Chapter (18) Hello ...

2.9K 16 0
                                    


Hello ...


@@@@

အခန်းထဲမှာ ကိုယ့်ပါးကိုယ် မှန်ထဲမှာ ပြန်ကြည့်ရင်း ... တော်သေးတယ် ထိုးတာ သိပ်မပျင်းလို့ ယောင်မနေဘူး။ အထိုးမခံရတာလဲ ကြာသလို မထိုးရတာလဲ ကြာပြီ။ အရင်က ဝင်းအောင်နဲ့ Club မှာ ကဲခဲ့တုန်းက ၂ခါလောက် ရန်ဖြစ်ဖူးသည်။ အဲ့တုန်းက လူငယ်စိတ်မို့ တစ်ခုခုဆို ဒေါသက အရင်ရှေ့ရောက်သည်။ အခုတော့ ဘာပဲဖြစ်ဖြစ် စဉ်းစားပြီးမှ လုပ်တတ်နေသည်။

ဖုန်းဖွင့်လိုက်တော့ ဝင်းအောင် ပို့ထားတဲ့ message ကို တွေ့လိုက်သည်။

( သားကြီး .. ငါ ဒီည ပြန်လာနေပြီ။ မနက်ဖြန် ရေပက်ခံထွက်ဖို့ လာခေါ်မယ်။ ဂျစ်ကားလဲ ငှားပြီးပြီ။
ငါ့သူငယ်ချင်းတွေလဲပါမယ်။ လူနည်းနေလို့ ယွန်းတို့ ညီအစ်မတွေကိုလဲ အကုန်ခေါ်ခဲ့ကွာ။ အားလုံးပျော်ပျော်ပါးပါးပေါ့။ )

( အေး .. ငါ ယွန်းတို့ကို ပြောထားလိုက်မယ်။ )

ဝင်းအောင်ဆီ စာပြန်ပို့နေစဉ် ယွန်းဆီကနေ ဖုန်းဝင်လာသည်။

( .......... )

" ကို .. "

" ယွန်း .. အမူးပြေသွားပြီလား "

" ပြေသွားပြီ။ ကို အထိုးခံရတယ်ဆို .. နာသေးလား။ ယွန်း သိသိချင်း အရမ်း ဒေါသထွက်တာပဲ။
မဇင် နဲ့လဲ ရန်ဖြစ်လိုက်တယ်။ အဲ့ဒီ ဖိုးတုတ်ဆိုတဲ့လူကို ကြည့်မရတာကြာပြီ။ ဟာ .. ပြောရင်း ဒေါသက ထွက်လာပြီ "

" ကို ဘာမှမဖြစ်ပါဘူးကွာ။ မဇင်နဲ့ ရန်မဖြစ်နဲ့တော့နော်။ ယွန်းက လိမ္မာပါတယ်။ စိတ်လျော့ပါကွာ။
ဒီည ဝင်းအောင် ပြန်လာမယ်။ သင်္ကြန်လည်ဖို့ ဂျစ်ကားတစ်စီးလဲ ငှားထားတယ်တဲ့။ ကိုတို့ မနက်ဖြန်ကျ
ဝင်းအောင်တို့နဲ့အတူ ရေပက်ခံထွက်ရအောင်။ ယွန်းတို့ အကုန်လုံး လိုက်ခဲ့နော်။ မနက်ဖြန် ၉ နာရီလောက် လာခေါ်မယ် "

" ဟုတ် .. ဒါဆို မနက်ဖြန် ယွန်းတို့ စောင့်နေမယ်နော်။ ကိုရယ် ယွန်း တောင်းပန်ပါတယ်နော်။
ယွန်း အပျော်လွန်ပြီး မှောက်တဲ့အထိ သောက်လိုက်မိတယ်။ အခု ခေါင်းနည်းနည်းကိုက်နေလို့ ပြန်မှေးလိုက်ဦးမယ် "

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Wo Geschichten leben. Entdecke jetzt