ညငှက်လေးတို့ ပျံသန်းရာ ...
@@@@@@@@@@@@@
" ရော့ .. မင်းဝေစု .. ဒီတစ်ခေါက် မဆိုးဘူးကွ။ ဆိုတော့ .. ငါတို့ ဒီည ကဲ ရအောင်ကွာ။ မကဲဖြစ်တာ ကြာပြီ "
" မင်းကတော့ လုပ်ပြီ။ အမြတ်လေး နည်းနည်းပိုထွက်လာတာနဲ့ ဇာတ်လမ်းက စပြီ။ ငါ မိန်းမယူဖို့ ပိုက်ဆံ စုရမယ်။ မင်းလို တစ်သက်လုံး FA လုပ်မယ့်ကောင် မဟုတ်ဘူး။ ယွန်းလေး နဲ့ အိမ်ထောင်ပြုဖို့ ငါ ကြိုးစားရဦးမယ် "
" မင်းကလဲကွာ .. လာစမ်းပါ။ ဒီည အေးဆေးသောက်ပြီး Club ဒိုးရအောင်။ Club မရောက်တာလဲ ကြာပြီ။
စံစံ နဲ့ ယံယံ ကိုလဲ လွမ်းနေပြီ။ သူတို့လေးတွေလဲ ငါတို့ကို သတိရနေရောပေါ့ .. အဟက် .. ပြောရင်းနဲ့
စိတ်တွေ ထ လာပြီ .. ဟီး "" မင်းလဲ ဒါနဲ့သေမှာပဲ။ အိမ်ထောင်လေး ဘာလေး ပြုဖို့ စိတ်မကူးတော့ဘူးလား .. "
" အေးဆေးပေါ့ကွာ .. အသက် (၃၀) မကျော်သေးပါဘူး။ ငါက (၃၀)ကျော်မှ အိမ်ထောင်ရေး စဉ်းစားမယ်။
အခုတော့ ပျော်နိုင်သလောက် ပျော်ဦးမယ်။ လိုက်ခဲ့ပါကွာ .. မင်းကလဲ အရင်လို တစ်ရက်လောက် ကဲ ရအောင် "(၃)လတစ်ခါ ကျွန်တော် နဲ့ ဝင်းအောင်က ဆိုင်ရဲ့ အမြတ်များကို ခွဲဝေကာ လစာ ကိုယ်စီ ယူကြသည်။ ဒီတစ်ခါတော့ ရောင်းကြေးလေး အမြတ်ပိုထွက်လာလို့ လက်ထဲ ငွေရွှင်နေလေသည်။ ထုံးစံအတိုင်း ငွေရွှင်တာနဲ့ ဝင်းအောင်က Club ဒိုးဖို့ ဟန်ပြင်နေပြီ။ ဝင်းအောင်က ပျော်ပျော်နေတတ်ပြီး ညငှက်လေးတွေနဲ့ပဲ ဇာတ်လမ်းရှုပ်သည်။ အတည်ပေါက် လုံး၀ မထား။ ညငှက်လေးတွေ တစ်ယောက်ပြီး တစ်ယောက် ရေလောင်းပေါင်းသင်ရင်း သူ့ရဲ့ လူပျိုဘဝကို ဖြတ်သန်းသည်။ ဘယ်နေ့ ဒုက္ခ ရောက်မလဲ မသိ။ ကျွန်တော် သတိပေးလဲ မရ။ Sugar Daddy လုပ်ပြီး ရှာသမျှလဲ အဲ့ဒါနဲ့ ကုန်နေသည်။
ဝင်းအောင်က တက်ကြွတဲ့ ကြက်ဖ ဖြစ်နေသည်။ ကျွန်တော်လဲ ဒီရက်ပိုင်း အလုပ်များပြီး ပင်ပန်းနေတာမို့ စိတ်ပျေလက်ပျောက် သွားချင်နေမိသည်။ ယွန်းကိုတော့ ဒီနေ့ည ဘော်ဒါတွေ ဆုံမှာမို့ ညကျ ဖုန်းမဆက်နဲ့တော့လို့ ကြိုပိတ်ထားမှ ဖြစ်မည်။ မဟုတ်ရင် ညတိုင်း ကျွန်တော့်ဆီ Check in ဝင်နေကြမို့ သတိထားရသေးသည်။
YOU ARE READING
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Romanceရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...