Chapter (10) ဒဲ့ ...

3.8K 34 0
                                    


 ဒဲ့ ...

@@@@@@

ဒီနေ့တော့ ဆိုင်မှာ လူကျနေသည်။ ကျွန်တော်လဲ ရုံးခန်းထဲမှာ သုံးလစာ ပစ္စည်းအဝင်အထွက် စာရင်းတွေနဲ့ အလုပ်ရှုပ်နေသည်။ ဝင်းအောင် က စိတ်ညစ်နေတဲ့ ပုံစံ နဲ့ ရုံးခန်းထဲ ဝင်လာပြီး ကျွန်တော့်ဘေးနား ရောက်လာသည်။

" ဒေါ်လာဈေးတွေက တက်ပြီးရင်းတက်ကွာ။ စိတ်ညစ်တယ်။ ငါတို့က ဒေါ်လာနဲ့တွက်ပြီး ရောင်းရတာဆိုတော့ Customer တွေကို မျက်နှာ ပူလာပြီ။ ပစ္စည်းဈေးတွေက ခုန်တက် .. ဈေးက ခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်။ ဟူး .. နောက်ဘဝမှာ လူပြန်ဖြစ်ရင် London မှာပဲ လူ ဖြစ်ပါစေလို့ ဆုတောင်းတယ်ကွာ။ ပြည့်စိုး .. မင်းရော ဘယ်မှာ လူဖြစ်ချင်လဲ "

" ဟဟ .. ငါကတော့ Switzerland ပဲ ဒိုးမယ် သားကြီးရေ။ ရှုခင်းတွေကလဲ အသေမိုက်။
စော်တွေကလဲ ချော။ UK တော့ မသွားချင်ဘူးကွာ။ ပျင်းစရာကြီး .. "

" အောင်မာ လူ့အခွင့်ရေးအများကြီးရှိတဲ့ နိုင်ငံကွ .. မင်း Switzerland ကမှ ပျင်းစရာကောင်းတာ။
ဒါမဲ့ .. စော်လေးတွေ မိုက်ရင်တော့ ငါ့ လှမ်းခေါ်ဦးနော် .. ဟား .. "

" မခေါ်ဘူး .. မင်းဘာသာ လူ့အခွင့်ရေးတွေနဲ့ ပျော်နေလိုက်။ ဟား .. "

" အေး လောလောဆယ်တော့ ဒီနိုင်ငံမှာ ပိုက်ပိုက်ရအောင် ကြိုးစားရဦးမှာပေါ့။ ပြည့်စိုး .. ခဏနေ အားရင် ဆိုင်(၂)ဘက် သွားလိုက်ဦး။ ဟိုမှာ ပစ္စည်းတစ်ချို့ ကုန်နေတယ်ပြောတယ်။ ဆိုင်(၂) မန်နေဂျာက နေမကောင်းလို့ ခွင့်ယူထားတယ်။ တစ်ချက်လောက် သွားကြည့်ပေးဦး "

" အေး .. ငါ အခုပဲ သွားလိုက်မယ်။ စာရင်းလုပ်နေတာလဲ ပြီးပြီ။ ရော့ .. ဒါ ပြီးခဲ့တဲ့ သုံးလစာ အဝင်အထွက် စာရင်းပဲ။ လိုအပ်တာ မင်းပဲ ကြည့်လုပ်လိုက်တော့။ ကဲ .. ငါ ဆိုင်(၂)ကို သွားလိုက်ဦးမယ် "

ကျွန်တော် ဆိုင်(၂)ကို သွားဖို့ လိုအပ်တာ ပြင်ဆင်ပြီး ဆိုင်ထဲကနေ ထွက်လာခဲ့သည်။
ဆိုင်ပြင်ရောက်တော့ ခပ်လှမ်းလှမ်းကနေ ကျွန်တော့်ကို တစ်ယောက်ယောက် လှမ်းခေါ်နေသည်။

" ကိုပြည့် .. ဟေ့ ကိုပြည့် .. "

" ဟင် .. မဇင် "

မဇင်ကို ရုတ်တရက်တွေ့လိုက်တော့ ကျွန်တော် လန့်သွားသည်။ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ဆိုင်နား ရောက်နေတာလဲ။

" ကိုပြည့် အားရင် မင်းနဲ့ငါ စကား ခဏပြောရအောင် "

" ဟုတ် .. အားပါတယ်။ ဒီမှာတော့ စကားပြောရတာ အဆင်မပြေဘူး။
ရှေ့နားမှာ ကော်ဖီဆိုင် ရှိတယ်။ အဲ့ကို သွားရအောင်လား "

" အေး .. သွားလေ .. ငါနောက်ကနေ လိုက်ခဲ့မယ် "

ကော်ဖီဆိုင်ရောက်တော့ လူရှင်းရာ ဒေါင့်တစ်နေရာမှာ ဝင်ထိုင်လိုက်သည်။ ကျွန်တော့်မှာ ရင်တထိပ်ထိပ်နဲ့ပေါ့။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Where stories live. Discover now