15

3.1K 337 52
                                    

ဟန်ကသူနဲ့စားပွဲတစ်ဝိုင်းတည်းတွင်ထိုင်နေတာကြောင့် သရီ၏စိတ်အာရုံတို့သည် ဟန်ထံတွင်မကြာခဏကျရောက်နေလေ၏။ CEO ကလည်းဟန်အနားသို့ကပ်ကာ တီးတိုးပြောဆိုနေတာကြောင့် မြင်ရတာစိတ်ကျဉ်းကြပ်လှသည် ။ ဥက္ကဌကြီးကမွေးနေ့ရှင်ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးပြသနာကြောင့် လူရှေ့တွင်အကြာကြီးရှိမနေဘဲ ဧည့်သည်တော်တစ်ချို့ကိုနူတ်ဆက်ပြီး ပြန်သွားသည်ဟုသိရသည်။

" ကိုကို ... "

သူ့နံဘေးတွင် ဝင်ထိုင်လာသောအမျိုးသမီး ။ အမျိုးသမီးဟုဆိုတာထက် မိန်းကလေးငယ်ဟုဆိုရမည် ။ သူမသည် လှပသောဝတ်စုံကို လိုက်ဖက်စွာဝတ်ဆင်ထားတာကြောင့် ကြည့်လိုက်တာနဲ့သူမ၏အဆင့်အတန်းကို ခန့်မှန်းနိုင်ပေ၏ ။

" နွယ် .... ဥက္ကဌကြီးနဲ့လိုက်မပြန်ဘူးလား ။ ဖိုးဖိုးတော့စိတ်မချဖြစ်နေတော့မှာပဲ "

" စိတ်မချရအောင် နွယ်က ကလေးမလို့လား ။ ကိုဒွန်းကော ကိုကိုကောရှိနေတာကို နွယ်ကဘာကို စိုးရိမ်ရမှာလဲ ။ ဘာလဲ ... ကိုကိုက နွယ်ကိုမြင်တာနဲ့ စိတ်ရူတ်ရလို့လား "

" မဟုတ်ပါဘူး ၊ ဒီအတိုင်းလေးမေးမိတာကို အထအနကောက်လိုက်တာ ။ ဒါနဲ့ကျောင်းတက်ဖို့ကိစ္စကို ဘယ်လိုစီစဉ်ထားလဲ ။ ဒီမှာပဲဆက်တက်မှာလား ၊ ဒါမှမဟုတ် ပြည်ပမှာတက်မှာလား "

ဒီကလေးမကိုတော့ ညီမလေးအရင်းလို ကြင်နာတာကြောင့် သူကဂရုတစိုက်မေးမိခြင်းဖြစ်သည် ။ ထိုသို့မဟုတ်လည်း သူ့မှာပြောစရာ တခြားစကားတို့မရှိ ။ နွယ်က သူ့အနားပိုမိုတိုးကပ်လာကာ ချွဲချွဲနွဲ့နွဲ့ပြောလေတော့သည် ။

" ကိုကိုနဲ့မခွဲနိုင်လို့ ဒီမှာပဲတက်ရင်ကောင်းမလားလို့ ၊ ဒါမယ့်ဖိုးဖိုးက ဒီမှာနေခိုင်းမယ်လို့မထင်ဘူး ။ နွယ့်ကိုမတွေ့ရတာကြာရင် ကိုကိုနွယ့်ကိုမေ့သွားမှာလားဟင် "

" မေ့စရာလား ၊ ကိုယ့်ညီမလေးပဲဥစ္စာ "

သူကမယုတ်မလွန်ဖြေပေမယ့် နွယ်ကနူတ်ခမ်းကြီးကို ဆူထော်ထားပြန်သည် ။

" ဘယ်သူက ညီမလေးဖြစ်ချင်တယ်ပြောလို့လဲ "

သူသည်နွယ်ကို တုန့်ပြန်စကားပြောဖို့ရာပြင်လိုက်ပေမယ့် တစ်စုံတစ်ယောက်က သူ့ကိုစူးစူးရဲရဲကြည့်နေတာကို မသိစိတ်ကခံစားနေရတာကြောင့် ရှေ့တည့်တည့်ကို မျက်လုံးရောက်သွားလေ၏ ။

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now