7

3.6K 415 129
                                    

" ဟန် .........."

" ရာမင်းဟန် ....."

" ရာမင်းဟန် ... အဲ့ခွေးသား .... "

အမြင်အာရုံတွေက လင်းလိုက်မှောင်လိုက်နဲ့ ၊ အသိက သတိရတစ်ချက် ၊ မရတစ်ချက်နှင့် ။ မျက်လုံးဖွင့်လိုက်တော့ မျက်နှာကြက်ဖြူဖြူကိုမြင်လိုက်ရတာကြောင့် ဒီနေရာကငရဲတော့မဟုတ်နိုင်လောက်ဘူးထင်ပါရဲ့ ။

" ခွန်းသရီ ........ သတိထားဦး ။ ဟေ့ကောင် သရီ .... "

သူ့နာမည်ကို တစ်ယောက်ယောက်ကခေါ်နေလို့ သရီအားတင်းပြီး မျက်လုံးကို ဖွင့်လိုက်သည် ။ မူးဝေနေသေးပေမယ့် အလင်းရောင်က နေ့ခင်းကဲ့သို့ လင်းလင်းထင်းထင်းပင် ။ သူမရင်းနှီးသည့်အခန်းတစ်ခုထဲတွင် ရောက်နေပြီး သူ့ကိုငုံ့ကြည့်ကာပြောလာသူက တံခွန်ပင်။

" ခွန်းသရီ ........ ဒီပုံစံအတိုင်းဆို မင်း ဟန်ရဲ့အချစ်ကိုမရသေးခင် နှလုံးရောဂါနဲ့အရင်သေမှာ "

ရာမင်းဟန် ။

သူ့ကိုသတ်ပြီးရင် သူ့နောက်ကိုလိုက်လာမယ်ပြောပြီး အခုတော့ သူ့ကိုလူလည်ကျသွားပြီထင်ပါရဲ့ ။ ဘာမှမရှိတဲ့နိဗ္ဗာန်မှာ အခုတော့သူနဲ့တံခွန် နှစ်ယောက်တည်း ။

" ဟိုကောင်ဘယ်မှာလဲ .... ငါ့ကိုသတ်ပြီး သူကျလိုက်မသေဘူးလား "

သူ အရင်ဆုံး ဟန်ကို မေးလိုက်မိသည် ။ တံခွန်ရှိလို့အဖော်ရှိတယ်ဆိုပေမယ့် တရားခံ ဟန်ကရှိမနေ၍ မတရားသလိုခံစားလိုက်ရသည် ။ ဖြစ်နိုင်တာက လူသတ်မှုနဲ့ ငရဲတံခါးဝရောက်နေတာများလား ။ တံခွန်က သူ့ကိုရယ်လျှက် ပုခုံးကိုညစ်ပြီး အားပေးသလိုပြောလာသည် ။

" မင်းရဲ့ အူတုန်အသဲတုန်လေးက ကျောင်းအုပ်ကြီးခေါ်လို့ အစောနလေးတင် ထွက်သွားတာ ။ သူက မင်းမူးလဲပြီး ဒီရောက်နေတုန်း မင်းကို စိတ်ပူနေရှာတာ ။ စိတ်မပူနဲ့ ဒီတစ်ခါ မင်းပင်ပန်းရကြိုးနပ်ပြီ ။ သူ မင်းကို လက်ခံတော့မှာပါ "

" ဟန်က ကျောင်းအုပ်ကြီးရုံးခန်းဘာသွားလုပ်တာလဲ ။ သူသွားရမှာ ငရဲလေ ။ ပြီးတော့ ဒါကဘယ်နေရာလဲ ၊ နတ်ပြည်တော့မဟုတ်ဘူးမလား ။ ငါတကယ်ကြီး သေသွားတာတော့မဟုတ်ပါဘူးနော် "

ချစ်မိခဲ့တဲ့ ၉ နှစ်တာ Where stories live. Discover now