ်လျူရှူရင်း ကုမ္ပဏီ၏ brand တံဆိပ် show room များရှိရာ လှည့်ပတ်စစ်ဆေးနေလိုက်သည် ။ Mask ကိုတပ်ဆင်ထားသဖြင့် လူအများကသတိထားမိမည်မထင် ။ သူကအောင်မြင်နေသည့်လူတစ်ဦးဟုဆိုနိုင်သော်ငြား နာမည်ကြီးလူသိများသည့် celebrity တစ်ဦးမဟုတ်တာကြောင့် သူ့ရဲ့ industy ထဲကမဟုတ်လျင် လွယ်လွယ်သတိထားမိကြမည်မဟုတ် ။ Show Room ထဲတွင် ဈေးဝယ်သူအများစုက brandအမှတ်တံဆိပ် အဝတ်စားများကိုရွေးချယ်ဝယ်ယူနေကြသဖြင့် ဟန်ကလည်းရောယောင်ကာ ၎င်းတို့နှင့်အတူ ကြည့်လိုက်သည် ။
Show room တွင် တေဇာမိုးမြေ၏ပုံအပါအဝင် တခြားမော်ဒယ်များက brand တံဆိပ်ကိုဝတ်ဆင်ထားသော poster ပုံများကို ခမ်းနားစွာပြသထားသည် ။ သက်လတ်ပိုင်းအမျိုးသားအမျိုးသမီးများကို Target ထားထုတ်ဝေသည့် collection ဖြစ်တာကြောင့် customer အများစုသည် ငယ်ရွယ်သောအမျိုးသား အမျိုးသမီးများနှင့် သက်လတ်ပိုင်းအမျိုးသား အမျိုးသမီးများဖြစ်ကြလေသည် ။
YOU ARE READING
ချစ်မိခဲ့တဲ့ ၉ နှစ်တာ
Romanceလူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှိကြမယ်လို့ ကျွန်တော်ယုံတယ် ။ မတော်တဆ အဲ့ဒီအခွင့်အရေးက ကျွန်တော့်မှာသာ ရှိလာခဲ့ရင်တော့.... cover credit to the owners of the original drawings လူတော်တော်များများက အတိတ်ကိုပြန်ပြင်ချင်တဲ့ စိတ်ဆန္ဒရှ...