Chapter (25) Bachelor Party ...

3.5K 16 0
                                    


Bachelor Party ...

@@@@@@@@@

ညနေ (၆)နာရီ။

" ယွန်းရေ .. ပြီးရင် သွားရအောင်။ သူငယ်ချင်းတွေ မရောက်ခင် ကိုတို့ ကြိုရောက်နေမှ ဖြစ်မယ် "

" ပြီးပြီ ... ကို .. ဘယ်လိုလဲ လှရဲ့လား .. "

" လှပါ့ဗျာ .. Very Cute ပဲ .. "

ယွန်းက မီးခိုးရောင်ဝမ်းစပ် စကပ်အတိုလေးနဲ့ အရမ်း ချစ်စရာကောင်းနေသည်။ Dinner ကို အကျယ်မချဲ့တော့ပဲ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာ အကျဉ်းချုံးကာ ကျင်းပလိုက်တော့သည်။ ယွန်းအိမ်က လူတွေကလဲ တစ်နေကုန် ပင်ပန်းနေပြီမို့ ဘယ်သူမှ မလိုက်တော့ဘူး။ ကျွန်တော်တို့နှစ်ယောက်လဲ ပင်ပန်းနေပေမယ့် ဘဝမှာ တစ်ခါသာ ကျင်းပလို့ရမယ့် Bachelor Party လေးမို့  ချိန်းထားတဲ့နေရာသို့ နှစ်ယောက်သား ပျော်ရွှင်စွာ ထွက်လာခဲ့ကြသည်။

ချိန်းထားသည့် စားသောက်ဆိုင်ရောက်တော့ ဆိုင်နောက်က မြက်ခင်းပြင် ကွက်လပ်လေးမှာ ကျွန်တော်တို့အတွက် အားလုံး ပြင်ဆင်ထားလေသည်။ စားပွဲဝိုင်း (၂)ဝိုင်းနဲ့အတူ အသဲပုံပူပေါင်းတစ်ချို့ကို ရောင်စုံမီးတန်းလေးများဖြင့် အလှဆင်ထားသည်။ ယွန်းက မြင်မြင်ချင်း အရမ်းသဘောကျနေသည်။
ချိန်းထားတဲ့ သူငယ်ချင်းတွေ လာတော့မှာမို့ လိုအပ်တာတွေ ကျွန်တော် လိုက်စစ်ရင်း ယွန်းကိုကြည့်ကာ ကြည်နူးနေမိသည်။ ယွန်းကတော့ ရောက်တာနဲ့ Selfie တဖျတ်ဖျတ်နဲ့ပေါ့။

" မှာထားတာတွေ ချပေးရတော့မလား အစ်ကို "

" အေး .. ချလိုက်တော့။ Juice .. အရက် ဘီယာ ရေခဲပုံး အစုံသာ ချပေးထားလိုက်။ ဟင်းပွဲတွေကိုလဲ ပူပူလေး လုပ်ပေးနော်။ နောက်ပြီး Ed Sheeran ရဲ့ Perfect သီချင်းလေး အခုဖွင့်ပေးကွာ "

" ဟုတ်ကဲ့ အစ်ကို .. "

ခဏနေတော့ Perfect သီချင်းသံက ပတ်ပတ်လည် စပီကာတွေကနေ ထွက်ပေါ်လာသည်။ ယွန်းက သီချင်းသံကြားတာနဲ့ ကျွန်တော့်ကို ဖတ်ကနဲ လှမ်းကြည့်လိုက်သည်။ ကျွန်တော် သီချင်းစာသားကို လိုက်ဆိုရင်း ယွန်းအနားကို သွားကာ သူ့ကိုယ်လုံးလေးကို အနောက်ကနေ ပွေ့ဖက်လိုက်သည်။ ယွန်းက ကျွန်တော့်လက်ကို ကိုင်ကာ ခန္တာကိုယ်လေး ယိမ်းရင်း ကျွန်တော်နဲ့ ယွန်း သီချင်းသံလေးနဲ့အတူ ငြိမ့်ညောင်းစွာ
က နေလိုက်သည်။ အရာအားလုံးဟာ တိုးတိတ် ငြိမ်သက်နေပြီး ကြည်နူးမှု ရသ အပြည့်နဲ့ပေါ့။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Kde žijí příběhy. Začni objevovat