ရှင်းတမ်း ..
@@@@@@
လွယ်အိပ်တစ်လုံး လွယ်ပြီး အခန်းထဲ ဝင်လာတဲ့ လွန်းကို အစက သေချာ သတိမထားမိဘူး။ နောက်မှ နာရီကို ကြည့်လိုက်တော့ မနက် ၁၁ နာရီကျော်နေပြီ။ လွန်း ဒီနေ့ အိမ်ပြန်လာတာ နောက်ကျတယ်။ ခါတိုင်း သူ့သူငယ်ချင်းအိမ်မှာ ညအိပ် စာသွားသင်ရင် မနက် ၉ နာရီဆို အိမ်ကို ပြန်ရောက်နေကြ။
" ဟဲ့ .. နင် ဒီနေ့ အိမ်ပြန်လာတာ နောက်ကျတယ်နော် "
" အင်း .. မနေ့ညက ကလေးတွေ စာသိပ်မရလို့ မနက်ပိုင်း တစ်ချိန်ခေါ်ပြီး သင်ပေးလိုက်ရတယ်။
အား .. အိပ်ရေးမဝသေးဘူး .. ယွန်း .. ငါ ခဏ မှေးဦးမယ်။ နင် ထမင်းစားခါနီးမှ ငါ့လာနိုးတော့ "" အေး .. ငါ စားတော့မယ်ဆို လာနိုးလိုက်မယ်။ နင် အိပ်ရင်လဲ အဝတ်စားတွေ လဲပြီးမှ အိပ် "
ကျွန်မ လွန်းနဲ့စကားပြောပြီး အခန်းထဲကနေ ထွက်လာခဲ့သည်။ ဒီနေ့ လျှော်စရာ အဝတ်တွေများတာမို့ မဇင် နဲ့ မမဖြူတို့အခန်းသွားပြီး သူတို့ အဝတ်ပေတွေ သွားယူလိုက်သည်။ ခဏနေ ကျွန်မ အခန်းထဲပြန်ရောက်တော့ လွန်းက အိပ်ပျော်နေသည်။ သူ့အဝတ်ပေတွေကို တစ်ခါတည်း လျှော်ဖို့ ယူခဲ့လိုက်သည်။
ရေချိုးခန်းထဲ ရောက်တော့ အဝတ်တွေကို အဝတ်လျှော်စက်ထဲ ထည့်မယ်အလုပ် လွန်း အဝတ်စားတွေဆီကနေ ဘီယာနံ့ ရနေသည်ကို သတိထားမိသည်။ ကျွန်မ သေချာကိုင်ပြီး ရှူကြည့်လိုက်တော့ ဘီယာနံ့က ထောင်းကနဲပဲ။ လွန်း စာသင်သွားတဲ့အိမ်က အရမ်းရိုးတဲ့ အိမ်ဖြစ်သည်။ သောက်တတ် စားတတ်တဲ့ အိမ်မဟုတ်။ နောက်ပြီး စာကျက်ဝိုင်းတစ်ခု။ ကလေးတွေလဲ ရှိတာမို့ ဘယ်လိုနည်းနဲ့မှ လွန်း ဘီယာသောက်လိမ့်မယ်မဟုတ်။
ဒါဆို သူ့အဝတ်စားတွေက ဘာလို့ ဘီယာနံ့ ထွက်နေတာလဲ။ ကျွန်မ အတော် စိတ်ဝင်စားသွားသည်။ ဒါနဲ့ အဝတ်တွေ အဝတ်လျှော်စက်ထဲ ထည့်ပြီးတော့ အခန်းထဲကို ပြန်သွားကာ လွန်း အိပ်ပျော်နေတုန်း သူ့ပိုက်ဆံအိပ်ကို ဖွင့်ကြည့်ပြီး စပ်စုလိုက်သည်။
မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီ ၊ တိုနာ ၊ ရေမွှေး ၊ ပိုက်ဆံအိပ်အသေးတစ်လုံး နဲ့အတူ Bill ရှင်းထားသော ဘောက်ချာစာရွက်တစ်ခု ပိုက်ဆံအိပ်ထဲကနေ ထွက်လာသည်။ ဘောက်ချာစာရွက်ကို ကြည့်လိုက်တော့ ဟိုတယ်တစ်ခုမှာ Bill ရှင်းထားသော စာရွက်ဖြစ်နေသည်။ ရက်စွဲက မနေ့က ရက်စွဲ။ ဟိုတယ်နာမည်က ပါရာဒိုက် တဲ့။ Bill စာရွက်ထဲမှာ အခန်းဖိုး၊ ဘီယာ နဲ့ အစားသောက်ဖိုးများ တွက်ပြထားသည်။ ဟိုတယ်တစ်ခုရဲ့ Bill စာရွက်က ဘယ်လိုလုပ် လွန်းဆီမှာ ရှိနေရတာလဲ။

YOU ARE READING
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Romanceရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...