လွန်း သီကျူးတဲ့ ည ...
@@@@@@@@@@
ဟိုတယ် Reception ရောက်တော့ တစ်ယောက်ခန်း နှစ်ခန်း ယူလိုက်သည်။
" ညီလေး တစ်ယောက်ခန်း နှစ်ခန်း ယူမယ် "
" အခန်းကပ်လျက် ယူမလားအစ်ကို .. "
" ရတယ် .. ကပ်လျက်ဆို ပိုကောင်းတာပေါ့ "
" ဟုတ်ကဲ့ အစ်ကို .. မှတ်ပုံတင်လေးတွေပါရင် ခဏပေးပါဦးခင်ဗျ။ တစ်ခြား ဘာမှာဦးမလဲ "
" မှာချင်တာရှိမှ ဖုန်းဆက်လိုက်မယ်ကွာ။ လောလောဆယ် အခန်း နှစ်ခန်းသာ စီစဉ်ပေး "
အခန်းယူပြီး ကျွန်တော်တို့ ဟိုတယ် ဝိတ်တာ ခေါ်ရာနောက်သို့ လိုက်သွားကြသည်။ လွန်းနေရမယ့် အခန်းကိုရောက်တော့ ...။
" ကဲ .. လွန်း .. ဒီမှာပဲ အေးဆေး အိပ်တော့။ ငါ ဟိုဘက်ခန်းမှာ ရှိမယ်။ စိတ်ချလက်ချသာ အိပ်။
မနက်ကျရင် စောစောလေး ထပြီး ငါ့ကို လာနှိုးဦး။ ငါက မနက်ဆို နေမြင့်မှ ထတတ်လို့ .. "
" တစ်ယောက်တည်း အိပ်ရမှာ ကြောက်စရာကြီး .. "
" ဘာကြောက်စရာရှိလဲ .. တံခါးလော့ချပြီး အိပ်ပေါ့။ မနက်မှ တွေ့မယ်နော် .. သွားပြီ "
" ကိုပြည့် .. "
" ဘာလဲ လွန်း "
" ဒီက ကြောက်ရင် အော်မှာနော် .. တစ်ခါမှ ဒီလို အိပ်ဖူးတာ မဟုတ်ဘူး "
" အကျယ်ကြီးတော့ မအော်ပါနဲ့။ ကြောက်ရင်လဲ အောင့်သာ ခံပေတော့။ ငါလဲ မပြောတတ်တော့ဘူး "
" ဟွန့် .. သွားတော့ ဒါပဲ .. လူဆိုးကြီး "
လွန်းက ထုံးစံအတိုင်း လျှာထုတ်ပြပြီး အခန်းတံခါးပိတ်ကာ လော့ချလိုက်သည်။ ကျွန်တော်လဲ ကိုယ့်အခန်းကို သွားပြီး အိပ်ယာပေါ် ဘုန်းကနဲ ပစ်လှဲကာ ပင်ပန်းသမျှ အမောဖြေလိုက်သည်။ ဟူး .. ငါ ဒီနေ့ ဘာတွေဖြစ်ကုန်တာလဲ။ လွန်း နဲ့ ဟိုတယ် မှာ အိပ်နေရပါလား။ ဖြစ်လိုက်ရင် စောက်ဆန်းတွေချည်းပဲ။ လူလန်းသွားအောင် ရေချိုးချင်သွားသည်။ တစ်ကိုယ်လုံးလဲ ဘီယာစော် နံဟောင်နေလေသည်။ ရေချိုးလိုက်ဦးမှပဲ။
ရေချိုးလိုက်တော့ တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရတယ်။ နာရီကြည့်လိုက်တော့ တစ်နာရီ ထိုးတော့မယ်။ တံဘတ်တစ်ထည် ခါးမှာ ပတ်လိုက်ပြီး ရေခြောက်အောင် သုတ်လိုက်သည်။
" ဒေါက် .. ဒေါက် .. "
ဘယ်သူလဲဟ။ Room Service လား မသိဘူး။ ကျွန်တော် အဝတ်စား မဝတ်သေးပဲ တံခါး သွားဖွင့်လိုက်သည်။
" ဟင် .. လွန်း .. ဘာဖြစ်လို့လဲ "
ကျွန်တော့် ကိုယ်ပေါ်မှာ တံဘတ်တစ်ထည်ပဲ ပတ်ထားတာမို့ တံခါးနဲ့ ကွယ်ကာ လွန်းကို စကားပြောလိုက်သည်။
" ရေချိုးနေတာလား "
" အင်း .. အခုပဲ ချိုးပြီးတယ်။ ဘာလဲ ပြောလေ .. လွန်း မအိပ်သေးဘူးလား "
" လွန်း အိပ်မရလို့ .. အဲ့ဒါ ပျင်းတာနဲ့ စကားပြောရအောင် ထွက်လာတာ "
" ဒါဆိုလဲ ခဏစောင့် ကို အဝတ်စား ဝတ်လိုက်ဦးမယ် "
" အာ .. စောင့်နိုင်ဘူး .. ဖယ် .. ဝင်မယ် "
တံခါးကို ဇွတ်တွန်းလိုက်ပြီး အခန်းထဲ အတင်းဝင်လာသည်။ ကျွန်တော့်မှာ တံဘတ်တစ်ထည်ပဲ ပတ်ထားတာမို့ နေရခက်ရပြန်သည်။ ကျွန်တော့်မှာ ကုတင်ဘေးက အဝတ်စားတွေ အမြန်ကောက်ယူပြီး ရေချိုးခန်းထဲ ပြေးရတော့သည်။ ရေချိုးခန်းထဲမှာ အဝတ်စား အမြန်ဝတ်လိုက်သည်။
" ကြာတယ်ကွာ .. ကိုပြည့် .. မပြီးသေးဘူးလား "
" ပြီးပါပြီကွာ .. ကဲ .. ပြော .. အိပ်စရာရှိတာ မအိပ်ဘူး .. မပင်ပန်းဘူးလား "
" ပင်ပန်းပါဘူး။ လွန်းက အိမ်မှာလဲ ညနက်မှ အိပ်တာ။ တစ်ခါတစ်လေ စာသင်စရာမရှိရင်
မိုးလင်းခါနီးမှ အိပ်ပြီး နေ့ခင်းမှ နှိုးရော .. အကျင့်ဖြစ်နေပြီ "
" အခုက အခြေနေ မတူဘူးလေ။ လွန်းက မိန်းကလေးတစ်ယောက်။ ဒီချိန်ကြီး ကိုနဲ့ တစ်ခန်းထဲရှိနေတာ
မသင့်တော်ဘူးလေကွာ။ သွား .. အိပ်ပျော်အောင် အိပ်လိုက်နော်။ အိပ်မပျော်လဲ ဖုန်းနဲ့ သီချင်းနားထောင်နေလိုက် .. "
" ကိုပြည့် .. ဘီယာသောက်ချင်တယ်။ လွန်းကို ဘီယာ မှာပေး "
" အာ .. ဒီချိန်ကြီး ဘာလို့သောက်နေမှာလဲ "
" အာ မရဘူး .. မှာပေးဆို မှာပေး .. ဘီယာ (၄)လုံး မှာလိုက် "
" အန် .. (၄)လုံးတောင် .. သောက်နိုင်လို့လား .. မူးနေဦးမယ် "
" အတူတူ သောက်မယ်လေ။ မူးတော့လဲ ဘာဖြစ်တုန်း။ အခန်းထဲပြန်ပြီး အိပ်လိုက်ရုံပဲဟာ .. မှာပေးဆိုနေ "
" ဟင်း .. လွန်းနဲ့တော့ ခက်ပြီ "
ပြောမရမှန်းသိလို့ ကျွန်တော် Reception ကို ဖုန်းခေါ်ကာ ဘီယာ နဲ့ အမြည်းတစ်ချို့ မှာလိုက်သည်။ လွန်းက ဘီယာ မရောက်ခင်အထိ ကျွန်တော့်ကို ဘာမှ မပြောပဲ သူ့ဖုန်းကို ပွတ်နေသည်။ ကျွန်တော်လဲ အူကြောင်ကြောင်ဖြင့် သူ့ဘေးနားထိုင်ကာ ဖုန်းပွတ်နေလိုက်သည်။
ဘီယာ ရောက်လာတော့ လွန်းက ဘီယာ နှစ်ခွက် ငှဲ့လိုက်ပြီး ကျွန်တော့်ကို တစ်ခွက်ပေးကာ သူ့ဘီယာကို တစ်ဝက်ကျိုးသည်အထိ သောက်လိုက်သည်။ ဘီယာ အတော်ကြိုက်တဲ့ ကောင်မလေးပဲ။ သောက်နေတာ ဆရာမကြီး စတိုင်နဲ့။ အမြည်းက ညဘက်ဆိုတော့ အသင့်စား အာလူးကြော်ထုပ်ပဲ ရတော့သည်။ လွန်းက အာလူးကြော် တဂျွစ်ဂျွစ် ဝါးလိုက် .. ဘီယာ မော့လိုက်နဲ့ တစ်ခွက်က ခဏလေးနဲ့ ကုန်သွားသည်။ နောက်တစ်ခွက် ငှဲ့ကာ ဆက်တိုက်သောက်နေသည်။
" လွန်း .. ဖြေးဖြေးသောက်လေ .. "
" ဟီး .. မသောက်ရတာ ကြာပြီ။ အခုမှပဲ သောက်ရတော့တယ်။ ကိုပြည့်လဲ သောက်လေ ..
လွန်းတောင် တစ်ခွက်ကုန်ပြီ။ ကိုပြည့်က မကုန်သေးဘူး။ လွန်း limit က မြင့်တယ်နော် .. ဟိ .. "
" အင်း .. သောက် .. သောက် .. စကားလေး ဘာလေးလဲ ပြောဦး။ ဘီယာမြင်တာနဲ့ မော့နေတာပဲ "
" ဟိ .. ဘာဖြစ်လဲ .. ကြိုက်တာကိုး။ သောက်မယ် .. သောက်မယ် .. လာထား "
နောက်တစ်ခွက် ကုန်ပြန်ပြီ။ ဒီကောင်မလေး ဟုတ်ရော ဟုတ်ရဲ့လား။ အတော် သောက်နိုင်တာပဲ။ သုံးခွက်မြောက် ငှဲ့နေလေပြီ။ ကျွန်တော်လဲ ပြောနေလဲ မောရုံပဲမို့ လွှတ်ပေးထားလိုက်သည်။ လွန်းဆိုတာ ဘယ်သူ ဘာပြောပြော သူလုပ်ချင်တာ လုပ်တဲ့သူမလား။
" ကိုပြည့် .. လွန်းကို ယွန်းနဲ့ တူလို့ အလိုလိုက်တာလား "
" မဟုတ်ပါဘူး .. လွန်းက ယွန်းရဲ့ အစ်မပဲ။ လွန်းကို စောင့်ရှောက်ဖို့ ကိုပြည့်မှာ တာဝန်ရှိတယ်လေ "
" အာ .. စောင့်ရှောက်တာတွေ ဘာတွေ လာပြောမနေနဲ့ .. ခုနက Club ထဲမှာ ကိုပြည့် ဒေါသတွေ အရမ်းထွက်နေပြီး .. လွန်း ကို ပြောသွားတဲ့ စကားတွေ ခုထိ ပြန်ကြားနေတုန်းပဲ။ လွန်းလေ .. ယောက်ျားတစ်ယောက် ကိုယ့်ကို ဂရုစိုက်တာ ဒါ ပထမဆုံးခံဖူးတာပဲ။ အဲ့ဒါ သိလား .. သိလားလို့ "
ဒီကောင်မလေး မူးပြီထင်တယ်။ စိတ်ထိန်းနော် ပြည့်စိုးဟိန်း .. လွန်းနော် ယွန်းမဟုတ်ဘူး။
ကျွန်တော့်ကိုယ် ကျွန်တော် အတန်တန် သတိပေးနေရသည်။ ဟူး တကယ် မလွယ်ပါလား လွန်းရယ်။
" အင်း သိပါပြီ .. လွန်း .. သောက်တာ တော်တော့နော် .. မူးနေမယ် "
" တော်ပါဘူး .. သောက်ဦးမှာ .. ခုမှ သုံးခွက်ပဲ ရှိသေးတယ်။ ပါးပါးလေး ရှိသေးတယ် .. ဟီး .. "
ပြောပြောဆိုဆိုနဲ့ မော့လိုက်ပြန်သည်။ သုံးခွက်မြောက်လဲ ကုန်သွားလေပြီ။ သေချာပြီ သူ မူးနေပြီ။ လေးခွက်မြောက် ထည့်ပြန်သည်။ ကျွန်တော် တားသော်လဲ နားမထောင်။ ကျွန်တော်လဲ စိတ်ရှုပ်လာတာမို့ လွန်းနဲ့ အပြိုင် လိုက်သောက်တော့သည်။ မူးပြီး အိပ်သွားလဲ အေးတာပဲ။ မဟုတ်ရင် ကျွန်တော့် စိတ်တွေ ထိန်းမရ ဖြစ်ကုန်တော့မယ်။ ချစ်သူနဲ့ ရုပ်ခြင်းအရမ်းတူတဲ့ မိန်းကလေးတစ်ယောက်နဲ့ တစ်ခန်းတည်း အတူရှိနေတာလေ။ စဉ်းစားသာ ကြည့်ကြပါတော့။
လေးခွက်မြောက် တစ်ဝက်ကျိုးသွားတော့ လွန်းက ကျွန်တော့်ကို ဘာမှ မပြောပဲ စိုက်ကြည့်နေသည်။ ကျွန်တော် နေရခက်လာသည်။ ကြည့်တာမှ ခြေဆုံးခေါင်းဆုံး အကုန်ကြည့်နေသည်။ ဒီကောင်မလေး ဘာတွေ စဉ်းစားနေတာလဲ။ လွန်း .. မင်း တော်သင့်နေပြီ။
" ကိုပြည့် .. "
" ပြော .. "
" ချစ်တယ်ကွာ .. "
" ဖူး .. !!! "
သောက်နေတဲ့ ဘီယာ သည်းသွားတော့သည်။ ဟန်မပျက် ပြန်ထိန်းလိုက်ရသည်။ ဇာတ်လမ်းတော့ စ လေပြီ။
" ခစ် .. ခစ် .. လန့်သွားလား "
" ဘယ်လိုပြောလိုက်တာလဲ။ လွန်း မူးနေပြီ .. အခန်းထဲ ပြန်တော့နော် .. လိမ္မာပါတယ်ကွာ "
" မကြားလိုက်ဘူးလား .. ချစ်တယ်လို့။ အရမ်းချစ်တယ် .. အရမ်းချစ်တယ် .. အရမ်းချစ်တယ် .. ကဲ ကြားပြီလား "
" ကြားတယ် .. ချစ်လို့ မရဘူးလေ။ ကိုက လွန်း ညီမလေးရဲ့ ချစ်သူလေ။ ဘာတွေ လာပြောနေတာလဲ လွန်းရယ် "
" အာ .. မသိဘူး .. ချစ်တာက ချစ်တာပဲ။ မတတ်နိုင်ဘူး ကိုပြည့်ကို လွန်း အရမ်းချစ်တယ်။
အဲ့ဒါ လွန်းကို အခုချက်ချင်း အဖြေပြန်ပေး "
" ဘာ ဖြေရမှာလဲ .. ခက်တာပဲ .. လွန်း အခန်းပြန်တော့နော်။ ကို လိုက်ပို့ပေးမယ် .. လာ "
" လွန်းကို ပြန်မပို့နဲ့နော် .. အကျယ်ကြီး အော်လိုက်မှာ .. "
" အာ .. မအော်နဲ့လေ .. ဟင်း ...... "
" အဖြေပေးဆိုနေ .. ချစ်လား .. အရမ်းချစ်မှာလား .. အဲ့ဒါပဲ ပြော။ မချစ်ဘူးတော့ မပြောနဲ့ အော်လိုက်မှာ .. "
အဲ့ဒီမှာ လဲသေလိုက်တော့ ပြည့်စိုးဟိန်းရေ .. မင်းဘာလုပ်မလဲ။ လွန်းက မင်းကို မေးနေပြီ။ မင်း ဘာပြန်ဖြေမလဲ ...။ ငါ ဘာပြန်ပြောရမှာလဲ။ ယွန်းရေ .. မင်းအစ်မ ငါ့ကို ရစ်ပြန်ပြီ။ ဒီတစ်ခါ ရစ်ချက်က ဘယ်သူမှ ကယ်နိုင်မယ် မထင်တော့ဘူး။
" အဖြေ မပေးဘူးလား။ ဒါဆို တကယ် အော်လိုက်တော့မယ် .. အာ .. "
ကျွန်တော် လွန်းပါးစပ်ကို ပြေးပိတ်ရတော့သည်။ တကယ်အော်မှာ သေချာသည်။ တော်တော်ဆိုးတဲ့ ကောင်မလေးပါဗျာ။
" ဟာ .. လွန်း မအော်နဲ့လေ။ ချစ်တယ် .. ချစ်တယ် .. ဟုတ်ပြီလား .. မအော်နဲ့နော် .. "
မတတ်နိုင်ဘူး။ အခြေနေအရ မီးစင် ကြည့်ကရတော့မယ်။ အင်း .. ဖြစ်သမျှအကြောင်း အကောင်းချည်းပဲပေါ့။
" တကယ် .. ဟိ .. ပျော်လိုက်တာ။ လွန်းကို အရမ်းချစ်လား .. "
" အင်း အရမ်းချစ်တယ်။ ကဲ .. လွန်း အခန်း ပြန်ရအောင်နော် .. လာ .. "
" မပြန်ပါဘူးဆိုနေ .. ဘီယာတွေ များကြီး ကျန်သေးတယ်။ အ၀ သောက် ဦး မှာ ။ ကိုပြည့်က လွန်းကို ချစ်တယ် ပြောလို့ ပျော်ပျော်ကြီး သောက် ဦး မှာ ။ မပြန်ဘူး .. လွန်းလဲ ချစ်သူနဲ့ အတူတူနေချင်တာပေါ့လို့ .. အဟင့် .. "
" ဒါဆိုလဲ .. သောက်ကွာ .. ကဲ .. ချီးယားစ် .. "
အမူးလွန်ပြီး မြန်မြန်အိပ်သွားပါစေဗျာ။
" ချီးယားစ် .. ချစ်သူတွေ ဖြစ်တဲ့ အမှတ်တရ .. ချီးယားစ် "
လွန်း တော်တော် မူးနေပြီ။ မျက်လုံးတွေ စင်းလာပြီး ပြောချင်တာတွေ လျှောက်ပြောနေတော့သည်။
" ကိုပြည့် .. ချစ်တယ်ဆို လွန်းကို အာဘွား ပေး .. "
" လွန်း အရမ်း မူးနေပြီ။ ခက်တာပဲ .. "
" မမူးပါဘူးဆိုနေ .. မပေးဘူးလား မပေးရင် .. အော် ... "
ကျွန်တော် နောက်တစ်ခါ သူ့ပါးစပ်ကို ထ ပိတ်ရပြန်သည်။ ကဲ ဖြစ်ချင်တာဖြစ် .. မတတ်နိုင်တော့ဘူး။ ကျွန်တော် လွန်းပါးလေးကို နမ်းလိုက်သည်။
" အာ .. ကလေးတစ်ယောက်ကို နမ်းသလို မနမ်းနဲ့ .. ဒီကို နမ်း .. "
လွန်းက သူ့နှုတ်ခမ်းကို ဆူလိုက်ပြီး မျက်လုံး မှိတ်ထားသည်။ ကျွန်တော် တံတွေး အကြိမ်ကြိမ် မျိုချနေရပြီ။ စိတ်ကို လျော့လိုက်ပြီး နီရဲနေတဲ့ လွန်း နှုတ်ခမ်းထော်ထော်လေးကို အသာလေး နမ်းလိုက်တော့သည်။ လွန်းက ကျွန်တော့် လည်ပင်းကို ဖက်ပြီး အနမ်းခံသည်။ ခဏနမ်းပြီးတော့ ကျွန်တော် နောက်ဆုတ်လိုက်သည်။
လွန်းက ကျွန်တော့်ကို ရီဝေနေသော အကြည့်များဖြင့် ကြည့်ကာ ပြုံးလိုက်ပြီး ....။
" ကိုပြည့် .. လွန်းကို အင်္ကျီချွတ်ပေး "
" အာ .. မချွတ်ပေးပါဘူး။ ဘာတွေ လုပ်နေတာလဲ လွန်းရယ် .. ခက်ပြီနော် "
" ချွတ်ပေးလို့ ပြောနေတယ်နော် .. မချွတ်ပေးဘူးလား .. ဒါဆို .......... "
လွန်းက လက်ကို အပေါ်မြှောက်ထားပြီး သူ့တီရှပ် အင်္ကျီကို ချွတ်ခိုင်းနေသည်။ မချွတ်ပေးရင် အော် မယ့် စတိုင်က အပြည့်။ ကဲ .. ပြည့်စိုးဟိန်း .. ခုချိန်မှတော့ မင်းလဲ ဘာမှမတတ်နိုင်တော့ဘူး။ ချွတ်စရာရှိတာသာ ချွတ်ပေးလိုက်ပါတော့ကွာ။
" ဘောင်းဘီရော ချွတ်ပေး .. ဒါတွေရော အကုန်ချွတ်ပေး "
" လွန်း .. ဒါတွေပါ ချွတ်ရင် မင်း ကိုယ်တုံးလုံး ဖြစ်တော့မယ် "
" အင်းလေ .. အဲ့လိုနေချင်လို့ ချွတ်ခိုင်းပါတယ်ဆိုနေ အကုန်ချွတ်ပေးကွာ။ ဟေ့ မူးနေပြီနော် လွန်း အကြောင်း သိတယ်မလား "
" အင်း .. သိတယ် .. မင်းအကြောင်းလဲ သိတယ်။ ငါ့ကိုယ်ငါလဲ သိတယ်။ ဟင်း ... "
" ခစ် .. ခစ် .. သိရင် ပြီးတာပဲ .. "
ကျွန်တော် လွန်းကိုယ်ပေါ်ကနေ အတွင်းခံတွေပါမကျန် အားလုံး ချွတ်ပေးလိုက်ရသည်။ လွန်းက ကျွန်တော် လုပ်သမျှ နှုတ်ခမ်းကိုက်ကာ ကြည့်နေသည်။ ကျွန်တော်လဲ သူ့ကို ရဲရဲမကြည့်ပဲ သူခိုင်းတဲ့အတိုင်း လုပ်ပေးနေမိသည်။ လွန်းက အဝတ်စားဗလာနဲ့ ကိုယ်တုံးလုံးလေး ဖြစ်သွားလေပြီ။
ကျွန်တော် မရဲတရဖြင့် ကြည့်လိုက်သည်။ ကောက်ကြောင်းများက ယွန်းနဲ့ တူပေမယ့် .. လွန်းက ယွန်းထက် ကိုယ်လုံး နည်းနည်း ပိုသေးသည်။ ဒါပေမယ့် သူ့နို့တွေက ယွန်းထက် ကြီးသည်။ နို့သီးခေါင်းလေးတွေက ယွန်းလို နီရဲရဲလေး မဟုတ်ပဲ ပန်းရောင်ဖျော့ဖျော့လေး ဖြစ်သည်။ အကွင်းသေးသေးလေးနဲ့ နို့ထွားထွားလေးပေါ့။ ကျွန်တော် အာခေါင်တွေ ခြောက်လာလေပြီ။ ကျွန်တော့် မျက်စိရှေ့မှာ လွန်းတစ်ယောက်
အဝတ်ဗလာဖြင့် ရပ်နေသည်။
" ကို .. လှရဲ့လား .. လွန်းကို သဘောကျရဲ့လား "
" အင်း လှတယ် .. သဘောကျတယ် .. ဟူး ... "
" ချစ်သူတွေ ဖြစ်သွားမှတော့ ဘာ ရပ်ကြည့်နေတာလဲ။ လွန်းကို ချစ်တယ်ဆို .. ချစ်ရင် လွန်းကို ဖက်ထားလေ .. လာ .. "
ကျွန်တော် လွန်းအနား သွားလိုက်ပြီး သူ့ကိုယ်လုံးလေးကို ပွေ့ဖက်လိုက်သည်။ စိတ်ထဲမှာ လွန်းက ယွန်းနဲ့အရမ်းတူပေမယ့် .. လွန်းကို ယွန်းနဲ့ မမှားတော့ပဲ လွန်းလို့ပဲ ကျွန်တော် သေချာ ခံစားနေရသည်။
" လွန်းကို နမ်းပါဦး ကို .. "
လွန်းက ကျွန်တော့်ကို မော့ကြည့်ကာ ပြောလိုက်သည်။ ကိုယ်လုံးတီး မိန်းမတစ်ယောက် ကျွန်တော့်ရင်ခွင်ထဲ ရောက်နေမှတော့ ကျွန်တော် ဘာများ လွန်ဆန်နိုင်ဦးမှာလဲ။ အရာအားလုံးကို မေ့ပစ်လိုက်ပြီး ကျွန်တော် ဆိုးချင်လာသည်။ လွန်း .. ငါ ဆိုး ပါရစေတော့။
ဒီတစ်ခါတော့ ကျွန်တော့် အနမ်းများက ရမ္မက်ဆန်သွားလေပြီ။ လွန်း နှုတ်ခမ်းများကို အထက်အောင် စုပ်သပ်ကာ အားရအောင် နမ်းတော့သည်။ လွန်းက ကျွန်တော့်ကို တင်းကြပ်စွာ ဖက်ထားပြီး ပြန်နမ်းသည်။ ကျွန်တော် စိတ်တွေ လုံး၀ ထိန်းမရတော့ အကုန် လွှတ်ချလိုက်မိတော့သည်။ နှုတ်ခမ်းကို နမ်းပြီးတော့ လွန်းရဲ့ လည်တိုင် ဖွေးဖွေးလေးကို နမ်းမိပြန်သည်။ လွန်းက ညည်းသံလေး ထွက်လာပြီး ကျွန်တော် နမ်းသမျှ ခံနေသည်။
" ကို .. လွန်းကို အများကြီး ချစ်ပါနော်။ လွန်းလေ .. ကိုပြည့်ကို .. ကို လို့ အရမ်းခေါ်ချင်ခဲ့တာ။
ယွန်းက ကိုပြည့်ကို .. ကို လို့ခေါ်လိုက်တိုင်း လွန်း ခံစားရတယ်သိလား။ အဲ့လိုလေး .. လွန်း အရမ်းခေါ်ချင်တာလေ "
ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့။ လွန်းကို ကုတင် ပေါ် တွန်းလိုက်သည်။ လွန်းက ပက်လက်လေး လန်သွားသည်။ ကျွန်တော် လွန်းအပေါ်ကနေ လွန်းရဲ့ နို့လေးများကို တစ်ဖက်စီ စို့လိုက်တော့သည်။ လွန်း က ဘာမှ မပြောပဲ ညည်းပဲ ညည်းနေတော့သည်။
" ဟင်း ... အာ .. ကိုရယ် .. အင်းဟင်း .. ဟင့် ... "
ယွန်း နဲ့ လွန်းမှာ သူတို့ကိုယ်ပိုင် ရနံ့လေးတွေ ရှိကြသည်။ ယွန်းနဲ့ အသားချင်းထိတွေ့တိုင်း သူလိမ်းနေကြ ချိုချဉ် Lotion နံ့လေး အမြဲရသည်။ လွန်းဆီကနေတော့ နှင်းဆီရနံ့ သင်းသင်းလေး ရလိုက်သည်။ နို့လေးတွေကို အားရအောင် စို့ပြီးတော့ ကျွန်တော် လွန်းကို မော့ကြည့်လိုက်သည်။ လွန်းက ကျွန်တော့် ပါးနှစ်ဖက်ကို လက်နဲ့ကိုင်ကာ .....။
" လွန်း .. ကို့ကို ဘယ်ချိန်မှာ စ ချစ် သွားလဲ သိလား "
" ဟင့်အင်း မသိဘူး "
" လွန်း နဲ့ ကို .. ပထမဆုံးတွေ့တုန်းက လွန်းကို ယွန်းထင်ပြီး နမ်းခဲ့တယ်လေ။ အဲ့တုန်းက လွန်း အရမ်းလန့်သွားတာ။ ရှက်လွန်းလို့ ငြိမ်နေမိတယ်။ နောက်တော့ ကိုက လွန်းကို ယွန်းအမှတ်နဲ့ စကားတွေပြောတယ်။ လွန်း ကို့ကို မြင်မြင်ချင်း သဘောကျမိခဲ့တယ်။ စိတ်ဆိုးလို့ ပြန်ပြောချင်ပေမယ့် ကို့ကို မြင်လိုက်တော့ လွန်း ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ ကိုသိလား .. အဲ့တုန်းက အနမ်းက လွန်းဘဝရဲ့ ပထမဆုံး အနမ်းပဲ။ ဘဝရဲ့ ပထမဆုံးအနမ်းကို ကို့ဆီကနေ ရလိမ့်မယ်လို့ လွန်း လုံး၀ မမျှော်လင့်ထားဘူး။ အဲ့ချိန်ကစပြီး လွန်း ကို့ကို ရင်ခုန်မိသွားတယ်။ သိပြီလား "
" အင်း .. ကိုသိပါပြီ လွန်း .. ကိုတို့ ရှေ့မဆက်သင့်ဘူးထင်တယ်။ ကိုလဲ မူးနေပြီ .. မဖြစ်သင့်တာတွေ မဖြစ်ခင် အချိန်မှီ ရပ်ရအောင်နော်။ လွန်းက လိမ္မာပါတယ် .. ပြန်တော့နော်။ ကို့ကို ချစ်ရင် ကို့စကားကို နားထောင်ပါကွာ "
ကျွန်တော် နောက်ဆုံးအကြိမ် မဖြစ်သင့်တာတွေ မဖြစ်အောင် တားဆီးခဲ့ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ လွန်းမှာ အရင်ကတည်းက ကျွန်တော်နဲ့ပက်သတ်ပြီး လိုအင်ဆန္ဒတွေ အများကြီး ရှိနေပုံရသည်။ အခုချိန်မှာ ကျွန်တော်နဲ့ နှစ်ယောက်တည်း ဟိုတယ်မှာ ရှိနေတာမို့ သူ့ဆန္ဒကို အတားဆီးမဲ့ လွတ်လပ်ခွင့် ပေးလိုက်ပုံရသည်။ ကျွန်တော် လွန်းရဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးချင်သလို ယွန်းကိုလဲ စိတ်ထဲကနေ အကြိမ်ကြိမ် တောင်းပန်နေမိသည်။
" မနှင်ပါနဲ့တော့ ကိုရယ်။ လွန်းတောင် မရှက်နိုင်ပဲ ဒီအခြေနေ ရောက်နေပြီပဲ။ လွန်းလေ ကိုနဲ့ ဒီလိုနေချင်ခဲ့တာကြာပြီ။ အိပ်မက်တွေလဲ ခဏ ခဏ မက်ခဲ့တယ်။ လွန်း မူးနေပေမယ့် အသိ ရှိပါသေးတယ်။ ခုချိန်မှတော့ လွန်းကို ယွန်းအဖြစ် သတ်မှတ်ပြီး ချစ်လိုက်တော့နော် .. လွန်း နားလည်ပေးပါမယ်။ ဘာလို့လဲဆိုတော့ ကို ချစ်တာ ယွန်းလေ .. လွန်းမှ မဟုတ်တာ .. ဟင့် ... အာ .. လွန်း .. ငိုချင်လာပြီ "
လွန်းက ပြောရင်း မျက်ရည်များကျလာသည်။ လွန်းဆီက ဒီစကားကြားတော့ ကျွန်တော် ဝမ်းနည်းသွားတယ်။ လွန်းကိုလဲ သနားမိပြန်သည်။ အမှန်တိုင်း ဝန်ခံရရင် လွန်းကို ကျွန်တော် ချစ်မိနေပါပြီ။ သူ့ရဲ့ ထူးခြားတဲ့ အပြုမှုတွေ .. ရစ်တာလေးတွေ .. ပြောပုံဆိုပုံလေးတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတာ ကြာခဲ့ပြီ။ ငါ့မှာ ယွန်းရှိနေတယ်ဆိုတဲ့ .အသိနဲ့ ကျွန်တော် လွန်းကို တတ်နိုင်သလောက် ကြိုးစားပြီး ရှောင်ခဲ့သည်။ ဒီအခြေနေရောက်မှတော့ ကျွန်တော် လွန်းကို ရှောင်လွဲလို့မရတော့။ လွန်းကို သနားချစ်နဲ့ ကျွန်တော် ချစ်မိသွားလေပြီ။ ချစ်သူနဲ့ ရုပ်တူနေလို့လဲဖြစ်နိုင်သလို .. လွန်းပုံစံကို သဘောကျလို့လဲ ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ချစ်မိလေပြီ။
" ခုချိန်မှာ လွန်းက ယွန်းမဟုတ်ပါဘူး .. လွန်းကိုပဲ ချစ်မိသွားတာပါ။ ကို့ကို ခွင့်လွှတ်ပါ။ ကိုက .. လွန်း ညီမလေးရဲ့ ချစ်သူဖြစ်နေတယ်။ မဖြစ်သင့်မှန်း သိပေမယ့် ကိုလဲ လွန်းကို စိတ်ဝင်စားမိတာ ကြာပါပြီ။ ဒါပေမယ့် .. ကို စည်းရှိရမယ်လေ။ အခုတော့ အဲ့ဒီစည်းကို မလွန်ဆန်နိုင်တော့ဘူး။ ကို .. လွန်းကို ချစ်တယ်။ ကို ဘယ်လိုလုပ်ရမလဲ လွန်းရယ်။ ကိုက ယွန်းနဲ့ မကြာခင် လက်ထပ်တော့မှာလေ "
" ကို .. စိတ်ညစ်သွားလား .. လွန်း တောင်းပန်ပါတယ်နော်။ ညီမလေးကိုလဲ လွန်း အားနာမိတယ်။ သူ့ချစ်သူကို လွန်း လုလိုက်မိပြီ။ စိတ်မညစ်ပါနဲ့ ကိုရယ်။ လွန်း ကို့အနားမှာ တိတ်တိတ်ပုန်း ချစ်သူလေးအဖြစ် အမြဲတမ်း နေပေးပါ့မယ်။ လွန်းကို ချစ်နေရင် ရပါပြီ။ ညီမလေးကိုလဲ ဒီထက်ပို ချစ်ပေးပါနော်။ လွန်းက ညီမလေးကို အရမ်းချစ်တာ။ သူ့ကိုချစ်သလို ကို့ကိုလဲ အရမ်းချစ်တယ်။ လွန်း ချစ်တဲ့သူနှစ်ယောက် ပျော်နေတာ မြင်ရရင် လွန်းလဲ ပျော်ပါတယ်။ ကို့စိတ်ထဲ ဘာမှမဖြစ်နဲ့တော့နော်။ လွန်း အားလုံးကို နားလည်ပါတယ်။ "
" လွန်းရယ်။ ကို .. လွန်းကို သနားလိုက်တာ "
ကျွန်တော် လွန်းရဲ့ မျက်ရည်များကို သုတ်ပေးပြီး နမ်းလိုက်သည်။ ဒီတစ်ခါတော့ ချစ်သူကို ကြင်နာယုယစွာ နမ်းလိုက်တဲ့ အနမ်းမျိုးပေါ့။ သူတို့ ညီအစ်မ နှစ်ယောက်စလုံးကို ကျွန်တော် ချစ်မိသွားပြီ။ လွန်းက နားလည်မှုအပြည့်နဲ့ ကျွန်တော့် အချစ်ကို တောင့်တနေသည်။ ကျွန်တော် ရှေ့ဆက် သူတို့ ညီအစ်မနှစ်ယောက်ကြား ဘယ်လို နေရမလဲ တွေးရင်း စိတ်လှုပ်ရှား ရင်ခုန်နေမိသည်။
" လွန်း .. ကို့ကို အဆုံးထိ ခွင့်ပြုမှာလား "
" အင်း .. ကို့ သဘောပါ။ လွန်းကို ကို ပိုင်သွားပါပြီ။ လွန်း ကြောက်တော့ကြောက်တယ်။ ဒါပေမယ့် ကို့ကို ချစ်တော့ ကိုနဲ့အတူ နေချင်မိတယ်။ လွန်းက အတွေ့ကြုံမရှိတော့ လွန်းကို ဖြေးဖြေးလေး ချစ်ပါနော်။ လွန်း ကြောက်တယ် "
အခုမှ ကြောက်နေလို့ မရတော့ဘူး လွန်းရယ်။ ကို .. အငြင်သာဆုံးနဲ့ အနုညံ့ဆုံး ချစ်ပေးပါမယ်။ ကျွန်တော် လုပ်နေကြ အမူကျင့်တွေ ခဏဖျောက်လိုက်ပြီး လွန်းကို သနားတာမို့ မြန်မြန်ပဲ ပြီးအောင် လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်သည်။ လွန်း လည်ပင်း .. နို့လေး နဲ့ ဗိုက်သားလေးတွေကို တစ်ခုချင်း ဖွဖွလေး နမ်းရင်း ညင်သာစွာ ချစ်လိုက်မိတော့သည်။ လွန်းက မျက်လုံးမှိတ်ထားပြီး နေရခက်နေသည်။
ပိပိလေးကို မြင်တော့ လွန်း နဲ့ ယွန်းရဲ့ ကွာခြားချက်လေးကို တွေ့လိုက်သည်။ လွန်းရဲ့ ပိပိလေးမှာ အမွှေးလုံး၀ မရှိပါ။ အကုန်ပြောင်နေအောင် ရိတ်ထားသည်။ ယွန်းကတော့ ကြိဂံပုံ မွှေးညှင်းလေးတွေ အမြဲထားလေ့ရှိသည်။ လွန်းကတော့ ပြောင်ရှင်းနေအောင် ရိတ်ထားလေသည်။ ကျွန်တော် လွန်းရဲ့ ပိပိလေးကို လက်ညိုးနဲ့ အသာလေး ပွတ်သပ်လိုက်သည်။ ပိပိလေးမှာ အရည်လေးတွေ ရွှဲလို့နေလေပြီ။
" ကို .. နေရခက်လိုက်တာ။ အဲ့လို မပွတ်နဲ့တော့ .. ထည့်ချင်ရင် ထည့်လိုက်တော့နော် "
လွန်းက Sex နဲ့ပက်သတ်ရင် အတွေ့ကြုံ မရှိသေးတာမို့ ကျွန်တော် အရမ်း ကလိ မနေတော့။ စိတ်တွေလဲ အတော် ထန်နေပြီ။ လိုရင်းကို အမြန်သွားပြီး အားလုံးကို အဆုံးသတ်လိုက်တာ ကောင်းမည်။ လွန်း ပေါင်လေးကို အသာလေး ကားလိုက်ပြီး ငပဲကို တေ့တာ ဖြေးဖြေးလေး ချော့သွင်းလိုက်တော့သည်။ ကျွန်တော် လွန်းအပေါ်ကို မှောက်လိုက်ပြီး သူ့နှုတ်ခမ်း နဲ့ လည်တိုင်လေးကို တစ်လှည့်စီနမ်းလိုက်သည်။
" အာ့ .. နာတယ် .. ဖြေးဖြေး .. နာတယ်တော့ .. "
လွန်း ပြောတာကြားတော့ ကျွန်တော် ပြုံးလိုက်မိသည်။ ပထမဆုံး အတွေ့ကြုံမို့ နာရှာမှာပေါ့။ ကျွန်တော် အကုန် မသွင်းပဲ ထိပ်လေးပဲ ဝင်အောင် စိမ်ထားရင်း လွန်း နှုတ်ခမ်းများကို နမ်းလိုက်သည်။ နမ်းနေရင်း တစ်ဝက်လောက် ဝင်တဲ့အထိ အသာလေး ချော့သွင်းလိုက်သည်။
" လွန်း .. နာသေးလား "
" အင်း .. နည်းနည်းအောင့်တယ်။ ရတယ် လွန်း ခံနိုင်ပါတယ် "
ကျွန်တော် အဆုံးထိ သွင်းကြည့်လိုက်သည်။ လွန်းက အံကြိတ်ထားပြီး ကျွန်တော့်ကို စိုက်ကြည့်နေသည်။
" အကုန် ဝင်သွားပြီလားဟင် "
" အင်း ဝင်သွားပြီ .. နာသေးလား "
" အစပိုင်းလောက် မနာတော့ဘူး။ ဘယ်လိုကြီး ခံစားနေရမှန်း မသိဘူး .. အဲ့လိုပဲ ဖြစ်တတ်လား ကို "
" အင်း .. ဖြစ်တတ်တယ်။ မကြောက်နဲ့နော် .. ကို ဖြေးဖြေးလေး လုပ်ပေးမယ် "
" ဟုတ် .. အာ့ .. ဟင့် .... "
ကျွန်တော် (၁၀)ခါလောက် ဖြေးဖြေးလေး အထုတ်အသွင်း လုပ်လိုက်သည်။ လွန်း ပိုပြီး နားလည်သွားပြီထင်တယ်။ အရင်ကလောက် နေရ မခက်တော့ဘူး။ မျက်လုံးလေး မှိတ်ပြီး ကျွန်တော့်လက်များကို ဆုပ်ကိုင်ထားသည်။ ချစ်သူအသစ်ကို လုပ်ရတာမို့ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားနေပြီး ခဏလေးနဲ့ ပြီးချင်လာသည်။ လွန်းကိုလဲ သနားတာမို့ ခဏပဲလုပ်ပြီး ပြီးလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်သည်။
လွန်းက ကျွန်တော့်ကိုကြည့်လိုက် မျက်လုံးလေး မှိတ်လိုက်နဲ့ပေါ့။
" လွန်း .. နာသေးလား "
" ဟင့်အင်း .. သိပ်မနာတော့ဘူး "
" ဒါဆို .. လွန်း ခံနိုင်ရင် နည်းနည်းမြန်လိုက်မယ်နော် "
" ဟုတ် .. ရတယ် .. "
ကျွန်တော် ခပ်မြန်မြန်လေး ဆောင့်လိုက်သည်။ အရင်ကထက် ပို အားထည့်လိုက်သည်။
လွန်းရဲ့ ပထမဆုံး အတွေ့ကြုံလေးကို အင်တာဗျူးချင်တာမို့ မေးလိုက်မိပြန်သည်။
" ဘယ်လိုနေလဲ လွန်း .. "
" နေလို့ကောင်းတယ်။ တစ်မျိုးလေးပဲ .. စကားတွေ မပြောချင်ဘူးကွာ။ လုပ်စရာ ရှိတာ လုပ်တော့ ..
လွန်း နေရခက်နေပြီ။ အာ့ .. ဖြေးဖြေး .. ဟင်း ... ဘယ်လိုလဲ မသိဘူး .. အောင့်လဲအောင့် .. နေလို့လဲကောင်းတယ်။ ဟင်း ... ဖြေးဖြေး ကို .. အောင့်တယ် .. အာ့ .. "
ကျွန်တော်လဲ ထိန်းထားတဲစိတ်တွေကို လွှတ်လိုက်ကာ လွန်းခြေသလုံးလေးတွေကို တစ်ဖက်စီ ကိုင်ရင်း လွန်းရဲ့ ပိပိလေးကို အရသာခံကာ တစ်ချက်ချင်း နာနာလေး ဆောင့်လိုက်သည်။ လွန်းက ရင်ဘတ်ပေါ် လက်သီးလေးဆုပ်ပြီး နေရခက်နေသည်။ လုပ်လိုက် နားလိုက်နဲ့ အချက်(၃၀)လောက် လုပ်ပြီးတော့ ကျွန်တော့်စိတ်တွေ ပြီးချင်လာတော့သည်။
" လွန်း .. ကို ပြီးချင်နေပြီ။ နည်းနည်း ဆောင့်မယ်နော် .. အပြီးထိ လုပ်လိုက်တော့မယ် "
" ဟုတ် .. လွန်းလဲ အရည်တွေ ထွက်ချင်နေပြီ။ မရတော့ဘူး .. အာ့ .. အပြီးထိ လုပ်လိုက်တော့ ..
အင်ဟင်း .. အာ ... ကို မရတော့ဘူး .. ထွက်ကုန်ပြီတော့.. အမယ်လေး .. ထွက်ကုန်ပြီ .. ဟင့်အင်း .. အာ့ ... "
" ဘာမှမဖြစ်ဘူး .. အားရအောင် ပန်းထုတ်လိုက်။ ခဏသည်းခံနော် .. ကိုလဲ ပြီးတော့မယ် ..
အာ့ .. ကောင်းလိုက်တာ လွန်းရယ် ... ဟူး .. အင့် .. အင့် .. "
ကျွန်တော် ခပ်သွက်သွက်နဲ့ ပြင်းပြင်းဆောင့်ပြီး စိတ်နှစ်ကာ ပြီးလိုက်တော့သည်။ ပြီးခါနီး ငပဲကို ဇတ်ကနဲ အပြင်ထုတ်ပြီး လွန်းရဲ့ အမွှေးလေး ပြောင်နေတဲ့ ဆီးခုံလေးပေါ် အားရပါးရ ပန်းထုတ်လိုက်လေသည်။ လွန်းက ကျွန်တော် ပြီးတာကို အထူးဆန်းအနေနဲ့ ကြည့်နေသည်။
" အရည်တွေ အများကြီး ထွက်လာတယ်နော် .. လွန်းက နည်းနည်းလေးပဲ ထွက်တယ်။
မတူဘူးနော်။ ကို .. လွန်း ဗိုက်မကြီးပါဘူးနော် "
" မကြီးပါဘူး လွန်းရဲ့ .. Safe ဖြစ်အောင်လို့ ကို့ သုတ်ရည်တွေ အပြင်မှာ ပန်းထုတ်လိုက်တာလေ။
အထဲမှာ မပြီးရင် ဘာမှမဖြစ်ဘူး။ ကိုက သုတ် အားသန်တယ်။ ထုတ်လိုက်ရင် အများကြီး ထွက်တယ် "
" တော်ပါသေးရဲ့ .. အဲ့ဒါတွေ လွန်း ကိုင်ကြည့်ချင်တယ် "
သုတ်ရည်များကို လွန်းက မရဲတရဲ ကိုင်ကြည့်သည်။ သူလုပ်နေပုံလေးက ချစ်စရာ အတော်ကောင်းသည်။
" လွန်း လိမ်းနေကြ Lotion တွေနဲ့ တူတယ် .. ဟိ .. ချွဲပျစ်ပျစ် လေးတွေတော့ .. "
" လွန်း မောသွားပြီလား "
" အရမ်း မမောပါဘူး။ နေရပဲ ခက်တာ။ ကိုက ဖြေးဖြေးလေး ချစ်ပေးတော့ သိပ်မခံရဘူး။
ယွန်းနဲ့လုပ်ရင်ရော အဲ့လိုပဲလားဟင် "
" အာ .. လွန်းကလဲ ဘာလို့ ယွန်းက ပါလာတာလဲ။ အဲ့လိုမေးတော့ ကို မျက်နှာပူတာပေါ့ "
" ပူပါနဲ့ .. သိချင်လို့ မေးတာပဲ။ ဖြေလေ ယွန်းကိုရော ဒီလိုပဲ ဖြေးဖြေးလေး လုပ်တာလား။ သူများ ညီမလေးကို အရမ်း အနိုင်ကျင့်နေပြီလား။ လူဆိုးကြီး .. နှစ်ယောက်စလုံး သူ့လက်ထဲ ရောက်နေပြီ .. ဟွန်း .. "
" အာ .. မပြောတတ်တော့ဘူး .. လွန်း စ လို့ ဖြစ်ကုန်တာလေ။ ကိုယ့်ဘာသာ နေတာ လွန်း ကြောင့် ဖြစ်ကုန်တာ "
" ဘာခုမှ လွန်းကြောင့်လဲ .. စောစောကတည်းက အခန်းထဲ ပြန်ပို့ရင် ရနေတာကိုး။
လူများကို အနိုင်ကျင့်တယ်။ စိတ်ပုတ်ကြီး .. အင့် .. အင့် .. မှတ်ပြီလား .. ခစ် .. ခစ် .. "
လွန်းက ကျွန်တော့် ရင်ဘတ်ကို ထုရင်း ပြောလေသည်။ တကယ် မလွယ်တဲ့ ကောင်မလေးပဲ။ ခုကျ တစ်မျိုး။
" ဟိ .. ကိုက အရမ်း စ လို့ကောင်းတာပဲ။ ချစ်လိုက်တာ .. "
လွန်းက ကျွန်တော့် နှုတ်ခမ်းကို ဖြတ်ကနဲ နမ်းလိုက်သည်။ နည်းမျိုးစုံနဲ့ ငါ့ကို ဒုက္ခပေးတတ်ပါလား လွန်းရယ်။
" ကို .. လွန်း မူးနေလို့ အိပ်ချင်နေပြီ။ လွန်းကို တစ်ညလုံး ဖက်ထားပေးနော် ..
အိပ်တော့မယ် .. ကို့ကို အရမ်းချစ်တယ်။ Good Night နော် "
လွန်းက စောင်ခြုံပြီး တစ်ဖက်လှည့်သွားသည်။ ကျွန်တော်လဲ စောင်အောက်ကို ဝင်ကာ လွန်းရဲ့ ကျောပြင်လေးကို ရင်နဲ့ကပ်ကာ လွန်းကိုယ်လုံးလေးကို ပွေ့ဖက်ထားလိုက်သည်။ လွန်းကတော့ မူးနေတဲ့ အရှိန်နဲ့မို့ ခဏလေးနဲ့ အိပ်ပျော်သွားလေသည်။
ကျွန်တော့်မှာတော့ တော်တော်နဲ့ အိပ်မရခဲ့။အတွေးပေါင်းများစွာနဲ့ ဘာတွေ ဆက်ဖြစ်မလဲ တွေးရင်း .................။
.......................။
ရစ်လုံးလေး***********
အလင်းသဲ့သဲ့ ငါ့ညဟာ ..
မင်းလက်ထဲက မီးတစ်စကြောင့်
ရင်ဘတ်တစ်ခုလုံး လင်းထိန်သွားတယ်။ငါသာ လေတံခွန် ဆိုရင်
မင်းက ငါ့ကို ထိန်းချုပ်ထားတဲ့
ရစ်လုံးလေးပေါ့။မင်း နာနာရစ်မှ
မင်းအနားကို ရောက်ခွင့်ရှိသူမို့ ..တောင်းဆိုပါရစေ။
မင်းနဲ့ချိတ်ဆက်ထားတဲ့
ငါ့ရင်ဘတ် မှန်စာကြိုးတွေ
ပြတ်တောက်မသွားဖို့ ..
ဂရုစိုက်တစိုက် ရစ်ပေးပါ။သံသရာလေထုထဲ
မင်းနဲ့ ဝေးရာသို့ ..
ငါ လွှင့်မျော မသွားပါရစေနဲ့။
( PSH ရဲ့ ရင်ဝှက် ကဗျာ မှတ်တမ်းမှ ... )
..............................။
BẠN ĐANG ĐỌC
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Lãng mạnရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...