Chapter (29) ရင်ဝှက် ကဗျာ ...

6.5K 31 5
                                    


ရင်ဝှက် ကဗျာ ...

@@@@@@@@

Ultrasound ရိုက်နေရင်း ကြားလိုက်ရတဲ့ နှလုံးခုန်သံလေးက ချစ်စရာကောင်းလွန်းသည်။
ကျွန်တော် စိတ်တွေ အရမ်းလှုပ်ရှားနေပြီး OG ဆရာဝန်အစ်မကို မေးလိုက်သည်။

" အစ်မ .. ဘာလေးလဲဟင် "

" အမြွှာလေး .. ကိုပြည့် .. အမြွှာလေးတော့။ ဒီမှာကြည့် တွေ့လား .. နှစ်ယောက် .. "

" ဟာ .. အမြွှာ .. ဟုတ် .. ဟုတ်လား .. "

ငါတော့ ဝဋ်လည်ပြီထင်တယ်။ အမြွှာလေးတဲ့ .. လုံး၀ ထင်မထားခဲ့ဘူး။ ဘေးမှာ ရပ်နေတဲ့ လွန်းက ပါးစပ်ကို လက်နဲ့အုပ်ပြီး အံ့သြနေလေသည်။ ယွန်းကတော့ ဆေးရုံကုတင်ပေါ် ပက်လက်လေးလှန်နေပြီး သူလဲ အံ့သြနေလေသည်။

" အစ်မ .. မိန်းကလေး အမြွှာလား .. "

" ယောက်ျားလေး အမြွှာ .. နှစ်ယောက်စလုံး Male ပဲ။ ကျန်းမာတယ်။ ထွားလဲ ထွားတယ်။
အားလုံး အိုကေ။ အမြွှာမျိုးရိုးရှိရင် အမြွှာလေး ရတတ်တယ်လေ။ ကဲ .. တစ်ခါတည်း နှစ်မင်္ဂလာပေါ့ .."

အောင်မလေး တော်ပါသေးရဲ့ .. ယောက်ျားလေးတွေတဲ့။ ပြည့်စိုးဟိန်း မင်းက ဒီလိုကျ ကြောက်တတ်သား။ တော်ပါသေးရဲ့ .. ဟား .. လာထား .. မင်းတို့နှစ်ကောင်ကို ငါ့ပညာတွေ သေချာသင်ပေးရမယ် .. ဟီး .. ဟီး .. ။ သားနှစ်ယောက်အဖေ ဖြစ်ပြီကွ။ ငါကွ .. ။

" အမယ်လေး ပျော်လိုက်တာ ယွန်းရယ် .. ယောက်ျားလေး အမြွှာတဲ့ .. ငါ ပျော်လိုက်တာဟာ ..
တူလေး နှစ်ယောက် တစ်ပြိုင်တည်း ရပြီ။ အမယ်လေး အိမ်ကလူတွေသိရင် ဘယ်လောက် ပျော်လိုက်မလဲ "

" ဟုတ်ပ လွန်းရယ် .. ငါ ယုံတောင် မယုံနိုင်ဘူး။ ဒါကြောင့် ငါ့ဗိုက်က (၄)လနဲ့ တော်တော် ပူနေတယ် မှတ်တာ။ အစ်မ .. ကလေးတွေ အကုန် အဆင်ပြေပါတယ်နော်။ အမြွှာဆိုတော့ သမီးလဲ စိုးရိမ်သွားတယ်။ ပျော်လဲ ပျော်တယ် "

" မစိုးရိမ်ပါနဲ့ သမီးရယ် .. အကုန် အဆင်ပြေတယ်။ နှလုံးခုန်နှုန်းလဲ ကောင်းတယ်။ အနေထားလဲ မှန်တယ်။
အားဆေး ပုံမှန်သောက်၊ အလေးပင် လုံး၀ မ မနဲ့။ အမြွှာဆိုတော့ လိုအပ်တဲ့ အဟာရ ပိုစားပေးရမယ်။
Due Date မရောက်မချင်း နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပေး။ အမြွှာလေးဆိုတော့ နည်းနည်းတော့ ပင်ပန်းမယ်နော် "

" ဟုတ်ကဲ့ အစ်မ .. သမီး သေချာ ဂရုစိုက်ပါ့မယ်။ ပျော်လိုက်တာ .. ကို .. အရမ်းပျော်နေလား "

" ပျော်တာပေါ့ကွာ။ ခုချိန်မှာ ကို့လောက် ပျော်တဲ့သူ ဒီကမ္ဘာမှာ ရှိမှာ မဟုတ်ဘူး .. ပျော်လိုက်တာ ယွန်းရယ် "

" ကဲ ပျော်ရင်လဲ အိမ်ရောက်မှ အားရအောင် ပျော်တော့။ အခုတော့ လိုတာလေးတွေ စစ်သွားဦး ..
ဒီလိုပဲ အစ်မ သားဦးလေးတုန်းကလဲ မင်းတို့လို အရမ်းပျော်ခဲ့တာ။ နောက် သုံးယောက်မြောက်လဲမွေးရော ..
မေးပြန်ပြီဟဲ့ဆိုပြီး ဖြစ်တော့တာပဲ .. ဟား .. "

OG ဆရာဝန် အစ်မကြီး စကားကြောင့် ကျွန်တော်တို့ ပြိုင်တူရယ်လိုက်ကြသည်။ ပြည့်စိုးဟိန်း မင်း လူဖြစ်သွားပြီ။

သမိုင်းပေးတာဝန် ကျေသွားပြီ။

...................။

(၅)နှစ်ခန့်ကြာသော် ...


" ဟဲ့ .. ဟိန်းပြည့်နိုင် နဲ့ ဟိန်းပြည့်ပိုင် ... အမယ်လေး ခေါ်လိုက်ရတာ။ ခုချက်ချင်း ဒီကို လာခဲ့စမ်း "

တုတ်တစ်ချောင်းကိုင်ကာ ယွန်းတစ်ယောက် သူ့သားနှစ်ယောက်ကို ခြံထဲကနေ အိမ်ထဲသို့ လာရန် အော်ခေါ်နေသည်။

အမြွှာနှစ်ကောင် တစ်ကိုယ်လုံး ပေတူးနေပြီး သူတို့အမေရှေ့ ရောက်လာသည်။ တုတ်ကိုမြင်တာနဲ့ ချက်ချင်း လက်ပိုက်သွားသည်။

" အခုလေးတင် နင်တို့ကို ရေချိုးပေးထားတယ်။ ကြည့်စမ်း ခြံထဲက ဗွက်အိုင်မှာ အားရအောင် ဆော့နေတယ်ပေါ့ .. လာခဲ့စမ်း "

" ယွန်းကလဲကွာ .. ကလေးတွေကို မရိုက်ပါနဲ့။ နားလည်အောင် ပြောပါကွာ ရပါတယ် "

" မရဘူး ကိုရေ .. ရှင့်သားတွေက တုတ်ပြမှ ကြောက်တာ။ ဖအေတူတွေ .. ပြန်မပြော နားမထောင်လေးတွေ .. ဟွန့် .. တွေ့မယ် နင်တို့အဖေ ရှိနေလို့ သက်သာသွားတယ်မှတ်။ တကတည်း တစ်နေကုန် နင်တို့ ကြည့်နေရတာနဲ့ မပြီးတော့ဘူး။ အလုပ်ကို လုပ်ရတယ် မရှိဘူး။ ကို .. အိမ်မှာ သူတို့ကို ခဏထိန်းပေးထားဦး။ ယွန်း ဆိုင် ခဏသွားလိုက်ဦးမယ်။ ဒီနေ့ ပစ္စည်းအသစ်တွေ ရောက်မှာမို့ လိုတာတွေ တစ်ခါတည်း ကြည့်ပြီး မှာခဲ့ချင်လို့။ နောက် ၃ နာရီလောက်မှ ပြန်ရောက်မယ် "

" အေး .. သွားပါ .. ကို ဒီနေ့အားတယ်။ ငါ့သား နှစ်ယောက် လာစမ်း ..
ဒီမှာ ဖေဖေ ရေခဲမုန့် ဝယ်လာတယ်။ စတော်ဘယ်ရီနဲ့ ချောကလက် .. ဘယ်သူ ဘာစားမလဲ "

" သားက စတော်ဘယ်ရီစားမယ် "

" သားက ချောကလက်စားမယ် "

" အေး .. မင်းတို့နှစ်ယောက်ကတော့ အကြိုက်မတူဘူးပဲ။ တော်သေး .. ဟား "

" ကို .. ရှင်နော် .. ဘာပြောချင်လဲ ယွန်း သိတယ်နော်။ ဟင်း .. ဟင်း .. "

" ဟား .. ဘာပြောလို့လဲ .. ဒါနဲ့ လွန်း ကို မတွေ့ပါလား။ မင်းတို့ တီတီလွန်း ဘယ်သွားလဲ သိလား "

" သိတယ် .. ခုနက သားတို့ကို ရေချိုးပေးပြီး သူ့အခန်းထဲ ဝင်သွားတယ် "

ကျွန်တော် လက်ထဲမှာ အိမ်ကလူတွေအတွက် ဖျော်ရည်နဲ့ မုန့်တွေ ဝယ်လာတာမို့ အားလုံးကိုပေးရန် လိုက်ရှာလိုက်သည်။ ယွန်းက အမြွှာနှစ်ကောင်ကို အင်္ကျီလဲပေးပြီး အပြင်သွားရန် အလှပြင်ဖို့ အခန်းထဲ ဝင်သွားလေသည်။ အမြွှာနှစ်ကောင်က ဧည့်ခန်းထဲမှာ ကာတွန်းကားကြည့်ရင်း ရေခဲမုန့်စားနေကြသည်။ မဇင်ကိုတော့ မီးဖိုချောင်းထဲမှာ တွေ့လိုက်သည်။

" မမ .. အဲ .. မဇင် .. ဖာလူဒါ ပါတယ် ရော့ .. "

" ကိုပြည့် .. သတိထားကွာ .. မင်း ခုနောက်ပိုင်း ခဏခဏ မှားခေါ်နေတယ်။ ယွန်းနဲ့လွန်းက အရမ်းလည်တာနော် .. သိသွားရင် ငါ အိမ်ပေါ်ကနေ ဆင်းနေရမယ်။ တစ်ခါတစ်လေ မင်းက သိပ် အတင့်ရဲတာပဲ။ မမ .. အာ ငါလဲ မှားပြန်ပြီ .. ငါ့ကို လစ်ရင် လစ်သလို လာပြီး ကလိနေတယ်။ အခြေနေလေး ကြည့်ပြီးမှ လုပ် .. ဟွင်း .. "

" ကဲပါဗျာ ဘယ်သူမှ မကြားပါဘူး။ ဒီလိုပဲ နေလာတာ နှစ်ပေါက်နေပြီ။ ရော့ မမ အကြိုက်တဲ့
ဖာလူဒါလေး သောက်လိုက်ဦး။ နောက်ပြီး မမကို ပြောစရာရှိတယ်။ ထုံးစံအတိုင်း ရင်ဖွင့်စရာလေး ရှိလို့ .. "

" အင်း .. ဒါဆို ခဏနေ ယွန်း အပြင်သွားမှ ပြောတော့။
လွန်းကတော့ သူ့အခန်းထဲမှာ စာသင်နေပြီထင်တယ် "

" ပြီးရော .. မမဖြူကို ဒူးမလိုင် သွားပို့လိုက်ဦးမယ် "

" အင်း .. နေဦး .. "

" ဘာလဲဟင် "

" မောင် .. ချစ်တယ်ကွာ .. "

" ဟာ .. မမ .. သတိထားဦး .. "

" ဟိ .. အေးပါ .. သွားတော့ .. "

ကျွန်တော်လဲ မဇင်ကို မျက်စောင်းထိုးကာ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ အပျိုကြီး မဇင်မှာ ကျွန်တော်နဲ့အတူ တိတ်တခိုးလေး တိုင်ပင်ဖော် တိုင်ပင်ဖက် ရင်ဖွင့်ဘက်ကြီးအဖြစ် နေလာခဲ့တာ (၈)နှစ်တောင် ကြာခဲ့ပြီ။ ကျွန်တော်လဲ သံယောဇဉ်ဆိုသည့် ကြိုးကို မဖြတ်နိုင်တဲ့အဆုံး အားလုံးနဲ့
အဆင်ပြေအောင် လိုက်လျောညီထွေ နေလာခဲ့တော့သည်။ လွန်း နဲ့ ယွန်းက ကျွန်တော့် ဇနီးမယားလေး နှစ်ယောက်ဖြစ်သလို မဇင်ကတော့ ကျွန်တော့်ရဲ့ တိတ်တိတ်ပုန်း ချစ်သူလေးပေါ့။ မဇင် နဲ့ ကျွန်တော် ချိန်းတွေ့ပြီဆို ဘယ်နေရာဖြစ်မလဲ သိကြလား။ ဟုတ်ပ .. Dream KTV ပဲပေါ့။ KTV ရောက်ရင် သီချင်းတော့ မဆိုကြဘူး .. အင်း သီချင်းသွားဆိုတယ်ပဲ မှတ်လိုက်ပါတော့ဗျာ။ ဟဲ .. ဟဲ ... ။

" မမဖြူ .. ကျွန်တော်ပါ .. ဝင်ခဲ့မယ်နော် .. "

" အေး ဝင်ခဲ့ .. "

" မမဖြူ ကြိုက်တဲ့ ဒူးမလိုင်လေး ဝယ်လာလို့ .. အေးတုန်းလေး သောက်လိုက်ဦး "

" ကြိုက်လို့သာ သောက်ရမှာ .. ဒူးရင်းသီးနဲ့ မမဖြူက သိပ်တည့်ချင်တာ မဟုတ်ဘူး။
ဒူးရင်းသီးက အကြောတက်တယ်။ မင်း ဝယ်လာတယ်ဆိုတော့လဲ သောက်ချင်သား .. "

" သောက်မှာသာ သောက် .. ရောဂါထလာရင် တစ်ကိုယ်လုံး ဆေးလူးပေးမယ် ဟုတ်ပလား .. "

" ဟေ့ .. တိုးတိုးပြောပါကွယ်။ တစ်ခြားသူတွေ ကြားသွားဦးမယ်။ မင်းနော် .. ငါ့သမီးတွေ သိလို့မဖြစ်ဘူးနော်။ မင်းကို အရမ်းခင်မိလို့ အကုန် လုပ်ခိုင်းနေတာ .. သိရဲ့လား .. ငါ့ကို ရှက်အောင် မလုပ်နဲ့ .. "

" ကိုယ့်ယောက်ျားလို ခင်တာလား မမဖြူ။ ငါ့ယောက္ခမလေးက ရှက်နေပြန်ပြီ။ မမဖြူ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျခဲ့ပြီး ယောက်ျားတစ်ယောက်ရဲ့ ပြုစုယုယမှုကို မရခဲ့တာ ကြာခဲ့ပြီ။ သွေးသားနဲ့ တည်ဆောက်ထားတဲ့ ခန္တာကိုယ်ပဲဗျာ။ ကျွန်တော် နားလည်ပါတယ်လို့ ဘယ်နှစ်ခါ ပြောရမှာလဲ။ ကျွန်တော်လဲ မမဖြူရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ရုံပါ။ ဒီထက်ပိုပြီး ဘာမှ မမျှော်လင့်ပါဘူးဗျ "

" မမျှော်လင့်လို့သာပဲ။ ဒီက ရှိသမျှ သူ အကုန်မြင်ပြီးပြီ။ ကဲ .. သွားတော့။
မနက်ဖြန် ဥပုသ်နေ့ အဲ့ကျမှ အရင်ချိန်အတိုင်း ဒီကို လာခဲ့။ လူရှင်းမှ လာနော် "

" ဟာ .. နှင်တယ်ပေါ့။ ကြည့်စမ်း .. ကျွန်တော်က မနက်ဖြန် ဆေးလူးပေးရင် တင်ဆုံကြီးကို
အရင်လူးရင်ကောင်းမလား .. ကျောပြင်တစ်ခုလုံးကို အရင်လူးပေးရမလား .. "

" ဟယ် .. ပြောလေ ဆိုးလေတော့။ သွားပါတော့။ ကြာနေရင် လွန်းနဲ့ တိုးနေဦးမယ်။ လွန်း ခုနက အပေါ်တက်လာတာ တွေ့လိုက်တယ်။ သွားတော့နော် .. မနက်ဖြန်ကျမှ မင်း လူးချင်သလို လူး .. လုပ်ချင်သလိုသာ လုပ်တော့။ ကဲ တောင်းပန်ပါတယ် သွားပါတော့ "

ကျွန်တော်လဲ မမဖြူကို မျက်စောင်း တစ်ချက် ထိုးလိုက်ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။ မမဖြူက ၄၀ ကျော် အလှ မဟုတ်တော့ပဲ  ၅၀ ကျော် အလှပိုင်ရှင်ကြီး ဖြစ်နေပြီ။ ၅၀ ကျော်သွားလဲ တင်ဆုံကြီးက တင်းကားနေတုန်း။ ကျွန်တော့်ကို ခုချိန်ထိ ဆွဲဆောင်နေတုန်းပါပဲ။

ကျွန်တော် လွန်း အခန်းကို တံခါး ခေါက်လိုက်သည်။

" လွန်းရေ .. "

လွန်းက တံခါးဖွင့်လိုက်ပြီး အပြင်ကို တစ်ချက် ဝှေ့ကြည့်လိုက်သည်။ ဘယ်သူမှ မရှိဘူးဆိုတော့မှ ...။

" ကို .. ပြော .. "

" ရော့ .. လွန်းကြိုက်တဲ့ Bubble Tea လေး ဝယ်လာတယ် "

" ကျေးကျေး .. စာသင်ရတာ အာခြောက်နေတာနဲ့ အတော်ပဲ။ ဒါကြောင့် ချစ်နေရတာ .. "

လွန်းက ကျွန်တော့်ပါးကို ဖက်ကနဲ နမ်းလိုက်သည်။

" လွန်း .. Online Class သင်နေတာလား။ ဘယ်တော့ပြီးမှာလဲ .. "

" အင်း သင်နေတုန်း .. နောက် နာရီဝက်လောက်နေရင် ပြီးပြီ။ ကို ဘာခိုင်းချင်လို့လဲ .. "

" ပြီးရင် ကို့အခန်းထဲ ခဏလာခဲ့ပါလား။ လွန်းကို ပြချင်တာလေး တစ်ခုရှိလို့ "

" ဘာများလဲ ကို ရဲ့ .. "

" အာ .. အခန်းထဲ ရောက်ရင် သိလိမ့်မယ် "

" ဟွန်း .. လူကို ညာမခေါ်နဲ့နော် .. မသိရင်ခက်မယ်။ ယွန်း မရှိဘူးမလား။ ယွန်း မရှိရင် ဟောဒီက လွန်းကို သိပ်ကပ်တာပဲ။ ယွန်း ရှိနေရင် ကျွန်မကို သတိတောင် မရဘူးမလား။ သူ့မိသားစုနဲ့ပဲ ပျော်နေတယ်။ ဒါနဲ့ မျောက်လောင်းလေးတွေရော အောက်မှာ ငြိမ်ရဲ့လား။ ခုနကပဲ သူတို့ကို ရေချိုးပေးလိုက်တယ်။ ဆော့လိုက်တာမှ အားကြီးပဲ .. "

ဟုတ်ပါတယ်။ ကျွန်တော် ညာနေတာပါ။ လွန်းကို အခန်းထဲ ညာခေါ်နေတာပါ။ အာဘွား မပေးရတာကြာလို့ အာဘွားပေးချင်လို့ပါ။ လွန်းက အရင်လို ခဏခဏ လာမအိပ်တော့ဘူးဗျ။ အရွယ်တွေလဲ ရလာတော့ Sex ကိစ္စကို အရင်ကလောက် စိတ်မသွင်းတော့ဘူး ဖြစ်မယ်။ ယွန်းလဲ အတူတူပဲ။ အခု ကျွန်တော့်မှာ သူတို့နဲ့ တစ်လမှာ တစ်ခါ (သို့) နှစ်ခါလောက်သာ ချစ်တင်းနှောနေရပါတော့တယ်။

" မဟုတ်ပါဘူး လွန်းလေးရယ် .. တကယ် ပြစရာလေး ရှိလို့ပါ။
လာခဲ့နော် ... မျောက်လောင်းတွေက အောက်ထပ်မှာ ရေခဲမုန့်စားနေတယ် "

" အင်း သူတို့ကို ပြောလိုက်ဦး။ တီတီလွန်းက ညကျရင် စာမေးမှာလို့။ သင်ထားတာတွေ ပြန်ကျက်ထားလို့ .. "

" ဟုတ်ကဲ့ပါ ဆရာမ .. "

" ဟိ .. ချစ်တယ်။ စာသင်ပြီးတာနဲ့လာခဲ့မယ် "

ကျွန်တော် နောက်ဆုံး ကျန်နေတဲ့ ဖျော်ရည်ကို ကိုင်ထားရင်း အောက်သို့ ဆင်းလာခဲ့သည်။ ဒီဖျော်ရည်ကတော့ ကျွန်တော့်ရဲ့ တရားဝင် ချစ်ဇနီးလေး ယွန်းအတွက်ပေါ့။ ယွန်းက Green Tea လေး ကြိုက်တာမို့ သူ့အတွက်က Green Tea စပယ်ရှယ်လေးပေါ့။ ကျွန်တော့်မှာ အားလုံးရဲ့ အကြိုက်တစ်မျိုးစီကို ဒီလိုပဲ ဖြည့်ဆည်းပေးနေရတယ်။ ပင်ပန်းပေမယ့် ကျွန်တော် ပျော်ပါတယ်ဗျာ။

သြော် ပြောဖို့မေ့နေတယ်။ စိတ်မကောင်းစရာပါပဲ။ ကျွန်တော့် ယောက္ခမကြီးတော့ (၉၆)ပါး ရောဂါနဲ့ လွန်ခဲ့သော (၂)နှစ်ကပဲ ဆုံးသွားရှာတယ်။ ဒါကြောင့် ကျွန်တော်က ဒီအိမ်မှာ အိမ်ဦးနတ်ဖြစ်သွားပြီး ဒီမိသားစုအပေါ် တာဝန်အမျိုးမျိုး ယူနေရင်း တစ်ယောက်တစ်မျိုးစီ ချစ်နေရပါတော့သည်။

ယွန်း နဲ့ လွန်းကို လင်မယားတွေလို ပွင့်လင်းစွာ ချစ်ခွင့်ရပြီး မဇင်နဲ့တော့ အပြင်မှာ ချိန်းတွေ့ကာ ချစ်ရသည်။ မမဖြူ နဲ့တော့ ဥပုသ်နေ့တိုင်း VIP အနှိပ်သည် လုပ်ရင်း သံယောဇဉ်တိုးကာ အခြေနေကတော့ လူပျိုတုန်းက ဝင်းအောင်နဲ့ သွားနေကြ Oli Massage လို တစ်ကိုယ်လုံး စိတ်တိုင်းကျ ဆီလူးပေးရတဲ့ အဆင့်သို့ ရောက်ရှိနေပါပြီ။ Massage မှာ ဆီလူးပြီးလို့ အကြောလျော့ခိုင်းရင် ပိုက်ဆံပေးရတယ်။ ဒီမှာတော့ အလကားဗျ .. အလကား။ မမဖြူက ကျွန်တော့်ကို ပြန်ပြီး အကြောလျော့ပေးတတ်နေပြီ။ ဒီလောက်ဆို ဘယ်အခြေနေရောက်ပြီလဲ ခန့်မှန်းမိမှာပါနော့။

ဒီအိမ်လေးမှာ သူတို့အားလုံးက လျှို့ဝှက်ချက်ကိုယ်စီ နဲ့ပေါ့။ ဒါပေမယ့် အဲ့ဒီ လျှို့ဝှက်ချက် အားလုံးကို သိနေသူက ဒီအိမ်မှာ တစ်ယောက်တည်းပဲ ရှိတယ်။ အဲ့ဒါက အိမ်ဦးနတ်ကြီး အဖြစ် မကြာခင်ကမှ ဘွဲ့ခံယူထားသော ကျွန်တော် မောင်ပြည့်စိုးဟိန်း ပေါ့ဗျာ။ ကျွန်တော်လဲ အချစ်နဲ့ ပက်သက်ရင် ထူးခြားတဲ့ ကိုယ့် ကံကြမ္မာကို မအံ့သြနိုင်တော့ပဲ အားလုံးကို အရှိအတိုင်း လက်ခံလိုက်ပါတော့တယ်။ အားလုံးကို ချစ်ပေးတယ်။ အားလုံးကလဲ ကျွန်တော့်ကို ချစ်ကြတယ်။

နောက်ဆုံး ပြောချင်တာက ..

သူတို့ အားလုံးရဲ့ လျှို့ဝှက်ချက်တွေက ကျွန်တော့်ဆီမှာ လုံခြုံပါတယ်ဗျာ။

အားလုံးက ကျွန်တော့်ရင်ဘတ်ထဲမှာ ချစ်လွန်းလို့ ဝှက်ထားရတဲ့ ရင်ဝှက် ကဗျာလေးတွေပါ။

ကျွန်တော် သတိရတိုင်း ခဏခဏ ထုတ်ဖတ်လေ့ရှိတဲ့ ရင်ဝှက် ကဗျာလေးတွေပေါ့။


..........................................။

                                                    နိဂုံး

ကဲ .. ဘယ်လိုလဲ မိတ်ဆွေတို့။ ဘဝအမောတွေ ပြေကြရဲ့လား။ အားလုံး ဖတ်ပြီးသွားပြီဆိုရင်တော့ ပြည့်စိုးဟိန်းရဲ့ Finger Print ကို ကျွန်တော် ပြန်ပြီး Lock ချ ပါရစေနော်။ ရင်ဝှက် ကဗျာ လေးတွေတော့ ခင်ဗျားတို့ သဘောကျရင် သိမ်းထားလို့ရပါတယ်။ ကျန်တာကိုတော့ ဘယ်သူ့ကိုမှ မပြောပါနဲ့ဗျာ။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Hikayelerin yaşadığı yer. Şimdi keşfedin